ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ ဖြေဆိုနေ သော သံဃာတော်များအား အလှူငွေနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်း၊ ၂၀၂၃ ခုနှစ် ကချင်ပြည်နယ် နွေရာသီအားကစားသင်တန်းများ ဖွင့်လှစ်သင်ကြားနေမှုကို လှည့်လည်ကြည့်ရှုအားပေး
မြစ်ကြီးနား ဧပြီ ၂ ၂၀၂၃ ခုနှစ်၊ ကချင်ပြည်နယ် ဓမ္မာစရိယစာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲကို မတ်လ ၂၁ ရက်နေ့မှ ဧပြီလ ၄ ရက်နေ့အထိ ပြည်နယ်အတွင်းရှိ စာဖြေဌာနအလိုက် ကျင်းပပြုလုပ်လျက်ရှိရာ မြစ်ကြီးနားမြို့ သာသနာ့ဗိမ္မာန်တော်၌ ဖြေဆိုနေသော သံဃာတော်များအား ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ ဧပြီ ၁ ရက် မွန်းလွဲပိုင်းက သွားရောက် လှူဖွယ် ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။ ထို့သို့ ဆက်ကပ်လှူဒါန်းရာတွင် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ သည် မြစ်ကြီးနားစာဖြေဌာန၌ အစိုးရဓမ္မာစရိယစာမေးပွဲဖြေဆိုနေသော သံဃာတော် အပါး ၁၁ပါး နှင့် ပါဠိပထမပြန်စာမေးပွဲဖြေဆိုနေသော သံဃာတော် ၁၁ ပါးတို့ကို ဝန်းသိုကျောင်းတိုက်ဆရာတော်…