ကချင်ပြည်နယ်အတွင်း ဆီထွက်သီးနှံများဖြစ်သည့် နေကြာအပါအဝင် အခြားဆီထွက်သီးနှံများ ခရိုင်အလိုက် တိုးချဲ့စိုက်ပျိုးနိုင်ရေး ညှိနှိုင်းအစည်းအ‌ဝေးပြုလုပ်

 ကချင်ပြည်နယ်အတွင်း ဆီထွက်သီးနှံများဖြစ်သည့် နေကြာအပါအဝင် အခြားဆီထွက်သီးနှံများ ခရိုင်အလိုက် တိုးချဲ့စိုက်ပျိုးနိုင်ရေး ညှိနှိုင်းအစည်းအ‌ဝေးပြုလုပ်

မြစ်ကြီးနား     မတ် ၁၂

          ကချင်ပြည်နယ်အတွင်း ဆီထွက်သီးနှံများဖြစ်သည့် နေကြာအပါအဝင် အခြားဆီထွက်သီး ထပ်သီးနှံများ ခရိုင်အလိုက် တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် စီမံချက်ရေးဆွဲရေးဆိုင်ရာလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို မတ် ၁၁ ရက် ညနေ ၄ နာရီခွဲတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။

          အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကချင်ပြည်နယ်သည် စိုက်ပျိုး ရေးကို အခြေခံပြီး သဘာဝမြေဆီမြေနှစ်များ၊ ရေအရင်းအမြစ်ပေါများသည့် ပြည်နယ်တစ်ခုဖြစ် ပါကြောင်း၊ သို့သော်မိမိတို့ ပြည်နယ်အနေဖြင့် စားသုံးဆီဖူလုံမှုသည် ရာခိုင်နှုန်းအားဖြင့် ၅၀ ရာခိုင်နှုန်းသာရှိနေသည့်အတွက် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်းချက်နှင့်အညီ ပြည်တွင်း ဆီစားသုံးမှုဖူလုံစေရေးအတွက် ဆီထွက်သီးနှံများဖြစ်သည့် နေကြာအပါအဝင် မြေပဲ၊ နှမ်း၊ ပန်းနှမ်း နှင့် ဆီမုန်ညှင်းများကို တိုးချဲ့စိုက်ပျိုးနိုင်ရေး စီမံဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဌာနဆိုင်ရာတာဝန်ရှိသူများအနေဖြင့် ပြည်နယ်၏ ရေမြေသဘာဝနှင့်ကိုက်ညီပြီး ဆီစားသုံးမှုဖူလုံ စေရေး အထွက်နှုန်းတိုးသည့် ဆီထွက်သီးနှံများကို လက်တွေ့ကျသော အစီအမံများဖြင့် စိုက်ပျိုး နိုင်ရေး ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်ကြည်လင်းက ပြည်နယ်အတွင်း ဆီထွက်သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ခဲ့မှု အခြေအနေများနှင့် တိုးချဲ့စိုက်ပျိုး နိုင်ရေးအတွက် ဆောင်ရွက်သွားမည့် အစီအမံများကို ရှင်းလင်းတင်ပြပြီး၊ ပြည်နယ်စိုက်ပျိုးရေး ဦးစီးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန၊ ဆည်မြောင်းနှင့် ရေအရင်းမြစ် အသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနတို့မှ ပြည်နယ်ဦးစီးမှူးများနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများ က ခရိုင်အလိုက် စားသုံးဆီ ဖူလုံမှုအခြေအနေများ၊ ပြည်နယ်အတွင်း နှစ်အလိုက် ဆီထွက်သီးနှံ များ စိုက်ပျိုးထုတ်လုပ်နိုင်ခဲ့မှု အခြေအနေများ၊ နေကြာစိုက်ပျိုးထုတ်လုပ်နိုင်ခဲ့မှု အခြေအနေများ၊ ဆီထွက်သီးနှံစိုက်ဧကများ တိုးချဲ့စိုက်ပျိုးသွားမည့် အစီအမံများ၊ အထွက်တိုး မျိုးစေ့များ တိုးမြှင့် ရရှိရေးနှင့် စိုက်ပျိုးနည်းပညာများ ဖြန့်ဝေဆောင်ရွက်သွားမည့် အစီအစဉ်များ ကို ရှင်းလင်းတင်ပြ ကြသည်။

          ရှင်းလင်းတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ဆီထွက်သီးနှံများကို ခရိုင်အလိုက် ဒေသနှင့်ကိုက်ညီပြီး အောင်မြင်ဖြစ်ထွန်းနိုင်သည့် သီးနှံများ စိုက်ပျိုးသွားနိုင်ရေးအတွက် အစီ အမံ များကို စနစ်တကျ စီမံချက်ရေးဆွဲ၍ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ကြိုးပမ်း ဆောင်ရွက်ကြရန်နှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။