ကချင်ပြည်နယ်ဝန်ကြီးချုပ် ရာပြည့်ကိုယ်ပိုင်အထက်တန်းကျောင်း ကျောင်းဆောင်သစ်ဖွင့်ပွဲသို့ တက်ရောက်၊ (၇၇)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် နှစ်ပတ်လည်မဂ္ဂဇင်းဖြစ်မြောက်ရေးအတွက် ပါဝင်ဆောင်ရွက်သူများအား ဂုဏ်ပြုချီးမြှင့်ခြင်းနှင့် အားကစားပြိုင်ပွဲများတွင် အောင်မြင်မှုရရှိစေရေး ဆပ်ကော်မတီများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
မြစ်ကြီးနား ဖေဖော်ဝါရီ ၂၅ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့၊ ရမ်ပူရပ်ကွက်အတွင်းရှိ ရာပြည့်ကိုယ်ပိုင်အထက်တန်းကျောင်း၌ ယနေ့ နံနက်(၉)နာရီတွင် ကျင်းပပြုလုပ်သည့် ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို တက်ရောက်ဖွင့်လှစ်ပေးခဲ့ကြသည်။ရှေးဦးစွာ အဆိုပါ RCC (၆)ထပ် ကျောင်းဆောင်သစ်ကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်း၊ ပြည်နယ်ပညာရေးမှူး ဦးစိုးသိုက်နှင့် ရာပြည့်ကိုယ်ပိုင်အထက်တန်းကျောင်း တည်ထောင်သူ ဦးဇေယျာတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ကျောင်းဆောင်သစ်ဆိုင်းဘုတ်ကို တာဝန်ရှိသူများနှင့်အတူ အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးကြကာ ပြည်နယ်ဝန်ကြီးချုပ်က ကိုယ်ပိုင်အထက်တန်းကျောင်းအတွက် ချီးမြှင့်ငွေကျပ် ၁၀ သိန်းကို ချီးမြှင့်ပေးအပ်သည်။ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ကျောင်းစီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များသည် ကျောင်းဆောင်သစ်အတွင်း ဖွင့်လှစ်ပြသထားသည့် မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့်ပညာရေးစွမ်းရည်ပြခန်းများကို စိတ်ဝင်တစား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌…