ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဆောင်၍ မြစ်ကြီးနားမြို့ ရပ်ကွက်ဈေးများတွင် ဒုတိယအကြိမ် Mask Campaign အစီအစဉ်နှင့် အသံချဲ့စက်များဖြင့် မြို့တွင်း လှည့်လည် အသိပေးနှိုးဆော်တိုက်တွန်းခြင်းများ အသိပညာပေးဆောင်ရွက်

 ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးဆောင်၍ မြစ်ကြီးနားမြို့ ရပ်ကွက်ဈေးများတွင် ဒုတိယအကြိမ် Mask Campaign အစီအစဉ်နှင့် အသံချဲ့စက်များဖြင့် မြို့တွင်း လှည့်လည် အသိပေးနှိုးဆော်တိုက်တွန်းခြင်းများ အသိပညာပေးဆောင်ရွက်

မြစ်ကြီးနား     ဇူလိုင် ၂၆

          မြစ်ကြီးနားမြို့နယ်သည် ကိုဗစ်-၁၉ ကူးစက်မှုနှုန်းမြင့်မားလာသည့်အတွက် နေအိမ်ပြင်ပ ထွက်သွားလာခွင့်ရှိသူများအား မဖြစ်မနေ နှာခေါင်းစည်း Mask တပ်ဆင်သွားလာရေး ကချင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန် ဦးဆောင်ပြီး ဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များ စုပေါင်း၍  ဇူလိုင် ၂၇ ရက် နံနက် ၇ နာရီတွင် မြစ်ကြီးနားမြို့ ရပ်ကွက်ဈေးများ တွင် ဒုတိယအကြိမ် Mask Campaign အစီအစဉ်ဖြင့် အသိပညာ‌ပေးကို ဆောင်ရွက်ခဲ့ကြသည်။

          မြစ်ကြီးနားမြို့ရှိ ရပ်ကွက်ဈေးများတွင် ဒုတိယအကြိမ် Mask Campaign အစီအစဉ်ကို ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ ပြည်နယ်ကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ်ပြည်သူ့ကျန်း မာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ခရိုင်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ စည်ပင်သာယာ‌ရေးအဖွဲ့ ဝန်ထမ်းများ၊ အောင်ချမ်းသာလူမှုကူညီရေးအသင်းဝင်များက လူအများ သွားလာရာနေရာဖြစ်သည့် အေးမြသာယာဈေးနှင့် ခေမာသီရိရပ်ကွက် မနက်ဈေးတို့တွင် ဈေး‌ ရောင်း၊ ဈေးဝယ်များအားလည်းကောင်းနှင့် မြို့တော်ခန်းမ၌ မြန်မာ့စီးပွားရေးဘဏ်မှပင်စင်လစာ ထုတ်ပေးနေသည့် ပင်စင်စားနိုင်ငံဝန်ထမ်းဟောင်းများအားလည်းကောင်း  နှာခေါင်းစည်း Mask များ ဖြန့်ဝေပေးခဲ့ကြပြီး နှာခေါင်းစည်း Mask စနစ်တကျတပ်ဆင်ရေးနှင့် ကိုဗစ်-၁၉ ရောဂါ အကြောင်း အသိပညာပေးခဲ့ကြသည်။

          အလားတူ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် ဇူလိုင် ၂၆ ရက် ည ရ နာရီတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့်အတူ အသံချဲ့စက် ကားများဖြင့် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ အလေးထားလိုက်နာဆောင်ရွက်ရန်အချက်များ ပါဝင်သည့် အသိပေးထုတ်ပြန်ကြေညာချက်များကို မြစ်ကြီးနားမြို့တွင်းသို့ လှည့်လည်၍ ရပ်ကွက် နေပြည်သူများသိရှိလိုက်နာစေရန်  အသိပေးနှိုးဆော်တိုက်တွန်း ဆောင်ရွက်နေမှုအား စစ်ဆေး ကြပ်မတ်ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။