
ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ချီဖွေမြို့နှင့် ပန်ဝါမြို့တို့ရှိ ဌာနဆိုင်ရာများ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
မြစ်ကြီးနား ဖေဖော်ဝါရီ ၂၁ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါရီ ၁၇ ရက်က မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်နှင့် ပန်ဝါမြို့များရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံပြီး ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြစ်ကြီးနားမြို့မှ တစ်ဆင့် ဝိုင်းမော်မြို့နယ် တန်ဘောင်ကျေးရွာ၌ ကချင်တိုင်းရင်းသားလုပ်ငန်းရှင်များအများပိုင်ကုမ္ပဏီမှ ဖွင့်လှစ်ထားသည့် KEP ကုမ္ပဏီဝင်းအတွင်း မြန်မာ-တရုတ်ကုန်စည်စီးဆင်းမှုလုပ်ငန်းများ လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်ရေးအတွက် မော်တော်ယာဉ်များအပါအဝင် တရုတ်ပြည်သို့ တင်ပို့မည့် ကုန်စည် များအား သိုလှောင်ရုံအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအတွက် ပိုးသတ်ဆေးဖျန်း ခြင်း၊ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ကိုဗစ်ရောဂါစစ်ဆေးခြင်းလုပ်ငန်းများ ဆောင် ရွက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ ထိုမှတစ်ဆင့် ချီဖွေမြို့သို့ သွားရောက်ခဲ့ကြပြီး ချီဖွေမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး…