ကချင်ပြည်နယ်ဝန်ကြီးချုပ် (၇၄)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် နှစ်ပတ်လည် မဂ္ဂဇင်းထုတ်ဝေနိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့သူများအား ဂုဏ်ပြုချီးမြှင့်

မြစ်ကြီးနား     ဖေဖော်ဝါရီ ၉           (၇၄)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် ပြည်နယ်နှစ်ပတ်လည်မဂ္ဂဇင်းထုတ် ဝေနိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် မဂ္ဂဇင်းဖြစ်မြောက်ရေးဦးစီးကော်မတီအဖွဲ့ဝင်များနှင့် အယ်ဒီတာအဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၉ ရက် နံနက် ၉ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်သည်။           အဆိုပါဂုဏ်ပြုချီးမြှင့်ပွဲတွင် (၇၄)နှစ်မြောက် ကချင်ပြည်နယ်အနေ့ အထိမ်းအမှတ် နှစ်ပတ် လည်မဂ္ဂဇင်းအယ်ဒီတာအဖွဲ့ဝင်များက တစ်ဦးချင်း မိတ်ဆက်ကြပြီး ဖြစ်မြောက်ရေးကော်မတီ အဖွဲ့ဝင် မြစ်ကြီးနားတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်းက နှစ်ပတ်လည်မဂ္ဂဇင်း စာအုပ်အား ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်ထံ ပေးအပ်ပြီး နှစ်ပတ်လည်မဂ္ဂဇင်းဖြစ်မြောက် ရေးအဖွဲ့ကိုယ်စား အယ်ဒီတာအဖွဲ့ဝင် စာရေးဆရာအကြီးကိုကို(ကသာ)က မဂ္ဂဇင်း ထုတ်ဝေနိုင် ရေး ကြိုးပမ်းဆောင်ရွက်ခဲ့မှုများအား ရှင်းလင်းတင်ပြသည်။           ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က နှစ်ပတ်လည်မဂ္ဂဇင်းဖြစ်မြောက်ရေးဦးစီးကော်မတီ အတွက် ချီးမြှင့်ငွေကျပ်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် အားကာသိပ္ပံကျောင်းမြေနေရာ အဝင်လမ်းဆောင်ရွက်ပြီးစီးမှု အခြေအနေကို ကွင်းဆင်းစစ်ဆေးပြီး ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲတက်ရောက်

မြစ်ကြီးနား     ဖေဖော်ဝါရီ ၈           ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန် ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့နယ်၊ မော်ဖောင်းကျေးရွာ၌ အသစ်တည်ဆောက်ဖွင့်လှစ်သွား မည့် အားကာသိပ္ပံကျောင်းမြေနေရာနှင့် ကျောင်းအဝင်လမ်း ဆောင်ရွက်ပြီးစီးမှုအခြေအနေ များကို ဖေဖော်ဝါရီ ၈ ရက် နံနက် ၁၀ နာရီခွဲက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ထိုသို့ ကွင်းဆင်းကြည့်ရှုရာတွင် မြစ်ကြီးနားမြို့နယ်၊ မော်ဖောင်းကျေးရွာအုပ်စုအတွင်းရှိ မြေဧရိယာ (၃၀၀) ဧကခန့်ပေါ်တွင် ပြည်နယ်အစိုးရအဖွဲ့မှ အားကာသိပ္ပံကျောင်းနှင့် ကွန်ပျူတာ တက္ကသိုလ်တည်ဆောက်ရန်လျာထားခဲ့ရာ ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ပြည်နယ်ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် အားကာသိပ္ပံအဝင်လမ်း (၁)မိုင် (၁.၄)ဖာလုံအား ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းနှင့် ကျောက်စီ Boxculvert (၆)စင်း တည် ဆောက်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လုပ်ငန်းများ သတ်မှတ်ချက်နှင့်အညီ အချိန်မီပြီးစီးရေး တာဝန်ရှိသူများအား လိုအပ်သည်များ…

Read More

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် မြစ်ကြီးနားမြို့ရှိ မေခနှင့် မလိခ ဝန်ထမ်းအိမ်ရာစခန်းတို့၌ (၄)ခန်းတွဲ (၅)ထပ် ဝန်ထမ်းအိမ်ရာ အဆောက်အအုံသစ်များဖွင့်ပွဲကျင်းပ

