ပူတာအိုခရိုင်အတွင်း မဂွေဇ-ခေါင်လန်ဖူးလမ်းပေါ်ရှိ အရှည်ပေ (၅၉၀) မဂွေဇတံတားဖွင့်လှစ်၊ နောင်မွန်မြို့နယ်အတွင်း ကဆန်ချောင်းရေတိုက်စားမှုမှ ကာကွယ်နိုင်ရေး ကွင်းဆင်းစစ်ဆေးပြီး ဒေသခံများအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများ လွှဲပြောင်းပေးအပ်

 ပူတာအိုခရိုင်အတွင်း မဂွေဇ-ခေါင်လန်ဖူးလမ်းပေါ်ရှိ အရှည်ပေ (၅၉၀) မဂွေဇတံတားဖွင့်လှစ်၊ နောင်မွန်မြို့နယ်အတွင်း ကဆန်ချောင်းရေတိုက်စားမှုမှ ကာကွယ်နိုင်ရေး ကွင်းဆင်းစစ်ဆေးပြီး ဒေသခံများအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေများ လွှဲပြောင်းပေးအပ်

နောင်မွန်း       နိုဝင်ဘာ ၁၉

မြန်မာပြည်မြောက်ဖျားပိုင်း ကချင်ပြည်နယ် ပူတာအိုခရိုင်အတွင်း ဝေးလံခက်ခဲသည့် နောင်မွန်မြို့နယ်နှင့် ခေါင်လန်ဖူးမြို့နယ်တို့ကို ချိတ်ဆက်ထားသော မဂွေဇ-ခေါင်လန်ဖူးလမ်းပေါ်ရှိ ကဆန်ခချောင်းပေါ်တွင် တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့(၁)မှ တည်ဆောက်ထားပြီးစီးခဲ့သည့် တံတားအမှတ် (၂/၁) မဂွေဇတံတား အရှည်ပေ ၅၉၀ ပေ(၁၈၀ စင်တီမီတာ) တံတားသစ်ဖွင့်ပွဲ အခမ်း အနားကို နိုဝင်ဘာ ၁၆ ရက် နံနက် ၁၁ နာရီက အဆိုပါ တံတား၌ ကျင်းပပြုလုပ်ရာ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများက တက်ရောက်ဖွင့်လှစ်ပေးကြသည်။

          တံတားဖွင့်ပွဲအခမ်းနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ဒေသခံပြည်သူများနှင့် နောင်မွန်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာတာဝန်ရှိသူများအား ပူတာအိုခရိုင်အတွင်း ဆန်ရိက္ခာလုံ လောက်မှုရှိစေရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘဏ္ဍာနှစ်အလိုက် ပြည်ထောင်စုဘဏ္ဍာ၊ ပြည်နယ်ဘဏ္ဍာရန်ပုံငွေများဖြင့် လုပ်ငန်းစီမံချက်များ ရေးဆွဲ၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ မှုအခြေအနေများ၊ ထို့အပြင် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှုဖြင့် မဂွေဇ- ခေါင်လန်ဖူးလမ်းကို နေ့ချင်းပေါက်ရောက်ရှိအောင် ဖောက်လုပ်ပေးနိုင်ခဲ့ပြီး ယနေ့ အဆိုပါလမ်းပေါ်ရှိ မဂွေဇတံတားသစ် ကိုဖွင့်လှစ်ပေးနိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ ပူတာအို‌ဒေသသည် ရေမြေတောတောင်သဘာဝအခြေခံများနှင့် ပြည့်စုံနေသည့်အတွက် ဖွံ့ဖြိုးတိုးတက်လာဖို့ရန် အရှိန်အဟုန်ကောင်းများရှိနေပါကြောင်း၊ ထို့ကြောင့် နိုင်ငံတော်နှင့် ပြည်နယ်အစိုးရအဖွဲ့တို့မှ ယခုလို ဖြည့်ဆည်းဆောင်ရွက်ပေးနေသကဲ့သို့ ဒေသခံများ အနေဖြင့်လည်း မိမိတို့ဒေသဖွံ့ဖြိုးတိုးတက်ရေးကို အတူတကွ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် လိုကြောင်း တိုက်တွန်းပြောကြားသည်။

