ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်၍ ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ရုံးဝင်းသန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်

 ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်၍ ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်း မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် ရုံးဝင်းသန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်

မြစ်ကြီးနား     မတ် ၁၆

          ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် အစိုးရအဖွဲ့ရုံး သန့်ရှင်းသာယာလှပမှုရှိစေရေး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများနှင့် တပ်ရင်းတပ်ဖွဲ့များက မတ် ၁၅ ရက် ညနေ ၃ နာရီတွင် ပြည်နယ်ရုံးအပါအဝင် ရုံးဝင်းအတွင်းရှိ ကျွန်းတောတွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်ခဲ့ကြသည်။

          အဆိုပါ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းဆောင်ရွက်မှုကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးခင်မောင်လေး၊ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အရာထမ်း၊ အမှုထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ တပ်မတော်သားများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ စုပေါင်း၍ အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ကျွန်းတောအတွင်း မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်ရေးနှင့် ရုံးဝင်းသန့်ရှင်းသာယာလှပမှုရှိစေရေးအတွက် သစ်ရွက်ခြောက်များနှင့် အမှိုက်များကောက်ယူခြင်း၊ သစ်ပင်ခြုံနွယ်များ ရှင်းလင်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဝန်ထမ်းများအား ချီးမြှင့်ထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။