ကချင်ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန် မြစ်ကြီးနားမြို့နှင့်ဝိုင်းမော်မြို့အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

 ကချင်ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန် မြစ်ကြီးနားမြို့နှင့်ဝိုင်းမော်မြို့အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား     အောက်တိုဘာ ၁၉

        ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် အစိုးရအဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများ ၊ပြည်နယ် ဥပဒေချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အောက်တိုဘာ ၁၉ ရက် နံနက် ၈နာရီက မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းလှည့်လည် ကြည့်ရှု စစ်ဆေးခဲ့ ကြသည်။

          ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် ဝိုင်းမော်မြို့နယ် မိုင်းနားကျေးရွာ အုပ်စု အတွင်းရှိ ရွှေမိုးတောင်ဆုတောင်းပြည့်စေတီတော်မြတ်ကြီးသို့ ရောက်ရှိပြီး စေတီတော်ဂေါပကအဖွဲ့ ဝင်များနှင့်အတူ စေတီတော်ပရဝုဏ်နှင့်ရင်ပြင်တော်ပတ်လည်အား လှည့်လည် ကြည့်ရှုစစ်ဆေး ခဲ့ကြ ပြီး ပြည်နယ်ဝန်ကြီးချုပ်က ဘုရားဖူးလာဧည့်သယ်တော်များ စိတ်အေးချမ်းစွာ လာရောက်ဖူး‌မြော် နိုင်ရေးအတွက် စေတီတော်ပရဝုဏ် သန့်ရှင်းသာယာလှပရေး အမှိုက်နှင့်ခြုံနွယ်များ ခုတ်ထွင်ရှင်း လင်းရန်၊ လှေကားအတက်အဆင်း လက်ရန်းများအား အသစ်ပြန်လည် ပြင်ဆင်မွမ်းမံရန်၊ မိုးရာသီ အတွင်း စိုက်ပျိုးထားသည့် ပန်းအလှပင်များ စိမ်းလန်းစိုပြေစေရေး ဆောက်ရွက်ရမည့် လုပ်ငန်းများ ကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ စီတာပူရပ်ကွက်ရှိ ဗလ မင်းထင်တံတားအမှတ်(၂) တည်ဆောက်ရေးစီမံကိန်းလုပ်ငန်းခွင်သို့ ရောက်ရှိပြီး တံတားဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ တံတားကြမ်းခင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ် ဆေးခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်က တံတားအရည်အသွေးပြည့်မီရေးကို အထူးအလေးထားဆောင် ရွက်ရန်၊ ဗလမင်းထင်တံတားအမှတ်(၁) သာယာလှပရေးအတွက် လက်ရန်းများ ဆေးသုတ်ခြင်း၊ ပြုပြင်မွမ်းမံခြင်းလုပ်ငန်းများ‌နှင့် လုပ်ငန်းခွင်သန့်ရှင်းရေးဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ် နှင့်အဖွဲ့သည် မြစ်ကြီးနားတက္ကသိုလ်သို့ ရောက်ရှိပြီး  ပါမောက္ခချုပ်၊ ပါမောက္ခ၊ ဌာနမှူးများနှင့်အတူ တက္ကသိုလ်မိန်းဆောင်ရှေ့တွင် စိုက်ထူထားသည့် ရွှေရတုအထိမ်းအမှတ် ကျောက်တိုင် ပြင်ဆင် မွမ်းမံနိုင်ရေး၊ ဘွဲ့နှင်းသဘင်ခန်းမဆောင်နှင့် သုတေသနအ‌ဆောင်များအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က တက္ကသိုလ်ပတ်ဝန်းကျင် စိန်းလန်းစိုပြေ သန့်ရှင်းသာယာ လှပရေးအတွက် ဆက်လက်ဆောက်ရွက်ရမည့် အစီအစဥ်များကို တာဝန်ရှိသူများအား လမ်းညွှန်မှာ ကြားကာ လိုအပ်သည်များအား ဌာနဆိုင်ရာများနှင့်အတူ ပေါင်းစပ်ဆောင်ရွက်နိုင်ရေး ချိတ်ဆက် ဆောင်ရွက်ပေးခဲ့သည်။ 

          ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့၊ သီတာရပ်ကွက်ရှိ ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ တည်‌ဆောက်ပြီးစီးသည့် ရေကူးပြေးလမ်း ၁၀ လမ်း ပါ (အလျား ၅၀ မီတာ၊ အနံ ၂၅ မီတာ) ရှိ ရေကူးကန်တည်ဆောက်မှုလုပ်ငန်းခွင်အတွင်း ပွဲကြည့်စင်၊ အမိုးဒိုင်းများ တည်ဆောက်ထားရှိမှု၊ ရေကူးကန်အတွင်း ခေတ်မီစက်ကိရိယာများဖြင့် သန့်ရှင်း‌ရေး လုပ်ငန်းဆောင်ရွက်ခြင်း၊ ရေသန့်စင်ခြင်းစက်ကိရိယာများ တပ်ဆင်ထားရှိမှု အခြေအနေတို့ကို လှည့် လည်ကြည့်ရှုစစ်ဆေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က ဆက်လက်ဆောင်ရွက်သွားမည့်လုပ်ငန်းများ ဖြစ်သည့် ရေကူးကန်ဘေးပတ်လည်လျှောက်လမ်းများအား ကြွေပြားခင်းခြင်း၊ ပွဲကြည့်စင် ထိုင်ခုံများ တပ်ဆင်ခြင်း၊ အုတ်တံတိုင်းကာရံခြင်း လုပ်ငန်းများအား စံချိန်စံညွှန်း နှင့် အရည်အသွေးပြည့်မီအောင် ဆောက်လုပ်သွားရေး တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်းသိရသည်။