          ထို့နောက် မဂွေဇတံတားတည်ဆောက်ပေးသည့်အတွက် ဒေသခံပြည်သူတစ်ဦးက ကျေးဇူး တင်စကားပြန်လည်ပြောကြားသည်။ ဆက်လက်၍ မဂွေဇတံတားသစ်ကို ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများဖြစ်ကြသည့် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးအောင်ကြည်လင်း၊ စီးပွား ရေးရာဝန်ကြီး ဦးမျိုးဆွေ၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးကျော်ထွန်း၊ တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးကျော်မင်းခိုင်တို့နှင့် တံတားဦးစီးဌာန၊ အင်ဂျင်နီယာချုပ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြ သည်။

          ယင်းနောက် တံတား၏ ကမ္ပည်းမော်ကွန်းကျောက်စာတိုင်ကို ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီးထွန်းထွန်းနောင်နှင့် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်တို့က စက်ခလုတ်နှိပ် ဖွင့်လှစ် ပေးကြပြီး ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကမ္ပည်းမော်ကွန်း ကျောက်စာတိုင်ကို အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးကြကာ အမှတ်တရမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြသည်။

          ထို့နောက်  ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး ဒေါ်နန်ဆိုင်း၊  ပြည်နယ် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဒေသခံပြည်သူများက တံတားသစ် ကို ဖြတ်သန်းကြည့်ရှုခဲ့ကြကာ ဒေသခံရဝမ်၊ လီဆူတိုင်းရင်းသားများနှင့်အတူ ရဝမ်ရိုးရာယဉ်ကျေးမှု အကဖြစ်သည့် အဘူးဇီးခေါင်အကကို အတူတကွဆင်နွှဲခဲ့ကြပြီး ပြည်ထောင်စုဝန်ကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်တို့က တိုင်းရင်းသားယဉ်ကျေးမှုအကအဖွဲ့များအတွက် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့ ကြသည်။

          အဆိုပါတံတားသည် နောင်မွန်မြို့နယ်အတွင်း မဂွေဇ-ခေါင်လန်ဖူးလမ်း (၆၅)မိုင်အစတွင် ကဆန်ခချောင်းပေါ်၌ တည်ဆောက်ထားသည့် သံကူကွန်ကရစ်တံတားဖြစ်ပြီး အရှည်ပေ ၅၉၀ ၊ ယာဉ်သွားလမ်းအကျယ် ၂၄ ပေရှိကာ ခွင့်ပြုအလေးချိန် တန် ၆၀ ခံနိုင်ဝန်ရှိသည့် တံတားတစ်စင်း ဖြစ်သဖြင့် ယခင်က ကြိုးတံတားဖြင့် လူစီးမော်တော်ယာဉ်များသာ ဖြတ်သန်းသွားလာနိုင်ခဲ့ရာမှ ယခုအခါ ကုန်တင်ယာဉ်များဖြင့် ခေါင်လန်ဖူးမြို့နယ်သို့ ဖြတ်သန်းသွားလာနိုင်တော့မည်ဖြစ်ကြောင်း သိရှိရသည်။

          ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နောင်မွန်မြို့သို့ ဆက်လက်ထွက်ခွာခဲ့ကြရာ နောင်မွန်းမြို့နယ် မချမ်းဘော-ဖရုခ-နောင်မွန်လမ်းပေါ်ရှိ ရပ်ဘော့ကျေးရွာအုပ်စု၊ တဆယ်ထု ကျေးရွာအနီး ကီလိုမီတာ (၇၇-၇၈) ကြား ကားလမ်းမဘေးတွင် ကဆန်ချောင်းရေတိုက်စားမှုကြောင့် မြေပြိုကျနေမှုအခြေအနေနှင့် အဆိုပါလမ်းပိုင်းအတွင်း ကဆန်ဒမ်းကျေးရွာ၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ပြည်နယ်ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် နောင်မွန်းမြို့ အမှတ်(၁)ရပ်ကွက်အတွင်း အခြေခံပညာ မူလတန်းကျောင်းဝင်းအနောက်ဘက်တွင် ကဆန်ချောင်းရေတိုက်စားမှုကြောင့် မြေထိန်းနံရံပြိုကျမှု အခြေအနေနှင့် အမှတ် (၅)ရပ်ကွက်အတွင်း ချောင်းရေတိုက်စားမှုကြောင့် မြေထိန်းနံရံပြိုကျမှု အခြေ အနေတို့ကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ် ကျောက်စီမြေထိန်းနံရံတည်ဆောက်နိုင်ရေး စနစ်တကျကွင်းဆင်းတိုင်းတာ၍ ပြန်လည်စိစစ်တင်ပြကြရေး တာဝန်ရှိသူများအား မှာကြားခဲ့သည်။

