ဧရာဝတီမြစ်ကူးတံတားအမှတ်(၂) စီမံကိန်းဧရိယာတွင် ပါဝင်နေသည့် မြေယာပိုင်ရှင်များအား ဒုတိယအရစ်အဖြစ် အပြီးသတ်လျော်ကြေးငွေပေးအပ်ခြင်းနှင့် ပြည်နယ်အား/ကာသိပ္ပံကျောင်း မြေနေရာရရှိရေး၊ အများပိုင်ဘိလပ်မြေစက်ရုံတည်ထောင်ရေး ညှိနှိုင်းဆွေးနွေးခြင်းများ ဆောင်ရွက်

မြစ်ကြီးနား     အောက်တိုဘာ ၁           ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း တည်ဆောက်သွားမည့် ဧရာဝတီ မြစ်ကူးတံတား အမှတ် (၂) တံတားစီမံကိန်း ဧရိယာအတွင်း တံတားအူကြောင်းနှင့် မလွတ်ကင်း သည့် မြေယာပိုင်ရှင်များအား ဒုတိယအရစ် အပြီးသတ် လျော်ကြေးငွေပေးအပ်ခြင်းနှင့် အားကစား နှင့်ကာယပညာသိပ္ပံကျောင်း မြေနေရာသတ်မှတ်နိုင်ရေး၊ အများပိုင်ဘိလပ်မြေစက်ရုံတည်ထောင် နိုင်ရေးတို့အတွက် ညှိနှိုင်းဆွေးနွေးခြင်းများကို အောက်တိုဘာ ၁ ရက်တွင် ဆောင်ရွက်ခဲ့ကြသည်။           ပြည်နယ်အတွင်း တည်ဆောက်သွားမည့် ဧရာဝတီမြစ်ကူးတံတား အမှတ် (၂) စီမံကိန်း ဧရိယာအတွင်း တံတားအူကြောင်းနှင့် မလွတ်ကင်းသည့် မြေယာပိုင်ရှင်များအား လျော်ကြေးငွေ ကို ၂၀၂၁ ခုနှစ် မေလတွင် ပထအရစ်အဖြစ် ပေးအပ်ခဲ့ပြီးဖြစ်ရာ ယနေ့ ညနေပိုင်းတွင် ဒုတိယ အရစ်အဖြစ် လျော်ကြေး ငွေပေးအပ်ပွဲကို မြစ်ကြီးနားမြို့၊…

Read More

ဝိုင်းမော်မြို့နယ်အတွင်းရှိ ဟင်းသီးဟင်းရွက်စိုက်ပျိုးသူတောင်သူများ ဘဝအဆင်ပြေစေရေး၊ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားလာစေရေးနှင့် အသင်းအဖွဲ့တည်ထောင်ဖွဲ့စည်းပေး

မြစ်ကြီးနား     စက်တင်ဘာ ၃၀           ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများမှ ဟင်းသီးဟင်းရွက်စိုက်ပျိုး ထုတ်လုပ်မှု တိုးတက်မြင့်မားလာစေရေးနှင့် တောင်သူများဘဝ အဆင်ပြေစေရေး လိုအပ်သည့် ပေါင်းစပ်ညှိနှိုင်းပေးမှုများ ဆောင်ရွက်နိုင်ရေးအတွက် စက်တင်ဘာ ၃၀ ရက် နံနက် ၁၀ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး၊ မလိခခန်းမ၌ ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်သူများအသင်းကို တည် ထောင်ဖွဲ့စည်းပေးခဲ့သည်။           ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်သူများအသင်း ဖွဲ့စည်းနိုင်ရေးအတွက် တောင်သူများ အား ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မိမိတို့၏ တောင်သူများအနေဖြင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းများ ပိုမိုတိုးတက်မြင့်မားအောင် ထုတ်လုပ်နိုင်ရေးနှင့် အခက်အခဲများ၊ နည်းပညာလိုအပ်ချက်များကို ဖြေရှင်းဆောင်ရွက်ရာတွင် တစ်ဦးတစ်ယောက်၊ မိသားစုတစ်စု တည်းဖြင့် ရပ်တည်ဖြေရှင်းရန် ခက်ခဲသည့်အတွက် မဖြစ်မနေ အသင်းအဖွဲ့တစ်ခု တည်ထောင် ဖွဲ့စည်းသွားရန်လိုအပ်ကြောင်း၊ သို့မှသာ မိမိတို့တောင်သူများ၏ လိုအပ်ချက်များကို ဌာနဆိုင်ရာ…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ်က ဝိုင်းမော်မြို့နယ်အတွင်းရှိ နေရပ်စွန့်ခွာစခန်း(၁၇)ခုမှ အိမ်ထောင်စု (၂၀၀၀)ကျော်အတွက် ဆန်၊ ဆီ၊ ဆား၊ ပဲ အခြေခံစားသောက်ကုန်များ ထောက်ပံ့ပေးအပ်ခြင်းနှင့် မြန်မာ-တရုတ်ကုန်စည်ပြန်လည်စီးဆင်းနိုင်ရေးလုပ်ငန်းညှိနှိုင်းဆွေးနွေးခြင်းများ ဆောင်ရွက်

