ကိုဗစ်-၁၉ ကာလအတွင်း မြစ်ကြီးနားမြို့နယ်အတွင်းရှိ IDPs စခန်း ၂၆ ခုမှ အိမ်ထောင်စု ၂၁၉၄ စု လူဦးရေ ၁၁၆၁၃ ဦးတို့အတွက် အခြေခံစားသောက်ကုန်များ၊ ဆေးဝါးများနှင့် နှာခေါင်းစည်း Mask များ ထောက်ပံ့ပေးအပ်

 ကိုဗစ်-၁၉ ကာလအတွင်း မြစ်ကြီးနားမြို့နယ်အတွင်းရှိ IDPs စခန်း ၂၆ ခုမှ အိမ်ထောင်စု ၂၁၉၄ စု လူဦးရေ ၁၁၆၁၃ ဦးတို့အတွက် အခြေခံစားသောက်ကုန်များ၊ ဆေးဝါးများနှင့် နှာခေါင်းစည်း Mask များ ထောက်ပံ့ပေးအပ်

မြစ်ကြီးနား     ဇူလိုင် ၁၈

          ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီက ကိုဗစ်-၁၉ ရောဂါ ရောဂါပိုးကူးစက်မှုနှုန်းမြင့် မားလာသည့်အတွက် Stay at Home အစီအစဉ်တွင် မြစ်ကြီးနားမြို့နယ်အား ပါဝင်လာပြီးနောက် မြို့နယ်အတွင်းရှိ IDPs စခန်း ၂၆ ခုမှ အိမ်ထောင်စု ၂၁၉၄ စု၊ လူဦးရေ ၁၁၆၁၃ ဦးတို့၏ နေထိုင် စားသောက်မှု အဆင်ပြေစေရေး ဇူလိုင် ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် အခြေခံစားသောက် ကုန်များ၊ ဆေးဝါးများနှင့် နှာခေါင်းစည်း Mask များကို စခန်းများအ‌ရောက် သွားရောက်ထောက်ပံ့ပေးအပ် ခဲ့ကြသည်။

          အဆိုပါ ထောက်ပံ့မှုအစီအစဉ်ကို ဇူလိုင် ၁၇ ရက် မွန်းလွဲ ၂ နာရီတွင် ပြည်နယ်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ ဦခက်ထိန်နန်၊ ပြည်နယ်ကောင်စီအဖွဲ့ဝင် ဦးတိန့်ဆောင်နှင့် ဌာနဆိုင်ရာတာ ဝန်ရှိသူများက မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်ရှိ ဇီးအွန် IDPs စခန်း၌ ဇီးအွန်၊ ဗက်လင်၊ မလိ ယန်စခန်း (၃)ခုမှ အိမ်ထောင်စုများနှင့် တွေ့ဆုံပြီး ကိုဗစ်-၁၉ ရောဂါကာလအတွင်း မိသားစုဝင် များ၏ နေထိုင်စားသောက်မှုအဆင်ပြေစေရေး ယခုလို ပံ့ပိုးကူညီပေးခြင်းဖြစ်ကြောင်းနှင့် အားပေး စကားပြောများကြားခဲ့ကြကာ စခန်း(၃)ခုမှ အိမ်ထောင်စု ၃၄၅ စု၊ လူဦးရေ ၁၇၆၆ ဦးတို့အတွက် အခြေခံစားသောက်ကုန်များ၊ ဆေးဝါးများနှင့် နှာခေါင်းစည်း Mask များကို ထောက်ပံ့ပေးအပ်ခဲ့ ကြသည်။

          ယင်းနောက် မြို့သစ်ကြီးရပ်ကွက်၊ ဂျာမိုင်ကောင်းစိန့်ပေါလ် RC IDPs စခန်း၌ နှစ်ခြင်း အသင်းတော်စခန်းနှင့် RC အသင်းတော်စခန်း (၂)ခုတို့မှ မိသားစုများနှင့် တွေ့ဆုံအားပေးကာ အိမ် ထောင်စု၂၇၉ စု၊ လူဦးရေ ၁၅၇၁ ဦးတို့အတွက် ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့ကြပြီး နန်းကွေ့ ကျေးရွာအုပ်စု၊ ကဘူဒမ်းကျေးရွာ၌ ကဘူဒမ်း၊နန်းကွေ့စိန်ယောယန်၊ မော်ဖောင်းလော်ဝေါ်စခန်း၊ ပမ္မတီနယ်မြေ(၁)နှင့် ခါနန်စခန်း(၅)ခုတို့မှ အိမ်ထောင်စု ၁၅၁ စု၊ လူဦးရေ ၇၄၁ ဦးတို့အတွက်  ထောက်ပံ့ပစ္စည်းများနှင့် ခါနန်စခန်းအတွက် မီတာခပေးဆောင်နိုင်ရေးအတွက် မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ကနဦး မတည်ငွေကျပ် ၅ သိန်းတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

