ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ရေလယ်ကျွန်းသဲသောင်ခုံပေါ်တွင် ဆောင်းခိုငှက်မျိုးစိတ်တစ်ခု ဖြစ်သည့် တောငန်းခေါင်းကြားကောင်ရေ ၄၀၀ ကျော် အုပ်စုလိုက် လာရောက် ကျက်စားနေထိုင်လျက်ရှိ
မြစ်ကြီးနား ဖေဖော်ဝါရီ ၄ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ ဧရာဝတီမြစ်အတွင်း ရေလယ်ကျွန်းသဲသောင်ပြင်ပေါ်တွင် ဆောင်းခိုငှက်မျိုးစိတ်တစ်ခုဖြစ်သည့် တောငန်းခေါင်းကြား (Bar-headed Goose) ကောင်ရေ ၄၀၀ ကျော်ခန့် အုပ်စုလိုက် ယခင်နှစ်မှ ဒီဇင်ဘာလကုန်ပိုင်းလောက်မှ စတင်၍ လာရောက်ကျက်စား နေထိုင်လျက်ရှိသည်ကို တွေ့ရှိရသည်။ကချင်ပြည်နယ်အတွင်း ဆောင်းခိုငှက်များ လာရောက်မှုကို နှစ်စဉ် ဆောင်းရာသီတွင် အင်းတော်ကြီးအိုင်နှင့် ဆက်စပ်ရေဝပ်ဒေသများတွင် ဆောင်းခိုငှက်မျိုးစိတ်ပေါင်းစုံ အောက်တိုဘာလမှ စတင်၍ လာရောက်နေထိုင်လေ့ရှိသည်ကို အများဆုံး သိရှိရပြီး အဆိုပါ တောငန်းခေါင်းကြား (Bar-headed Goose) ငှက်များအနေဖြင့် ဧရာဝတီမြစ်အတွင်း သဲသောင်ခုံပေါ်တွင် ၂၀၂၄ ခုနှစ်မှ စတင် လာရောက်နေထိုင်ခြင်းဖြစ်သည်။ထိုသို့ ဆောင်းခိုငှက်များ လာရောက်နေထိုင်မှုသည် မြန်မာနိုင်ငံသည် ကမ္ဘာပေါ်ရှိ ဆောင်းခို ငှက်များ ပျံသန်းရာလမ်းကြောင်း (၉)ခုအနက် အလယ်အာရှလမ်းကြောင်း (Central Asia…