ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၂ ခုနှစ်၊ နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲ၊ မြို့နယ်ပညာရေးမှူး၊ အထက်တန်း၊ အလယ်တန်းကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်

 ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၂ ခုနှစ်၊ နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲ၊ မြို့နယ်ပညာရေးမှူး၊ အထက်တန်း၊ အလယ်တန်းကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေးအလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်

မြစ်ကြီးနား     မေ ၃

          ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်တို့က ပူးပေါင်း၍ အားကစားနည်း ၁၈ နည်းကို သင်တန်းသား (၁၀၀၀)ဦးဖြင့် ဖွင့်လှစ်သင်ကြားပေးခဲ့သော ၂၀၂၂ ခုနှစ်၊ နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲကို မေ ၃ ရက် နံနက် ၈ နာရီခွဲတွင် ပြည်နယ်မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီး ချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကားပြောကြားသည်။

          သင်တန်းဆင်းပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က နွေရာသီအားကစားသင်တန်းများတွင် ကျောင်း သားလူငယ်များစွာ တက်ရောက်လာခြင်းသည် ပညာရေးနှင့်အားကစားကို အချိုးညီညီပေါင်းစပ်ပြီး စွမ်းရည်မြင့်မားသည့် နိုင်ငံ့သားကောင်းများ ပေါ်ထွက်လာမည်ပါကြောင်း၊ အထူးသဖြင့် ဘောလုံး သင်တန်းသား(၂၀၀)ဦး၊ ဘော်လီဘောသင်တန်းသား (၁၀၀)ဦး၊ ကရာတေးဒိုနှင့် တိုက်ကွမ်ဒိုသင်တန်း သား (၁၀၀)နီးပါးတက်ရောက်ကြသည့်အတွက် သက်ဆိုင်ရာအားကစားနည်းများတွင် မျိုးဆက်သစ် များ လုံလောက်အောင် မွေးထုတ်ထားနိုင်သည်ကို တွေ့ရှိရပါကြောင်း၊ သင်တန်းသားများအနေဖြင့် လည်း မိမိတို့ ဝါသနာပါရာ အားကစားနည်းများကို ဆက်လက်လေ့ကျင့်သင်ကြားပြီး ပြည်နယ် ဂုဏ်ဆောင် အားကစားသမားများဖြစ်လာအောင် ကြိုးစားလေ့ကျင့်ပေးကြရန်လိုကြောင်း တိုက်တွန်း ပြောကြားသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီး ချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက သင်တန်းတစ်ခုချင်းစီအလိုက် အားကစားနည်းပြများ အား ဂုဏ်ပြုမှတ်တမ်းလွှာ၊ ဂုဏ်ပြုချီးမြှင့်ငွေနှင့် သင်တန်းဆင်းလက်မှတ်များကို ချီးမြှင့်ပေးအပ်ခဲ့ ကြပြီး သင်တန်းသား၊ သင်တန်းသူများက ပန်းပွား၊ ဂျူဒို၊ ဘောလီဘော၊ ဘောလုံး၊ ရိုးရာခြင်းလုံး၊ မြန်မာ့သိုင်း၊ ဝူရှုးစသည့် အခြေခံအားကစားနည်းများကို သရုပ်ပြကစားခဲ့ကြသည်။

          ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် မြစ်ကြီးနားမြို့ အမှတ် (၉)အခြေခံပညာအထက် တန်းကျောင်း၊ ရွှေသွေးခန်းမ၌ ပြည်နယ်ပညာရေးမှူးရုံးမှ ကြီးမှူးကျင်းပသည့် မြို့နယ်ပညာရေးမှူး၊ အထက်တန်း၊ အလယ်တန်းကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှုစွမ်းဆောင်ရည်မြင့်မားရေးအလုပ်ရုံဆွေး နွေးပွဲသို့တက်ရောက်ပြီး ပညာရေးဌာနရှိ ဆရာ၊ ဆရာမများ စွမ်းရည်မြင့်မားပြီး လုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက်အခဲမရှိဘဲ အောင်မြင်မှုများရရှိအောင် စွမ်းဆောင်နိုင်ရေးအတွက် အဓိက ကျသည့် ကဏ္ဍများကို စုံလင်စွာဆွေးနွေးသုံးသပ်ကြမည်ဖြစ်သည့်အတွက် ယနေ့ဆွေးနွေးပွဲမှတဆင့် ကချင်ပြည်နယ်၏ ပညာရေးတိုးတက်အောင်မြင်မှုရရှိအောင် စွမ်းဆောင်နိုင်မည်ဖြစ်ပါကြောင်းအား ပေးတိုက်တွန်းပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ၃.၅.၂၀၂၂ ရက်နေ့မှ ၄.၅.၂၀၂၂ ရက်နေ့အထိ (၂)ရက်တာ အလုပ်ရုံဆွေးနွေးပွဲသို့ တက်‌ရောက်လာကြသည့် သင်တန်းနည်းပြများ၊ ပြည်နယ်အတွင်းရှိ မြို့နယ် ပညာရေးမှူးများ၊ ကျောင်းအုပ်ဆရာ၊ ဆရာမများ၏ လိုအပ်ချက်များကို မေးမြန်းဆွေးနွေးကာ ပြည်နယ်ဝန်ကြီးများနှင့်အတူ ဆရာ၊ ဆရာမများအား ရင်းရင်းနှီးနှီး လိုက်လံတွေ့ဆုံ နှုတ်ဆက် အားပေးခဲ့ကြကြောင်း သိရှိရသည်။