ကချင်ပြည်နယ်ဝန်ကြီးချုပ် ခေါင်လန်ဖူးမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းဖြင့် ‌ဒေသစီးပွားမြှင့်တင်ပေးနိုင်‌ရေး ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေး

 ကချင်ပြည်နယ်ဝန်ကြီးချုပ် ခေါင်လန်ဖူးမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းဖြင့် ‌ဒေသစီးပွားမြှင့်တင်ပေးနိုင်‌ရေး ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေး

ခေါင်လန်ဖူး    နိုဝင်ဘာ ၁၉

          မြန်မာပြည်မြောက်ဖျား ပူတာအိုခရိုင် ခေါင်လန်ဖူးမြို့နယ် ဖွံ့ဖြိုးတိုးတက်လာစေရေးနှင့် နိုင်ငံ့ စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများဖြင့် ဒေသစီးပွားမြှင့်တင်ပေးနိုင်ရေး အတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်းတို့သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့်အတူ နိုင်ဝင်ဘာ ၁၇ ရက်နှင့် ၁၈ ရက်တို့တွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

          ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် နိုဝင်ဘာ ၁၇ ရက် နံနက်ပိုင်းတွင် နောင်မွန်းမြို့မှ တစ်ဆင့် ခေါင်လန်ဖူးမြို့သို့ မဂွေဇ-ခေါင်လန်ဖူးလမ်းအတိုင်း မော်တော်ယာဉ်တန်း ဖြင့် ထွက်ခွာခဲ့ကြပြီး အမြင့်ပေ ၇၇၀၀ ရှိ ဆန်းလွတ်ချက်တောင်ထိပ်၌ ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

          ထို့နောက် ခေါင်လန်ဖူးမြို့နယ်အတွင်းရှိ ထလားလော်‌ကျေးရွာသို့ ရောက်ရှိပြီး နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ မဂွေဇ-ခေါင်လန်ဖူးလမ်းပိုင်းအတွင်း ပေ ၈၀ အရှည်ရှိ ကွန်ကရစ်တံတားတည်ဆောက် ရေးလုပ်ငန်းခွင်၌ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ရှင်းလင်းဆောင် ၌ ခေါင်လန်ဖူးမြို့နယ်အတွင်း ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိ သည့် ကျေးရွာ ၂၇ ရွာ၊ အိမ်ခြေ (၅၁၇) ‌အိမ်၊ လူဦးရေ (၃၅၂၉)ဦးတို့ အတွက် အကျိုးဖြစ်ထွန်းစေသည့် ထလားလော်-ဂျာအုံးတောင်-ညီဝမ်ထန်ကျေးရွာချင်းဆက်လမ်း (၁၀)မိုင်အား မူလ လားလမ်းမှ မြေသားလမ်း (၅)မိုင်နှင့် လူသွားလမ်း (၅)မိုင်ဆောင်ရွက်ခြင်းလုပ်ငန်းနှင့်စပ်လျဉ်း၍ တာဝန်ရှိသူများ ၏ ရှင်းလင်းတင်ပြမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်ချိန်အတွင်း စနစ် တကျ ကွင်းဆင်းတိုင်းတာ စစ်ဆေးပြီး အမြန်ဆုံး‌‌ဆောင်ရွက်ပြီးစီးရေးနှင့် လိုအပ်ချကသည် များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

          ထိုမှတစ်ဆင့် ခေါင်လန်ဖူးမြို့သို့ ရောက်ရှိပြီး ဂီထော့တောင်ခန်းမ၌ မြို့နယ်အဆင့်ဌာနဆိုင် ရာများ၊ မြို့မိမြို့ဖများ၊ တိုင်းရင်းသားစာပေနှင့်ယဉ်ကျေးမှုအဖွဲ့များ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံပွဲ ကျင်းပပြုလုပ်ကာ ပြည်နယ်ဝန်ကြီးချုပ်က ခေါင်လန်ဖူးဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် မဖြစ်မနေ ဆောင်ရွက်သွားရမည့် ဒေသတွင်း စားနပ်ရိက္ခာဖူလုံရေး စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို ကြိုးပမ်းဆောင်ရွက်သွားကြရေး၊ ထို့အပြင် ဒေသ၏ ရှိရင်းစွဲ သဘာဝအလှအပများသည် ခရီးသွား လုပ်ငန်းဖြင့် အရှိန်အဟုန်တိုးတက်လာမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဒေသခံများအနေဖြင့် ဒေသဖွံ့ ဖြိုးတိုးတက်လာစေရေးအပြင် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်လာစေရေး အားလုံးကဝိုင်းဝန်း ကြိုးစား ကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် မြို့မိမြို့ဖတစ်ဦးက ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များနှင့် စပ်လျဉ်း ၍ တင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ များနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကာ ဌာနဆိုင်ရာများအတွက် ထောက်ပံ့ငွေကျပ်သိန်း ၂၀ ကို ထောက်ပံ့ပေးအပ်ခဲ့သည်။