မြစ်ကြီးနား     စက်တင်ဘာ ၂၉           ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်းရှိ နေရပ်စွန့်ခွာစခန်း (၁၇)ခုမှ အိမ်ထောင်စု (၂၁၂၅)စု၊ လူဦးရေ (၁၁၄၃၈)ဦးတို့အတွက် အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ပဲများ ထောက်ပံ့ပေးအပ်ခြင်းကို ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက စက်တင်ဘာ ၂၉ ရက် နံနက် ၈ နာရီတွင် ဝိုင်းမော်မြို့နယ်၊ မိုင်းနား RC  စခန်း၌ သွားရောက် ထောက်ပံ့‌ပေးအပ်ခဲ့သည်။           ထောက်ပံ့ပေးအပ်ရာတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကိုဗစ်-၁၉ ကပ်ရောဂါ အတွင်း နေရပ်စွန့်ခွာပြည်သူများအနေဖြင့် ခက်ခဲမှု ပိုမိုကြုံတွေ့နိုင်သည်ကို မိမိတို့အနေဖြင့် နားလည်ထားပါကြောင်း၊ ထို့ကြောင့် ထောက်ပံ့မှုများကို တတ်နိုင်သလောက် ဖြည့်ဆည်းဆောင် ရွက်ပေးခဲ့ပါကြောင်း၊ ယခုအခါ ကိုဗစ်-၁၉ ရောဂါကို အတိုင်းအတာတစ်ခုထိ ထိန်းချုပ်ထားနိုင်ပြီ ဖြစ်သော်လည်း…

Read More

ကချင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်သူ့အကျိုးပြုလုပ်ငန်းစီမံကိန်းများအကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေး ဘဏ္ဍာရေးဆိုင်ရာလုပ်ထုံးလုပ်နည်းများ ရှင်းလင်းညှိနှိုင်း ဆွေးနွေး

မြစ်ကြီးနား     စက်တင်ဘာ ၂၈           ကချင်ပြည်နယ်အတွင်း ဒေသဖွံ့ဖြိုးရေးအတွက် စီမံကိန်းလုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် ပြည်သူ့အကျိုးပြုစီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက် နိုင်‌ရေးအတွက် ဘဏ္ဍာရေးဆိုင်ရာလုပ်ထုံးလုပ်နည်းများ ရှင်းလင်းညှိနှိုင်းဆွေးနွေးပွဲကို စက်တင် ဘာ ၂၈ ရက် နံနက် ၁၀ နာရီခွဲတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်း၌ ကျင်းပပြု လုပ်သည်။           ရှင်းလင်းညှိနှိုင်းဆွေးနွေးပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်ဖွံ့ဖြိုးတိုး တက်ရေးအတွက် ပြည်ထောင်စုဘဏ္ဍာ၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေများဖြင့် ရေတို/ ရေရှည်စီမံကိန်း လုပ်ငန်းများ ထိရောက်အောင်မြင်စွာအကောင်အထည် ဆောင်ရွက်ရာတွင် အမှန်တကယ် ပြည်သူ့ အကျိုးပြုလုပ်ငန်းများဖြစ်စေရေး၊ ဘဏ္ဍာရန်ပုံငွေများသုံးစွဲရာတွင် ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်းများနှင့်အညီ လျာထားသုံးစွဲနိုင်ရေး ဝိုင်းဝန်းအကြံပြုဆွေးနွေးကြစေလိုကြောင်း တိုက်တွန်းမှာကြားသည်။           ယင်းနောက် ပြည်နယ်စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ ပြည်နယ်စာရင်းစစ်နှင့် ပြည်နယ်ရသုံး မှန်းခြေငွေစာရင်းဦးစီးဌာနတို့မှ ပြည်နယ်ဦးစီးမှူးများကဒေသန္တရစီမံကိန်းရေးဆွဲခြင်းလုပ်ငန်းများ နှင့်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ်က ဝိုင်းမော်မြို့၌ တစ်ရက်လျှင် လီတာ ၄၀ ဆံ့ အောက်စီဂျင်အိုး အလုံးရေ ၁၂၀ ထုတ်လုပ်နိုင်သည့် အောက်စီဂျင်စက်ရုံအား ဖွင့်လှစ်ပေး

