ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် ခရိုင်/ မြို့နယ်ကော်မတီဥက္ကဋ္ဌများနှင့် ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေး၊ ကာကွယ်၊ တားဆီးရေးဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ်၊ ပေါင်စန်းပြည်နယ်ခွဲသို့ လေ့လာရေးခရီးစဉ် ရှင်းလင်းဆွေးနွေးပွဲများသို့ တက်ရောက်
မြစ်ကြီးနား ဇူလိုင် ၁၁ ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး၊ ကာကွယ်တာဆီးရေးဆိုင်ရာ လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ အဖွဲ့ဝင်များနှင့် ခရိုင်၊ မြို့နယ်ကော်မတီအဖွဲ့ ဥက္ကဋ္ဌများနှင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇူလိုင် ၁၁ ရက် ညနေ ၃ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကချင်ပြည်နယ် အနေဖြင့် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှု အနည်းငယ်တွေ့ရှိလာပါကြောင်း၊ သို့ဖြစ်ပါ၍ မိမိတို့အနေဖြင့် ကာကွယ်ဆေးထိုးလုပ်ငန်းနှင့် အသိပညာပေးလုပ်ငန်းများကို ထိထိရောက်ရောက်လုပ်ဆောင်သွား ရန်လိုအပ်ပါကြောင်း၊ ကာကွယ်ဆေးများကို ဦးတည်အုပ်စုအလိုက် စနစ်တကျ စီမံချက်ရေးဆွဲပြီး ထိုးနှံပေးသွားရန်နှင့် ခရိုင်၊ မြို့နယ်များအလိုက် ကာကွယ်ဆေးကျန်ရှိမှုအခြေအနေ၊ ဆေးထိုးအဖွဲ့၊ ကြီးကြပ်ရေးအဖွဲ့၊ တည်နေရာနှင့် လုံခြုံရေးအဖွဲ့များအနေဖြင့် ဗဟိုကော်မတီ၏ ညွှန်ကြားချက်နှင့်…