ကချင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် ရေတို/ ရေရှည် စီမံကိန်းလုပ်ငန်းများနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်းဆွေးနွေး
မြစ်ကြီးနား စက်တင်ဘာ ၁၁ ကချင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်စေရေး ပြည်နယ်ဘဏ္ဍာ၊ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေများ ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် စီမံကိန်းလုပ်ငန်းများနှင့် ပတ်သက်၍ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာ ၁၁ ရက် မွန်းလွဲ ၁ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကချင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးတည်ဆောင်ရွက်ရာတွင် ရေတို/ ရေရှည်စီမံကိန်းသည် ပြည်နယ်၏ အနာဂတ်အတွက် စီမံရေးဆွဲရမည်ဖြစ်သလို လက်ရှိကာလ၏ လိုအပ်ချက်များကိုလည်း ချိန်ညှိ ရေးဆွဲရန်လိုကြောင်း၊ နိုင်ငံတော်အစိုးရ၏ လမ်းညွှန်ချက်များနှင့်အညီ ပြည်နယ်၏ စီမံကိန်းရေး ဆွဲချမှတ်ရာတွင် နိုင်ငံတော်၏ လိုအပ်ချက်၊ လိုလားချက်နှင့် မျှော်မှန်းချက်များအပေါ် မူတည်ပြီး ရွေးချယ်မှုနှင့် ရည်မှန်းချက်ချမှတ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်သူများကို တိုက်ရိုက်အကျိုး ပြုဖြစ်ထွန်းနိုင်မည့် လုပ်ငန်းများဖြစ်စေရေး…