မြစ်ကြီးနား     စက်တင်ဘာ ၂၇           ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်း များတွင် လိုအပ်လျက်ရှိသည့် အောက်စီဂျင်စက်ရုံတည်ဆောက်ရေးအတွက် ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ မတည်ငွေကျပ်သိန်း ၁၀၀ နှင့် အလှူရှင်များ၏ စုပေါင်းလှူဒါန်းမှုဖြင့် ပြည်သူ့ဆေးရုံဝင်းအတွင်း တည်ဆောက်ပြီးစီးခဲ့သည့် တစ်ရက်လျှင် လီတာ ၄၀ ဆံ့အောက်စီဂျင်အလုံးရေ ၁၂၀ ထုတ်လုပ်နိုင်သည့် အောက်စီဂျင်စက်ရုံအား စက်တင်ဘာ ၂၇ ရက်တွင် ပြည်နယ်ဝန်ကြီးချုပ်က တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။           အောက်စီဂျင်စက်ရုံ ဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည် နယ်အတွင်း ကိုဗစ်-၁၉ တတိယလှိုင်း စတင်ဖြစ်ပွားသည့်အချိန်မှ စတင်ပြီး ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့ပါကြောင်း၊ အောက်စီဂျင်စက်ရုံ တည် ဆောက်လည်ပတ်နိုင်ရေးအတွက် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် ဝိုင်းမော်မြို့ရှိ ဌာန ဆိုင်ရာများ၊ ပရဟိတလူမှုရေးအသင်းအဖွဲ့များအားလုံးအား…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ်က ရွှေမိုးတောင်ဘုရားပရဝုဏ်အတွင်း သန့်ရှင်းရေးလုပ်ငန်းများ စုပေါင်းဆောင်ရွက်ပြီး ပြည်နယ်အတွင်းရှိ တောင်သူများအတွက် ဓာတ်မြေသြဇာလိုအပ်ချက် ပြည့်မီစွာဖြည့်ဆည်းပေးနိုင်ရေး ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     စက်တင်ဘာ ၂၅           ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန် ရှိသူများ၊ ဝိုင်းမော်မြို့နယ်အတွင်းရှိ ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့များ စုပေါင်း၍ ရွှေမိုး တောင်ဘုရားပရဝုဏ်အတွင်းစုပေါင်းသန့်ရှင်းရေးလုပ်ငန်းများဆောင်ရွက်ခြင်းနှင့် ပြည်နယ်အစိုးရ အဖွဲ့ရုံး၌ ပြည်နယ်အတွင်းရှိ တောင်သူများအတွက် ဓာတ်မြေသြဇာလိုအပ်ချက် ပြည့်မီစွာဖြည့် ဆည်းပေးနိုင်ရေးတာဝန်ရှိသူများနှင့်လုပ်ငန်းညှိနှိုင်းဆောင်ရွက်ခြင်းတို့ကို စက်တင်ဘာ ၂၅ ရက် တွင် ဆောင်ရွက်ခဲ့ကြသည်။           ရှေးဦးစွာ နံနက် ၇ နာရီခွဲတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဝိုင်းမော်မြို့နယ်၊ မိုင်းနား ကျေးရွာအုပ်စုရှိ ရွှေမိုးတောင်ဆုတောင်းပြည့်စေတီတော်မြတ်ကြီး ပရဝုဏ်အတက်/အဆင်းလမ်း များရှိသစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းပေးခြင်း၊ အမှိုက်များ ရှင်းလင်းကောက်ယူခြင်းလုပ်ငန်း များကို ဝိုင်းမော်မြို့နယ်အဆင့်ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ မြို့နယ်အတွင်းရှိ ပရဟိတလူမှုကူညီ ရေးအသင်းအဖွဲ့များနှင့်အတူ တစ်ပျော်တစ်ပါးစုပေါင်းဆောင်ရွက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လူမှုကူညီရေးအသင်းအဖွဲ့များအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးကာ ဌာနဆိုင်ရာများနှင့် လူမှု ကူညီရေးအသင်းအဖွဲ့များအတွက် ထောက်ပံ့ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြသည်။…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ်က စခန်းသွင်းလေ့ကျင့်နေသော ပြည်နယ်လက်ရွေးစင်လက်ဝှေ့ အသင်း၏ လေ့ကျင့်ယှဉ်ပြိုင်ထိုးသတ်မှုကို သွား‌ရောက်ကြည့်ရှုအားပေးပြီး တိုင်းရင်းသား စာပေနှင့် ယဉ်ကျေးမှုကော်မတီ/အသင်းအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေး

