ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများအတွက် ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ ကုမ္ပဏီလုပ်ငန်းရှင်များ၊ အလှူရှင်များ စုပေါင်း၍ ဆေးရုံးသုံးပစ္စည်းများ အပါအဝင် ငွေကျပ်သိန်း ၂၀၀၀ ကျော်လှူဒါန်း

 ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများအတွက် ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ ကုမ္ပဏီလုပ်ငန်းရှင်များ၊ အလှူရှင်များ စုပေါင်း၍ ဆေးရုံးသုံးပစ္စည်းများ အပါအဝင် ငွေကျပ်သိန်း ၂၀၀၀ ကျော်လှူဒါန်း

မြစ်ကြီးနား     ဇူလိုင် ၂၉

          ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြု နိုင်ရေးအတွက် ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ အလှူရှင်များက ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေး နှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ ဆေးရုံးသုံးပစ္စည်းများအပါအဝင် ငွေကျပ်သိန်း ၂၀၀၀ ကျော် ပေးအပ်လှူဒါန်းပွဲကို ဇူလိုင် ၂၉ ရက် နံနက် ၁၀ နာရီတွင် မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပ ပြုလုပ်သည်။

          အလှူငွေများ ပေးအပ်လှူဒါန်းပွဲတွင် ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ ပြန်ရေးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ကုသရေးသည် မိမိတို့ပြည်နယ်ကောင်စီတစ်ခုတည်းဖြင့် ဆောင်ရွက်၍ မရသ ကဲ့သို့ အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ပြည်သူအားလုံးက ပူးပေါင်းပါဝင်မှသာ အကောင်း မွန်ဆုံးနှင့်အသက်သာဆုံးထိန်းချုပ်ကာကွယ်သွားနိုင်မည်ဖြစ်ကြောင်း၊ယခုလိုကာလတွင် ပူးပေါင်း ပါဝင်ပြီး လှူဒါန်းကြသည့် အဖွဲ့အစည်းအသီးသီးနှင့် လူပုဂ္ဂိုလ်များအားလုံးကို ပြည်နယ်သူ/သား များကိုယ်စား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း ဂုဏ်ပြုပြောကြားသည်။

          ယင်းနောက် အလှူရှင်များကိုယ်စား ကချင်တိုင်းရင်းသားလုပ်ငန်းရှင်များအသင်း KEP ကုမ္ပဏီမှ ဒါရိုက်တာ ဦးအားဖူက လှူဒါန်းရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်အ တွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန် ယူနန်ဘုံကျောင်းနှင့် ရွှေဖြူဆောက်လုပ်ရေးကုမ္ပဏီ လီမိတက်တို့မှ ကျောက်ကပ်ဆေးသည့်စက် (၂)လုံးအပါအဝင် ဌာန ဆိုင်ရာအဖွဲ့အစည်းများနှင့် ကုမ္ပဏီလုပ်ငန်းရှင်များ၊ အလှူရှင်များက စုစုပေါင်းအလှူငွေကျပ် ၂၃၄၅၀၀၀၀၀ ကို ထောက်ပံ့လှူဒါန်းကြရာ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် ပြည်နယ် ကောင်စီအဖွဲ့ဝင်များ၊ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးဌာနမှူးတို့က လက်ခံ ရယူခဲ့ကြပြီး ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည်ပေးအပ်ခဲ့ကြသည်။

          ထို့နောက် ပြည်နယ်ကော်မတီအတွင်းရေးမှူး၊ ပြည်နယ်ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး ကျော်လင်းအောင်က လက်ခံရရှိသည့် အလှူငွေများကို ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီမှ အောက်စီဂျင်စက်ရုံများ တည်ဆောက်နိုင်ရေးနှင့် ကိုဗစ်-၁၉ အတည်ပြုလူနာများအား နေထိုင်စား သောက်ရေးကို ပံ့ပိုးကူညီပေးနိုင်သည့်အတွက် ကျေးဇူးတင်စကားပြောကြားပြီး ပြည်နယ်စီမံအုပ် ချုပ်ရေးကောင်စီဥက္ကဋ္ဌက နိဂုံးချုပ်ဂုဏ်ပြုစကားပြောကြားခဲ့သည်။

          ယင်းနောက် မွန်းလွဲ ၁ နာရီခွဲတွင် မြစ်ကြီးနားပြည်သူ့ဆေးရုံကြီး၌ နေမင်းကမ္ဘာကုမ္ပဏီမှ ငွေကျပ်သိန်း ၂၀၀ တန်ဖိုးရှိ Oxygen Concentrator အလုံး (၂၀)ကို ပေးအပ်လှူဒါန်းရာ ပြည် နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ် ခဲ့သည်။

ကချင်ပြည်နယ်အနေဖြင့် ကိုဗစ်-၁၉ ကူးစက်မှုနှုန်းမြင့်မားလာသည့်အတွက် Stay at Home အစီအစဉ်တွင် မြစ်ကြီးနား၊ ဗန်းမော်၊ မိုးကောင်း၊ ရွှေကူ၊ ဖားကန့်မြို့နယ်တို့ပါဝင်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီး ကိုဗစ်-၁၉ ရောဂါတတိယလှိုင်းစတင်ဖြစ်ပွားလာသည့် မေလနောက်ဆုံး ပတ်မှ ဇူလိုင် ၂၈ ရက်နေ့အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၄၇၅၁ ဦးရှိပြီး သေဆုံးသူ ၁၇၅ ဦး၊ ကုသ မှုခံယူဆဲ ၂၄၀၆ ဦးနှင့် ရောဂါသက်သာ၍ ဆေးရုံဆင်းသူ ၂၁၇၀ ဦးရှိကြောင်း သိရှိရသည်။