ကချင်ပြည်နယ်ဝန်ကြီးချုပ် မိုးကောင်းမြို့နယ်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး၊ နမ္မတီးဒေသအတွင်းရှိ ယာယီတိမ်းရှောင်စခန်းများနေ ပြည်သူများနေထိုင်စားသောက်မှုအဆင်ပြေစေရေး တွေ့ဆုံအားပေးထောက်ပံ့၊ ၂၀၂၅ ခုနှစ်၊ ကချင်ပြည်နယ်တက္ကသိုလ်ဝင်တန်းစာမေးပွဲအဖြေလွှာစစ်ဆေးပေးခြင်းလုပ်ငန်းတွင် ပါဝင်ဆောင်ရွက်ပေးကြသူများအား ဂုဏ်ပြုချီးမြှင့်
မြစ်ကြီးနား ဇွန် ၃၀ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးနှင့် အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် နေရပ်ကျေးရွာများကို စွန့်ခွာတိမ်းရှောင်လာခဲ့ကြသော အိမ်ထောင်စုများ နေထိုင်စားသောက်မှုအဆင်ပြေစေရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဇွန် ၃၀ ရက် နံနက် ၈ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။ ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မိုးကောင်းမြို့ ကျွန်းတောရပ်ကွက်အတွင်းရှိ ကွင်းအမှတ် (၈၅)၊ တောင်သူ ဦးကြည်ဆွေ၏ လယ် ၁၀ ဧကအတွင်း စိုက်ပျိုးထားသည့် ငွေတိုးစပါစိုက်ခင်း၌ စပါးအထွက်နှုန်းတိုးပွားရေးနှင့် ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက် စိုက်ပျိုးရေးဦးစီးဌာန၏ ဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာ အချိုးကျရောစပ်ကြဲပက်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ကွင်းအတွင်းသရုပ်ပြကြဲပက်မှုကို ဒေသခံတောင်သူများနှင့်အတူ ကြည့်ရှုအားပေးခဲ့ကြသည်။ ယင်းနောက် တောင်သူများနှင့် တွေ့ဆုံပြီး…