မြစ်ကြီးနား     စက်တင်ဘာ ၂၄           ကချင်ပြည်နယ်ဝန်ကြီးချုပ်က မြစ်ကြီးနားမြို့ရှိ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီး ဌာနရုံးဝင်းအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်လက်ဝှေ့အားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ် ပြိုင်ကြမည့် ပြည်နယ်လက်ရွေးစင်လက်ဝှေ့အသင်း၏ စခန်းသွင်းလေ့ကျင့်ယှဉ်ပြိုင်ထိုးသတ်မှုကို သွားရောက်ကြည့်ရှုအားပေးပြီး ပြည်နယ်အတွင်းရှိ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုကော်မတီ/ အသင်းအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခြင်း လုပ်ငန်းများကို စက်တင်ဘာ ၂၄ ရက်တွင် ဆောင်ရွက် ခဲ့သည်။           ရှေးဦးစွာ နံနက် ၈ နာရီခွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ တိုင်းဒေသကြီးနှင့် ပြည်နယ်လက်ဝှေ့အားကစားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ကြမည့် ပြည်နယ် လက်ရွေးစင်လက်ဝှေ့အားကစားသမားများအား စခန်းသွင်းလေ့ကျင့်လျက်ရှိရာ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှလက်ရွေးစင်လက်ဝှေ့အသင်းနှင့် လက်ရည်စမ်း လေ့ကျင့်ယှဉ်ပြိုင် ထိုးသတ်မှုကို ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လက်ဝှေ့ကစားသမားများ၊ နည်းပြနှင့် ဒိုင်အဖွဲ့ ဝင်များ၊…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ်က တစ်ဧကတင်း(၁၀၀)ထွက်ရှိရေး ဧက(၁၀၀)မိုးစပါး စံပြစိုက်ကွက် အတွင်း သဘာဝမြေသြဇာနှင့်ဓာတ်မြေသြဇာရောစပ်ကျဲပက်ခြင်းအခမ်းအနားသို့ တက်ရောက် အားပေးပြီး ပြည်နယ်အတွင်း အများပိုင်ဘိလပ်မြေစက်ရုံတည်ဆောက်နိုင်ရေး ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     စက်တင်ဘာ ၂၃           ကချင်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၏ တစ်ဧကတင်း(၁၀၀)ထွက်ရှိရေး ဧက (၁၀၀)မိုး စပါးစံပြစိုက်ကွက်အတွင်း သဘာဝမြေသြဇာနှင့် ဓာတ်မြေသြဇာရောစပ်ကျဲပက်ခြင်းအခမ်းအနား ကို စက်တင်ဘာ ၂၃ ရက် နံနက် ၈ နာရီတွင် မန်ခိန်ရပ်ကွက်ရှိ ကွင်းအမှတ် (၃) ဧက (၁၀၀)စံပြ စိုက်ကွက်တွင် ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်အားပေးကြသည်။           တစ်ဧကတင်း(၁၀၀)ထွက်ရှိရေး ဧက (၁၀၀)ဆင်းဧကရီ-၃ မိုးစပါး စံပြစိုက်ကွက်အတွင်း စိုက်ပျိုးလုပ်ကိုင်နေကြသည့် တောင်သူ ၄၀ ဦးတို့အတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ဓာတ်မြေသြဇာအိတ်များ ဖြန့်ဝေပေးအပ်ခဲ့ပြီး တောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံဆွေးနွေးကာ တောင်သူများ၏ လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် ရွှေခရု/ငါးအမိုင်နိုအက်ဆစ် အပင်အားတိုးဆေးရည် ဖျော်စပ်အသုံးပြုနည်းများ…

