မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ဇီဝိတဒါနငါးလွှတ်ပွဲ၊ သက်ကြီးပူဇော်ပွဲနှင့် အန္တရာယ်ကင်းပရိတ်တရားတော်နာယူပွဲများ အောင်မြင်စွာကျင်းပရေး ညှိနှိုင်းဆွေးနွေး

 မြန်မာနှစ်ဆန်းတစ်ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ဇီဝိတဒါနငါးလွှတ်ပွဲ၊ သက်ကြီးပူဇော်ပွဲနှင့် အန္တရာယ်ကင်းပရိတ်တရားတော်နာယူပွဲများ အောင်မြင်စွာကျင်းပရေး ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     ဧပြီ ၉

          ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက ကြီးမှူးကျင်းပမည့် ၁၃၈၃ ခုနှစ်၊ မြန်မာနှစ်ဆန်း တစ်ရက်နေ့တွင် ဇီဝိတဒါနငါးလွှတ်ပွဲ၊ သက်ကြီးပူဇော်ပွဲနှင့် အန္တရာယ်ကင်းပရိတ်တရားတော်နာယူပွဲ များ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ဧပြီ ၉ ရက် ညနေ ၄ နာရီတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

          ညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က နှစ်စဉ် ကျင်းပသည့် သင်္ကြန်ပွဲတော် ကျင်းပနိုင်ခြင်းမရှိသော်လည်း မြန်မာ့ရိုးရာအစဉ်အလာမပျက် မြန်မာ ယဉ်ကျေးမှုကို ဖော်ထုတ်ပြသသည့် မြန်မာနှစ်ဆန်းတစ်ရက်နေ့အတွက် ကုသိုလ်ကောင်းမှုပြုသည့် အခမ်းအနားများကို ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့်အညီ ကျင်းပပြုလုပ် သွားရမည်ဖြစ်ပါကြောင်း၊ အခမ်းအနားများ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆပ်ကော်မတီအသီး သီးအနေဖြင့် မိမိတို့လုပ်ငန်းတာဝန်များကို ကျေပွန်အောင် ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း မှာ ကြားသည်။

          ယင်းနောက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအတွင်းရေးမှူး ဦးခင်မောင်လေးက မြန်မာနှစ် ဆန်းတစ်ရက်နေ့တွင် ‌ကျင်းပပြုလုပ်သွားမည့် အခမ်းအနားများအတွက် ဆပ်ကော်မတီအသီးသီးနှင့် ညှိနှိုင်းဆောင်ရွက်ထားရှိမှုနှင့် အခမ်းအနားတစ်ခုချင်းအလိုက် ဆောင်ရွက်သွားမည့် အစီအမံများကို  ရှင်းလင်းတင်ပြပြီးအခမ်းအနားတက်ရောက်လာကြသည့် ဆပ်ကော်မတီအသီးသီးမှ ဌာနဆိုင်ရာများ ကကဏ္ဍအလိုက် ဆောင်ရွက်သွားမည့် လုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ်ချက်များကို တင်ပြဆွေး နွေးကြရာ ပြည်နယ်ကောင်စီအဖွဲ့ဝင်များက ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။

          ထို့နောက် ဆွေးနွေးတင်ပြမှုများအပေါ် ပြည်နယ်စီမံအုပ်ချုပ်‌ရေးကောင်စီဥက္ကဋ္ဌက အခမ်းအ နားများ အောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် လုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ လိုအပ်ချက်များ အပေါ် ဆပ်ကော်မတီအသီးသီးနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြေရှင်းဆောင်ရွက်ပေးခဲ့သည်။