မြစ်ကြီးနား     ဖေဖော်ဝါရီ ၈           (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ တည်ဆောက်ပြီးစီးခဲ့သည့် မေခအိမ်ရာစခန်းရှိ (၄)ခန်းတွဲ (၄)ထပ် အဆောက်အဦ (၂)လုံးနှင့် မလိခဝန်ထမ်းအိမ်ရာစခန်းဝင်းအတွင်း (၄)ခန်းတွဲ (၅)ထပ် ဝန်ထမ်းအိမ်ရာအဆောက်အအုံသစ် (၂)လုံးဖွင့်ပွဲကို ဖေဖော်ဝါရီ ၈ ရက် နံနက် ၉ နာရီက ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။           အဆိုပါ အဆောက်အအုံသစ်ကို မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာ ရေးနှစ်အတွင်း မေခအိမ်ရာစခန်းဝင်းအတွင်း၌အသစ်တည်ဆောက်ခြင်းနှင့် မလိခဝန်ထမ်းအိမ်ရာ စခန်းဝင်းအတွင်း သက်တမ်းရင့် အိမ်ရာအဆောက်အအုံများအား လုပ်ထုံးလုပ်နည်းနှင့်အညီ နှစ်အလိုက် ဖျက်သိမ်းပြီး မလိခဝန်ထမ်းအိမ်ရာ ပြန်လည်ဖွံ့ဖြိုးမှု(Redevelopment Plan)အရ (၄)ခန်းတွဲ (၅)ထပ် ဝန်ထမ်းအိမ်ရာအဆောက်အအုံများအဖြစ်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒဘတ်ချောင်းရေအားလျှပ်စစ်ထုတ်လုပ်နိုင်‌ရေး ညှိနှိုင်းဆွေးနွေးပြီး နိုင်ငံ့ဝန်ထမ်းများအား e-Government အထောက်အကူပြု ကွန်ပျူတာသင်တန်းဖွင့်ပွဲသို့ တက်ရောက်ဖွင့်လှစ်

မြစ်ကြီးနား     ဖေဖော်ဝါရီ ၇           ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ဒဘတ်ယန်ကျေးရွာအုပ်စုအတွင်းရှိ ဒဘတ်ချောင်းပေါ်၌ ရေအားလျှပ်စစ်ထုတ်လုပ်နိုင်ရေး ကိစ္စရပ်များနှင့် ပတ်သက်၍ ချပြရှင်းလင်းဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၇ ရက် နံနက် ၁၀ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်း၌ ကျင်းပပြု လုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်အမှာစကားပြောကြားသည်။           အစည်းအဝေးတွင်ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်က နိုင်ငံတော်အနေဖြင့်ရင်းနှီးမြှုပ်နှံ မည့် စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှုကို အားပေးဆောင်ရွက်လျက်ရှိပြီး ယခုလို ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးအတွက် ရင်းနှီးမြှုပ်နှံဆောင်ရွက်သွားမည့် သူများကို ဝမ်းမြောက်ဝမ်းသာစွာ ကြိုဆိုပါကြောင်း၊ မိမိတို့အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများအနေ ဖြင့် ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စီမံကိန်းများ အကောင်အထည်ဖော်နိုင်ရေးကို ကူညီ ဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်ပါကြောင်း ပြောကြားသည်။           ထို့နောက် ဝိုင်းမော်မြို့နယ် ဒဘတ်ယန်ကျေးရွာအုပ်စုအတွင်း ဒဘတ်ချောင်းပေါ်တွင် ရေအားလျှပ်စစ်ထုတ်လုပ်နိုင်ရေးအတွက် ရင်းနှီးမြှုပ်နှံဆောင်ရွက်မည့်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ပြည်သူ့ဆေးရုံ၌ ဆေးဝါးကုသမှုခံယူနေသော လူနာများအား သွားရောက်တွေ့ဆုံအားပေးထောက်ပံ့ပြီး စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားသို့ သွားရောက်ကြမည့် တိုင်းရင်းသားယဉ်ကျေးမှုအကအဖွဲ့များအား လေဆိပ်၌ နှုတ်ဆက်အားပေး