Read More

မိုးညှင်းခရိုင်အတွင်းရှိ ကျေးရွာအုပ်စုများအသီးသီမှ ကျေးရွာများတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု လျော့နည်းကျဆင်းစေရေး ပရဟိတအဖွဲ့များနှင့် ပေါင်းစပ်ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     စက်တင်ဘာ ၂၁           ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်နှင့် မိုးကောင်းမြို့နယ်များအတွင်းရှိ ကျေးရွာ အုပ်စုများမှ ကျေးရွာများတွင် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှု လျော့နည်းကျဆင်းစေရေးအတွက် ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးနှင့် လိုအပ်သည့် ပံ့ပိုးကူညီမှုများ ဖြည့်ဆည်းပေးနိုင်ရေးတို့အတွက် ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့များနှင့် ညှိနှိုင်းဆွေးနွေးပွဲကို စက်တင်ဘာ ၂၁ ရက် မွန်းလွဲ ၁ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြု လုပ်သည်။           ညှိနှိုင်းဆွေးနွေးရာတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယခုအခါ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်နှံ့မှုသည် မြို့ပြများတွင် အတိုင်းအတာတစ်ခုထိ ထိန်းချုပ်ထားနိုင်လာခဲ့ပြီး ကျေးရွာ များတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု များပြားလာသည်ကို တွေ့ရှိရပါကြောင်း၊ အဆိုပါကျေးရွာ များရှိ ပရဟိတလူမှုရေးအဖွဲ့များအနေဖြင့် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးအတွက် ကြိုးစားရုန်း ကန်ဆောင်ရွက်နေကြသည်ကို…

Read More

ကချင်ပြည်နယ်အားကစားနှင့်ကာယပညာသိပ္ပံကျောင်းဖွင့်လှစ်နိုင်ရေးအတွက် လျာထားမြေနေနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     စက်တင်ဘာ ၂၁           နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ကချင်ပြည်နယ်ခရီးစဉ်အတွင်းလမ်းညွှန်မှာကြားချက်အရ ပြည်နယ်အားကစား နှင့်ကာယပညာသိပ္ပံကျောင်းဖွင့်လှစ်နိုင်ရေး လျာထားမြေနေရာနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို စက်တင်ဘာ ၂၁ ရက် နံနက် ၉ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။           လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကချင်ပြည်နယ် ၏အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်စေရေး၊ ထူးချွန်ထက်မြက်သည့် နိုင်ငံဂုဏ်ဆောင်အားကစား သမားလူငယ်အမြောက်အများမွေးထုတ်ပေးနိုင်ရေးအတွက် နိုင်ငံတော်ဝန်ကြီးချုပ်၏ ခရီးစဉ်အ တွင်းလမ်းညွှန်မှာကြားချက်အရအားကစားနှင့်ကာယပညာသိပ္ပံကျောင်းဖွင့်လှစ်နိုင်ရေးကို မြေပြင် အခြေအနေကွင်းဆင်းတိုင်းတာစစ်ဆေးဆောင်ရွက်ခဲ့မှုများနှင့် ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းများနှင့်ပတ်သက်၍ အမြန်ဆုံးအကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လိုအပ်သည်များ ဝိုင်းဝန်းညှိနှိုင်းဆွေးနွေးကြရန်လိုကြောင်း မှာကြားသည်။           ယင်းနောက် ပြည်နယ်ဝန်ကြီးများက ကျောင်းဖွင့်လှစ်နိုင်ရေးအတွက် လျာထားမြေနေရာ နှင့် ပတ်သက်၍ မြေပြင်အခြေအနေများကို သုံးသပ်ရှင်းလင်းဆွေးနွေးခဲ့ကြပြီး…

Read More