ကချင်ပြည်နယ်ဝန်ကြီးချုပ် အပြည်ပြည်ဆိုင်ရာသက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ်အခမ်း အနားသို့ တက်ရောက်ပြီး ပြည်နယ်အတွင်းရှိ အသက် ၁၀၀ နှစ်နှင့်အထက် သက်ကြီးဘိုး/ဘွားများအား ဂါဝရပြုပူဇော်ထောက်ပံ့
မြစ်ကြီးနား အောက်တိုဘာ ၂ “သက်ကြီးအမျိုးသမီးများရဲ့ စွမ်းပကား ဒို့များအလေးထား” ဟူသည့် ဆောင်ပုဒ်ဖြင့် ၂၀၂၂ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့တွင် ကျရောက်ခဲ့သော အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ အထိမ်းအမှတ် အခမ်းအနားကို ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ အောက်တိုဘာ ၂ ရက် နံနက် ၈ နာရီက မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့၍ ပြည်နယ်အတွင်းရှိ အသက် ၁၀၀ နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ဂါဝရပြုပူဇော်ကန်တော့ခဲ့ကြသည်။ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်း များအနေဖြင့် ဘိုးဘွားများ ဖြတ်သန်းကြုံတွေ့လာခဲ့ရသည့် အတွေ့အကြုံ ပညာရပ်နှင့် ဗဟုသုတများ သည် တန်ဖိုးမဖြတ်နိုင်သဖြင့် အရာများဖြစ်သည့်အတွက် အနာဂါတ်မျိုးဆက်သစ်များကို လက်ဆင့် ကမ်းမျှဝေပေးနိုင်ရန်နှင့် ထိုအတွေ့အကြုံ၊ပညာရပ်များကိုအသုံးချနိုင်ရန်…