မြစ်ကြီးနား     ဖေဖော်ဝါရီ ၆           ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန် ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံ၌ ဆေးဝါးကုသမှုခံယူနေသော လူနာများအား ဖေဖော်ဝါရီ ၅ ရက် နံနက် ၉ နာရီတွင် သွား‌ရောက်တွေ့ဆုံ အားပေး ထောက်ပံ့ခဲ့ကြောင်း သိရ သည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူ မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံ ကလေးဖျာနာကုသဆောင်၌ လူနာများအား ကျန်းမာရေး ဝန်ထမ်းများ၏ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုအခြေအနေများနှင့် ဆေးဝါးကုသမှု ခံယူနေသော လူနာများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားများ ပြောကြားခဲ့ကြပြီး ထောက်ပံ့ ငွေများကို ထောက်ပံ့ပေးအပ်ခဲ့သည်။           ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မြစ်ကြီးနားလေဆိပ်၌ နေပြည်တော်တွင် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အောင်မြင်စွာကျင်းပ ပြုလုပ်နိုင်ရေးနှင့် ပန်းခင်း စီမံချက်ဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးများသို့ တက်ရောက်အမှာစကားပြောကြား

မြစ်ကြီးနား     ဖေဖော်ဝါရီ  ၄           ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် အောင်မြင်စွာ ကျင်းပပြု လုပ်နိုင်ရေးအတွက် အခမ်းအနားကျင်းပရေးဦးစီးကော်မတီနှင့် ဆပ်ကော်မတီအဖွဲ့ဝင်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ ၄ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ရာ  ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကား ပြောကြားသည်။           လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် အခမ်းအနားကျင်းပရေးဦးစီးကော်မတီ နာယက၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယခုနှစ်တွင် ကျင်းပပြုလုပ်မည့် ပြည်ထောင်စုနေ့ အခမ်း အနားသည် (၇၅)နှစ်မြောက် စိန်ရတုပြည့်မြောက်ပြီဖြစ်သည့်အတွက် နိုင်ငံတော်အဆင့်တွင် ခမ်းခမ်းနားနား ကျင်းပပြုလုပ်သွားမည်ဖြစ်ပါကြောင်း၊ ထို့အတူ မိမိတို့ ပြည်နယ်တွင်လည်း စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားကို…

Read More

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားသို့ သွားရောက်ပါဝင်ဆင်နွှဲကြမည့် ကချင်ပြည်နယ်ကိုယ်စားပြုတိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များအား အောင်မြင်ရေးအလံနှင့် ထောက်ပံ့ငွေများပေးအပ်

မြစ်ကြီးနား     ဖေဖော်ဝါရီ ၃           (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့တွင် နေပြည်တော်၌ ကျင်းပမည့် အခမ်းအနား များသို့ ကချင်ပြည်နယ်ကိုယ်စားပြုသွားရောက်ပါဝင်ဆင်နွှဲကြမည့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အဖွဲ့များအား အောင်မြင်ရေးအလံနှင့် ထောက်ပံ့ငွေများ ပေးအပ်ပွဲကို ဖေဖော်ဝါရီ ၃ ရက် နံနက် ၉ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်သည်။           အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယခုနှစ် စိန်ရတု ပြည်ထောင်စု နေ့ကို ပြည်ထောင်စုစိတ်ဓာတ်နှင့် ပြည်ထောင်စု၏ တန်ဖိုး၊ အနှစ်သာရကို ပေါ်လွင်အောင် နေပြည်တော်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါကြောင်း၊ လူငယ်၊ မောင်မယ် တိုင်းရင်းသားများ အနေဖြင့် ဘိုးဘွားများ ကြိုးပမ်းပါဝင်ဆောင်ရွက်ခဲ့သည့် ပြည်ထောင်စုကြီးအပေါ် မိမိတို့စိတ် နှလုံးသားထဲတွင် အောက်မေ့သတိရပြီး ပြည်ထောင်စုအမွေကို လက်ဆင့်ကမ်းသည့်အနေဖြင့် ပေးအပ်သည့် တာဝန်ကို ကျေပွန်အောင်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် အမှတ်(၄)အခြေခံပညာအထက်တန်း ကျောင်းမှ ပညာရည်ချွန်ဆုချီးမြှင့်ပွဲ တက်ရောက်ဂုဏ်ပြုဆုချီးမြှင့်