          ထိုမှတစ်ဆင့် မြစ်ကြီးနားမြို့ ဒူကထောင်ရပ်ကွက် နယ်မြေ  ၄ စခန်း၌ နယ်မြေ (၄)၊ (၅)၊ (၆)ရှိ စခန်း (၃)ခုတို့မှ အိမ်ထောင်စု ၁၉  စု၊ လူဦးရေ ၁၀၉    ဦးတို့အတွက်လည်းကောင်းနှင့် စီတာပူ ရပ်ကွက် ဆွတ်ငိုင်တောင်စခန်း၌ ဆွတ်ငိုင်တောင်၊ သီတာအေး၊ အင်္ဂလိကန်စခန်း(၃)ခုတို့မှ အိမ် ထောင်စု ၁၅၂ စု၊ လူဦးရေ ၇၆၂ ဦးတို့အတွက်လည်းကောင်း ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့ကြကာ ဆွတ်ငိုင်တောင်စခန်းအတွင်း မိသားစုများနေထိုင်လျက်ရှိသည့် အဆောက်အဦများ ပြုပြင်ပေးနိုင် ရေးအတွက်လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ကလေးငယ်များအတွက် မုန့်များကိုဝေငှကျွေးမွေး ခဲ့ကြသည်။

          အလားတူ ဇူလိုင် ၁၈ ရက်တွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ သည် တပ်ကုန်းရပ်ကွက်နှစ်ခြင်းအသင်းတော် IDPs စခန်း၌ တပ်ကုန်းနှစ်ခြင်း၊ အင်ဂျန်ဒုံ၊ ဂါလိလဲ၊ စံပြ၊ ရာဒါကောင်းဘီ(COC)စခန်း (၅)ခုမှ အိမ်ထောင်စု ၃၀၀ စု၊ လူဦးရေ ၁၅၇၇ ဦးတို့အတွက် လည်းကောင်း၊ ရွှေစက်ရပ်ကွက် IDPs စခန်း၌ ရွှေစက်နှင့်မန်ခိန်စခန်း (၂)တို့မှ အိမ်ထောင်စု ၂၀၈ စု၊ လူဦးရေ ၁၂၂၄ ဦးတို့အတွက်လည်းကောင်း၊ ထိုမှတစ်ဆင့် နောင်နန်းကျေးရွာအုပ်စု ဂျော်မဆတ် IDPs စခန်းရှိ အိမ်ထောင်စု ၁၃၇ စု၊ လူ ဦးရေ ၆၄၉ ဦးတို့အတွက်နှင့် နောင်နန်းတြီနီတီစခန်း၌ တြီနီတီနှင့် စိန့်ဂျိုးဇက်စခန်း(၂)ခုတို့မှ အိမ်ထောင်စု ၆၀၃ စု၊ လူဦးရေ ၃၂၆၀ ဦးတို့အတွက် ထောက်ပံ့ပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ကြပြီး IDPs စခန်းများအတွင်း လိုအပ်ချက်များကို မေးမြန်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြသည်။

          ကချင်ပြည်နယ်စီမံအုပ်ချုပ်‌ရေးကောင်စီအနေဖြင့် အဆိုပါ ထောက်ပံ့မှုအစီအစဉ်အတွက် ငွေကျပ် ၁၉၀၀၀၀၀၀ ခန့်တန်ဖိုးရှိ ဆန်အိတ် ၃၆ အိတ်၊ ခေါက်ဆွဲခြောက် ၆၄၀ ဖာ၊ ကြက်ဥ ၈၂၈၀ လုံး၊ ကုလားပဲ ပိသာ ၆၀၀၊ ပဲဆီ (၅၀)ကျပ်သားပါ၂၄၀၀ ဘူး၊ ငါးသေတ္တာ ၃၅၀၀ ဘူး၊ ကြက်သွန်နီ ၂၂၇၅ ပိသာ၊ ပေါင်မုန့် ၁၅၀၀ ထုပ်၊ ပါရာဇီတမော့ဆေးပြား ၁၀၀၀ ပြား၊ စီဘစ်ဆေး ၁၀၀၀ ပြား၊ မက်ထရိုအကိုက်အကဲပျောက်ဆေး ၁၀ ဘူး၊ ငုံဆေးအလုံး၂၀၀ ၊ Muli အားဆေး ၁၅ ဘူး၊ Fluza ဆေးဘူးကြီး ၁၀ ဘူး၊ Vitamin C ဘူးကြီး ၁၀၀၀ ပြားပါ ၁၀ ဘူးတို့အပြင် ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနနှင့် အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC)တို့မှ နှာခေါင်းစည်း Mask များ၊ ဆပ်ပြာများ၊ အားဆေး၊ အကိုက်အခဲပျောက်ဆေး၊ ခေါင်းဆိုးပျောက်ဆေးရည်များနှင့် Hand Gel များကို ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်းနှင့် စခန်းများအတွင်း ဆေးဖြန်းခြင်းလုပ်ငန်းနှင့် မိသားစုများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေးအတွက် ကချင်ပြည်နယ်အခမဲ့ဆေးဝါး ကုသရေးဖောင်ဒေးရှင်းနှင့် ချိတ်ဆက်၍ စီစဉ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။