          ယင်းနောက် နိုဝင်ဘာ ၁၈ ရက် နံနက်ပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ခေါင်လန်ဖူးမြို့၌ ဧည့်ရိပ်သာတည်ဆောက်နိုင်ရေး လျာထားမှုပုံစံနှင့် မြေနေရာကို ကြည့်ရှုစစ်ဆေးပြီး ခေါင်လန်ဖူးမြို့ ကွက်သစ်ဖော်ဆောင်ထားရှိမှုကိုလှည့်လည်ကြည့်ရှုစစ်ဆေးပြီး မြို့ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေ ခံလိုအပ်ချက်များဖြစ်သည့် လမ်း၊ တံတား၊ အဆောက်အအုံလိုအပ်ချက်များနှင့် သောက်သုံးရေလုံ လောက်မှုရှိစေရေး၊ လျှပ်စစ်မီးလင်းရေးအတွက် ဌာနဆိုင်ရာများ မြို့မိမြို့ဖများနှင့် ဆွေးနွေးခဲ့ကြ သည်။

          ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၌ မြို့မိမြို့ဖများ၊ ရဝမ် နှင့် လီဆူတိုင်းရင်းသားစာပေယဉ်ကျေးမှုအဖွဲ့များနှင့် တွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ် ဝန်ကြီးများ၊ တာဝန်ရှိသူများက စာပေနှင့်ယဉ်ကျေးမှုအဖွဲ့များအတွက် ထောက်ပံ့ငွေကျပ် ၁၀ သိန်း၊ ခြုံစောင်နှင့် အနွေးထည်များကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က ဒေသ ဖွံ့ဖြိုးရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရေး တိုက်တွန်းမှာကြားခဲ့သည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်စီးပွားရေးရာဝန်ကြီး၊ ဌာနတာဝန်ရှိသူများက ဂီထော့တောင်ခန်းမ၌ ဒေသတွင်း စားနပ်ရိက္ခာဖူလုံစေရေး၊ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ထုတ်ကုန်များ တိုးတက်လာစေရေးအတွက် နိုင်ငံ့စီးပွားမြှင့် တင်ရေးရန်ပုံငွေဖြင့် မတည်ထောက်ပံ့ ပေးနိုင်ရေးအတွက် ဒေသခံ စိုက်ပျိုးမွေးမြူရေးတောင်သူများနှင့် တွေ့ဆုံပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် မတည်ထောက်ပံ့နိုင်သည့်ချေးငွေဆိုင်ရာလုပ်ထုံးလုပ်နည်းများ၊ နည်းပညာနှင့် သွင်းအား စုများ ကူညီပံ့ပိုးပေးနိုင်သည့် အခြေအနေများနှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာ ‌ညှိနှိုင်းဆွေးနွေးခဲ့ကြ ပြီး ပြည်နယ်ဝန်ကြီးချုပ် ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့် ခွင့်ပြုဆေင် ရွက်ပေးနိုင်ရေး တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ ဒေသခံများအတွက် ထောက်ပံ့ငွေများ၊ ဟင်းသီးဟင်းရွက်မျိုးစေ့များနှင့် မွေးမြူရေးအထောက်အကူပြုဆေးဝါးများကို ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

          အလားတူ အဆိုပါခရီးစဉ်အတွင်း ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး၊ ပြည်နယ်အမျိုးသမီးရေးရာ အဖွဲ့ နာယက ဒေါ်နန်ဆိုင်းနှင့် တာဝန်ရှိသူများက ခေါင်လန်ဖူးမြို့နယ်အတွင်းရှိ အမျိုးသရေးရာအဖွဲ့ များနှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအသင်းဝင်များအတွက် ဝတ်စုံများကို ထောက်ပံ့ ပေးအပ်ခြင်းနှင့် မြို့ပေါ်ရှိ သက်ကြီးဘိုး/ဘွားများအား ဂါရဝပြုလက်ဆောင်များ၊ ကိုယ်ဝန်ဆောင် မိခင်များအား နှစ်သိမ့်အားပေးခဲ့ကြပြီး ထောက်ပံ့ငွေနှင့် အနွေးထည်များကို ထောက်ပံ့ပေးခဲ့ကြောင်း သိရှိရသည်။