ကချင်ပြည်နယ်ဝန်ကြီးချုပ် သီတင်းကျွတ်အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲအား ကြည့်ရှုအားပေးကာ ဆုချီးမြှင့်

 ကချင်ပြည်နယ်ဝန်ကြီးချုပ် သီတင်းကျွတ်အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲအား ကြည့်ရှုအားပေးကာ ဆုချီးမြှင့်

မြစ်ကြီးနား     အောက်တိုဘာ ၁၇

ကချင်ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပြည်နယ်ပိုက်ကျော်ခြင်း ဆပ်ကော် မတီတို့ ပူးပေါင်းကျင်းပသည့် သီတင်းကျွတ်အထိမ်းအမှတ် အမျိုးသား (၃)ယောက်တွဲ ပိုက်ကျော်ခြင်း ပြိုင်ပွဲဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားအား အောက်တိုဘာလ ၁၇ ရက် ညနေ ၃ နာရီက မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ တက်ရောက် ကြည့်ရှုအားပေးကာ ဆုများပေးအပ်ချီးမြှင့်ခဲ့ သည်။

          ‌ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများက ဗိုလ်လုပွဲစဥ်အ‌ဖြစ် အံတော်ရှင်(က)အသင်းနှင့်ကျောင်းသားကလပ်အသင်းတို့ အကြိတ်အနယ် ယှဥ်ပြိုင်ကစားနေမှုအား ကြည့်ရှုအား‌ပေးရာ အံတော်ရှင်(က)အသင်းက ၂ပွဲပြတ်ဖြင့်အနိုင်ရဗိုလ်စွဲသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးများက အမျိုးသား (၃)ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် နေရာအလိုက်  အကောင်းဆုံး ဆုရရှိသောအားကစားသမားများနှင့် ပွဲစဥ်တစ်လျှောက် အကောင်းဆုံး ကစားသမားအား ငွေသားဆုနှင့် ဆုတံဆိပ်များအားပေးအပ်ချီးမြှင့်သည်။ ဆက်လက်ပြီး တတိယဆု ရရှိသော အငယ်လေးအသင်းအား ပြည်နယ်အမျိုးသမီးအားကစားအဖွဲ့ နာယက၊ ပြည်နယ်ဝန်ကြီး ချုပ်၏ဇနီး ‌ဒေါ်နန်ဆိုင်းက  တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကိုလည်းကောင်း ၊ဒုတိယဆုရရှိ သော ကျောင်းသားကလပ်အသင်းအား  ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာက တစ်ဦးချင်းဆုတံဆိပ်နှင့် ငွေသားဆုများကိုလည်းကောင်း ပေးအပ်ချီးမြှင့်သည်။

          ထို့နောက် ပထမဆုရရှိသော အံတော်ရှင်(က) အသင်းအား ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က တစ်ဦးချင်းဆုတံဆိပ်နှင့်ငွေသားဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။ 

          အဆိုပါ သီတင်းကျွတ်အထိမ်းအမှတ် ပိုက်ကျော်ခြင်းပြိုင်ပွဲကို မြစ်ကြီးနားမြို့ရှိ အသင်းပေါင်း (၁၃)သင်းဖြင့် အောက်တိုဘာ ၁၅ ရက်နေ့မှ အုပ်စု(၄)စုခွဲ၍ ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်ပြီး မျိုးဆက်သစ် ပိုက်ကျော်ခြင်းအားကစားသမားများ ပေါ်ထွန်းလာစေရေးအတွက် ဆောင်းရာသီအားကစားပွဲတော် အထိမ်းအမှတ်ပြိုင်ပွဲ၊ ဒီဇင်ဘာလူထုအားကစားလ လှုပ်ရှားမှုပြိုင်ပွဲ၊ ကချင်ပြည်နယ်နေ့အထိမ်း အမှတ်၊ ပြည်ထောင်စုနေ့ အထိမ်းအမှတ် ပြိုင်ပွဲများကို ဆက်လက်ကျင်းပ ပြုလုပ်သွားမည်ဖြစ် ကြောင်း ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ သိရှိရသည်။