ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ဝိုင်းမော်မြို့ ပြည်သူ့ဆေးရုံဝင်းအတွင်း အောက်စီဂျင်စက်ရုံပင်မအဆောက်အဦတည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေး

 ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ဝိုင်းမော်မြို့ ပြည်သူ့ဆေးရုံဝင်းအတွင်း အောက်စီဂျင်စက်ရုံပင်မအဆောက်အဦတည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား     ဇူလိုင် ၂၈

          ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်သည် ပြည်နယ်ကောင်စီအဖွဲ့ ဝင်များနှင့်အတူ ဝိုင်းမော်မြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများ အတွက် ဝိုင်းမော်မြို့နယ်ပြည်သူ့ဆေးရုံဝင်းအတွင်း အောက်စီဂျင်စက်ရုံ ပင်မအဆောက်အဦတည် ဆောက်နေမှုနှင့် ကိုဗစ်-၁၉ အတည်ပြုလူနာများ သီးသန့်ထားစောင့်ကြည့်နေမှုတို့ကို ဇူလိုင် ၂၈ ရက် မွန်းလွဲ ၂ နာရီခွဲတွင် သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

          ရှေးဦးစွာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များသည် ဝိုင်းမော်မြို့ ပြည် သူ့ဆေးရုံ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဆေးရုံအုပ်ကြီး၊ ကျန်းမာရေးဝန်ထမ်းများနှင့် တွေ့ ဆုံပြီး မြို့နယ်အတွင်း ကိုဗစ်-၁၉ ဖြစ်ပွားမှုအခြေအနေများနှင့် ထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများနှင့် ပတ်သက်၍ မေးမြန်းဆွေးနွေးခဲ့ကာ  ဆေးရုံအုပ်ကြီးနှင့် ကျန်းမာရေးဝန်ထမ်းများအတွက် ထောက်ပံ့ငွေကျပ် ၁၅ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့သည်။

          ထို့နောက် ဆေးရုံဝင်းအတွင်း တည်ဆောက်လျက်ရှိသည့် အလျား ၃၀ ပေ၊ အနံ ၂၅ ပေ၊ အမြင့် ၁၅ ပေရှိ အောက်စီဂျင်စက်ရုံပင်မအဆောက်အဦကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူတည်ဆောက်လျက်ရှိသည့် အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ ပံ့ပိုးကူညီပေးနိုင်ရေး ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

          အဆိုပါ အောက်စီဂျင်စက်ရုံ တည်ဆောက်ရေးအတွက် အလှူရှင်များ၏ ပံ့ပိုးကူညီမှုဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ Oxygen Plant မှာယူထားပြီး စက်ရုံကို စက်တင်ဘာလပထမအပတ် အတွင်း လည်ပတ်နိုင်ရန် လျာထားကြောင်းနှင့် စက်ရုံတည်ဆောက်ပြီးစီးပါက တစ်နေ့လျှင် ၄၀ လီတာဆံ့ အောက်စီဂျင်အိုးအလုံး ၃၀ ထုတ်လုပ်နိုင်မည်ဖြစ်ပြီး ဝိုင်းမော်မြို့၊ ဆဒုံးနှင့် ကန်ပိုက်တီ မြို့ဆေးရုံတို့အတွက် မျှဝေသုံးစွဲသွားနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

          ထိုမှတစ်ဆင့် ဝိုင်းမော်မြို့ လော်ဝေါ်ယဉ်ကျေးမှုဗိမ္မာန်တော်အတွင်းနှင့် မြို့နယ်မိုးလုံလေ လုံအားကစားခန်းမတို့တွင် ကိုဗစ်-၁၉အတည်ပြုလူနာများသီးသန့်ထားစောင့်ကြည့်ကုသပေးနေမှု အခြေအနေများကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြပြီး ပါဝင်ကူညီဆောင်ရွက်နေကြသော စေတ နာ့ဝန်ထမ်းများအား တွေ့ဆုံအားပေးစကားပြောကြားကာ မြို့နယ်အတွင်းရှိ စေတနာ့ဝန်ထမ်း ၁၁၂ ဦးတို့အတွက် ထောက်ပံ့ငွေကျပ် ၁၀ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

          ယင်းနောက် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ကိုဗစ်-၁၉ အတည်ပြုလူနာ များ သီးသန့်ထားစောင့်ကြည့်နေမှုနှင့် ထပ်တိုးလူနာများအတွက် သီးသန့်ထားနိုင်ရေး နှစ်ထပ်စာ သင်ဆောင်အတွင်း ပြင်ဆင်ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

          ဆက်လက်၍ မြစ်ကြီးနားမြို့၌ ကိုဗစ်-၁၉ ဖြစ်ပွားမှုကြောင့် ကုစားရေးအစီအစဉ်တစ်ရပ် အနေဖြင့် နေထိုင်စားသောက်မှု အခက်အခဲဖြစ်ပေါ်သူများအား ကူညီထောက်ပံ့နိုင်ရေး ဆန်အိတ် များစီစဉ်ဆောင်ရွက်ထားရှိမှုနှင့် ကိုဗစ်-၁၉ အတည်ပြုလူနာများ သီးသန့်ထားသည့် အဆောင်များ အတွင်း ကုတင်လိုအပ်ချက်အတွက် ဖြည့်ဆည်းပေးနိုင်ရေး စီစဉ်စုဆောင်းထားရှိမှုများကို ကြည့်ရှု စစ်ဆေးခဲ့ကြသည်။