ကချင်ပြည်နယ်ဝန်ကြီးချုပ် ဝိုင်းမော်မြို့ ကတ်သလစ်ဘုရားကျောင်းဝင်းအတွင်း နန်ဆန်ယန်ဒေသမှ တိမ်းရှောင်လာသော ဒေသခံပြည်သူများအား သွားရောက်တွေ့ဆုံအားပေးထောက်ပံ့၊ မဒိန်းကျေးရွာအတွင်း စိုက်ပျိုးရေးတောင်သူများနှင့်တွေ့ဆုံ၊ စက်မှုလယ်ယာစနစ်ကျ လယ်မြေ ဧက ၁၀၀ ဖော်ထုတ်ဆောင်ရွက်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေး
မြစ်ကြီးနား ဇူလိုင် ၅ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်း ဗန်းမော်သွားလမ်းပေါ်ရှိ နန်ဆန်ယန်ဒေသမှ ဝိုင်းမော်မြို့ RC ဘုရားကျောင်းနှင့် မိုင်းနား AG ဘုရားကျောင်း သို့ ခေတ္တတိမ်းရှောင်လာသော ဒေသခံပြည်သူများအား ဇူလိုင် ၄ ရက် မွန်းလွဲ ၂ နာရီက ဝိုင်းမော်မြို့ အမှတ် (၂)ရပ်ကွက်ရှိ RC ဘုရားကျောင်း၌ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများက သွားရောက်တွေ့ဆုံ အားပေး ထောက်ပံ့ခဲ့ကြသည်။ ထို့သို့ တိမ်းရှောင်ပြည်သူများအား သွားရောက်တွေ့ဆုံထောက်ပံ့ရာတွင် ပြည်နယ်ဝန်ကြီးချုပ် က နန်ဆန်ယန်ဒေသမှ RC ဘုရားကျောင်းသို့ တိမ်းရှောင်လာသည့် အိမ်ထောင်စု (၆၉)စု၊ လူဦးရေ (၂၅၈)ဦး၊ မိုင်းနားကျေးရွာအုပ်စု AG Camp သို့ တိမ်းရှောင်လာသည့် အိမ်ထောင်စု (၁၃)စု၊…