မြစ်ကြီးနား     ဖေဖော်ဝါရီ ၂           ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ပမ္မတီးရပ်ကွက်ရှိ အမှတ် (၄)အခြေခံပညာအထက်တန်း ကျောင်း၌ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား/ကျောင်း သူများအတွက် ပညာရည်ချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၂ ရက် နံနက် ၉ နာရီက အဆိုပါကျောင်း အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ ကျောင်းသား/ ကျောင်းသူလေးများက “တို့ကျောင်း” တေးသီချင်း သီဆို၍ အခမ်းအနားကို ဖွင့်လှစ်ပေးကြသည်။           ရှေးဦးစွာ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယနေ့ခေတ်သည် ပညာခေတ်ဖြစ်သည့်အတွက် အနာဂတ်မျိုးဆက်သစ် လူငယ်များအနေဖြင့် ပညာကို စဉ်ဆက် မပြတ်လေ့ကျင့်သင်ယူပြီး နိုင်ငံအတွက်၊ ပြည်နယ်အတွက် ထူးချွန်ထက်မြက်ပြီး အားကိုးအားထား ပြုနိုင်သည့် လူငယ်များဖြစ်စေလိုကြောင်း ဂုဏ်ပြုပြောကြားပြီး မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦးက…

Read More

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၁)နှစ်ပြည့် အထိမ်းအမှတ် မြစ်ကြီးနားမြို့၌ လေဆိပ်ရှေ့ မလိခဥယျာဉ်ပန်းခြံဖွင့်လှစ်ခြင်းနှင့် စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားများသို့ သွားရောက် ပါဝင်ဆင်နွှဲကြမည့် ပြည်နယ်ကိုယ်စားပြုအကအဖွဲ့များအား ထောက်ပံ့ငွေများ ချီးမြှင့်ပေးအပ်

မြစ်ကြီးနား     ဖေဖော်ဝါရီ ၁           နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၁)နှစ်အထိမ်းအမှတ် ကချင်ပြည်နယ်၊ မြစ်ကြီးနား မြို့၌ ပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် ဆောင်ရွက်ပြီးစီးခဲ့သော မလိခဥယျာဉ်ပန်းခြံဖွင့်ပွဲ အခမ်းအနားကို ဖေဖော်ဝါရီ ၁ ရက် နံနက် ၁၀ နာရီတွင် ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးတို့က တက်ရောက်ဖွင့်လှစ်ပေးကြသည်။           ဆက်လက်၍ မလိခဥယျာဉ်ပန်းခြံသစ်ကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ်အောင်မျိုးဦး၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ ပြည်နယ်စည်ပင်သာ ယာရေးအဖွဲ့ ယာယီညွှန်ကြားရေးမှူး ဦးကျော်လင်း၊ မြစ်ကြီးနားခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးခေါင်လန်ဒီးတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က မလိခ ဥယျာဉ်ပန်းခြံဆိုင်းဘုတ်ကို စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကြကာ ဖွင့်ပွဲအထိမ်းအမှတ် အမှတ်တရ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။           ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးများ၊…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မိုးမောက်မြို့နယ်နှင့် ဗန်းမော်မြို့နယ်အတွင်းရှိ တွေ့ဆုံပွဲများကျင်းပပြီး ခရိုင်အတွင်း စွမ်းစွမ်းတမံထမ်းဆောင်ခဲ့ကြသူများအား ဂုဏ်ထူးဆောင် ဆုတံဆိပ်၊ လက်မှတ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ချီးမြှင့်

မြစ်ကြီးနား     ဇန်နဝါရီ ၃၀           ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဗန်းမော်ခရိုင်အတွင်း မိုးမောက်မြို့နယ် နှင့် ဗန်းမော်မြို့နယ်များအတွင်းရှိ ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် တွေ့ဆုံပွဲကျင်းပပြီး ခရိုင်အတွင်း စွမ်းစွမ်းတမံထူးချွန်စွာတာဝန်ထမ်းဆောင် ခဲ့ကြသူများအား ဂုဏ်ထူးဆောင်ဆုတံဆိပ်၊ လက်မှတ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခြင်း ကို ဇန်နဝါရီ ၃၀ ရက်တွင် ဆောင်ရွက်ခဲ့သည်။           ရှေးဦးစွာ နံနက် ၆ နာရီခွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီး များနှင့်အတူ ဗန်းမော်မြို့ သာစည်ရပ်ကွက်ရှိ ဂေါက်ကွင်း၌ ဗန်းမော်ခရိုင်ဗလမင်းထင်ဂေါက်သီး ရိုက်အသင်းမှ ကြီးမှူး၍ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့တွင် ကျရောက်မည့် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ၏ (၁)နှစ်ပြည့် နှစ်ပတ်လည်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဗလ မင်းထင်ဖလားအပျော်တမ်းဖိတ်ခေါ် ဂေါက်သီးရိုက်ပြိုင်ပွဲ…

Read More