ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားမျိုးနွယ်စုပေါင်းစုံပါဝင်သည့် ပြည်နယ်တိုင်းရင်းသားရေးရာ ဝန်ကြီးဖလား မျိုးနွယ်စုပေါင်းစုံ အလွတ်တန်း အမျိုးသားဘောလုံးပြိုင်ပွဲ ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေး
မြစ်ကြီးနား မတ် ၁၅ ကချင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးဌာနမှ ကြီးမှူး၍ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပြည်နယ်ဘောလုံးအားကစားဆပ်ကော်မတီတို့ ပူးပေါင်းကျင်းမည့် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးဖလား မျိုးနွယ်စုပေါင်းစုံ အလွတ်တန်း အမျိုးသားဘောလုံး ပြိုင်ပွဲ ကျင်းပပြုလုပ်နိုင်ရေးအတွက် မတ် ၁၅ ရက် နံနက် ၁၁ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။ ညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်အတွင်းရှိ တိုင်းရင်းသားမျိုးနွယ်စုများဖြစ်ကြသည့် ကချင်(၆)မျိုး၊ရှမ်း(၅)မျိုး၊ဗမာ(၁)မျိုးပါဝင်သည့် ဘောလုံး ပြိုင်ပွဲကို မိမိတို့ တိုင်းရင်းသားအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ပိုမိုခိုင်မြဲစေပြီး စာပေနှင့် ယဉ်ကျေးမှု များကို မျိုးဆက်သစ်လူငယ်များ လက်ဆင့်ကမ်းထိန်းသိမ်းလာနိုင်ရေး ရည်ရွယ်ကျင်းပရခြင်း ဖြစ်သည့်အတွက် လိုအပ်သည်များကို ဝိုင်းဝန်းအကြံပြုဆွေးနွေးကြစေလိုကြောင်း တိုက်တွန်း မှာကြားသည်။ ထို့နောက် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က ဘောလုံးပွဲဖြစ်မြောက် ရေးအတွက်…