          ယင်းနောက် နောင်မွန်းမြို့ လုံမောင်ခန်းမ၌ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများ၊ ရပ်မိရပ်ဖများ၊ စာပေယဉ်ကျေးမှုအဖွဲ့များ၊ လူမှုကူညီရေးအသင်းများမှ တာဝန်ရှိသူများနှင့် တွေ့ဆုံပွဲကျင်းပပြုလုပ်ခဲ့ ပြီး ပြည်နယ်ဝန်ကြီးချုပ်က ပူတာအိုခရိုင်နှင့် နောင်မွန်မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး လမ်းတံတား တည်ဆောက်‌ရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို ရှင်းလင်းပြောကြားပြီး မြို့နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေးကို အခြေခံသည့ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေး၊နိုင်ငံ့စီးပွားမြှင့်တင်‌‌ရေးရန်ပုံငွေဖြင့်ပံ့ပိုးကူညီရာတွင် ဒေသခံများက ကြိုးစား  ဆောင်ရွက်ကြရေး တိုက်တွန်းမှာကြားသည်။

          ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးယုံထန်ဖုန်ရမ်က ဒေသလိုအပ်ချက်များကို ရှင်းလင်းတင်ပြပြီး ဒေသခံမြို့မိမြို့ဖများနှင့် နောင်မွန်လူမှုကူညီရေးအသင်းတို့မှ ‌ဒေသဖွံ့ဖြိုးတိုးတက် ရေးအတွက် ဖြည့်ဆည်းပံ့ပိုးပေးနိုင်ရေး လိုအပ်သည်များကို တင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်ကြမည့် ကျေးရွာ(၄)ခုအတွက် လုပ်ငန်းကဏ္ဍအလိုက် ရန်ပုံငွေကျပ်စုစုပေါင်းကျပ်သိန်း (၁၃၀၀)ကို ကော်မတီများထံ လွှဲပြောင်းပေး အပ်ပြီး တောင်သူများအတွက်ဆောင်းသီးနှံဟင်းသီးဟင်းရွက်မျိုးစေ့များ၊ မွေးမြူရေးအထောက်အကူ ပြုဆေးဝါးများနှင့် ထောက်ပံ့ငွေများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရဝမ်စာပေနှင့် ယဉ်ကျေးမှု အသင်း၊ လူမှုကူညီရေးအသင်းတို့အတွက် ထောက်ပံ့ငွေများကို ပေးအပ်ခဲ့သည်။

          ထို့နောက် ညပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ နောင်မွန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ မြို့နယ်အတွင်းရှိ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးနှင့်သမဝါယမလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ကြမည့် ကျေးရွာများမှ ကော်မတီအဖွဲ့ဝင်များနှင့် တွေ့ဆုံပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေသုံးစွဲဆောင်ရွက် ရမည့် ဘဏ္ဍာရေးဆိုင်ရာလုပ်ထုံးလုပ်နည်းများ၊ ဆီထွက်သီးနှံ ဆီမုန်ညှင်း တိုးချဲ့စိုက်ပျိုးနိုင်ရေးနှင့် စိုက်ပျိုးရေး ထုတ်ကုန်များ ဈေးကွက်ရရှိရေး၊ ဆန်စက်၊ ဆီစက်များ ထူထောင်ပေးနိုင်ရေးတို့အတွက် ပွင့်လင်းရင်းနှီးစွာ ညှိနှိုင်းဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

          အလားတူ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နိုဝင်ဘာ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် နောင်မွန်း မြို့နယ်အတွင်း အိမ်ခြေ (၆၇)အိမ်၊ လူဦးရေ (၃၀၀)ကျော်တို့၏ စပါးစိုက်ဧက (၁၂၈)ဧကအတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ထန်ထုကျေးရွာကုန်ထုတ် လမ်း ၁ မိုင် မြေသားလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ထန်ထု-ကဆန်ခူး-ထုံလာ-ခူထီ ကျေးရွာချင်းဆက်လမ်းပေါ်ရှိ သံဘောင်ဘေလီတံတား တည်ဆောက်နေမှု၊ ထန်ထုကျေးရွာ မူလွန် ကျောင်း စာသင်ဆောင်သစ်တည်ဆောက်နေမှုနှင့် ထန်ထုကျေးရွာအတွင်း ကြိုးတံတား တည် ဆောက်ပြီးစီးမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

          ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် နောင်မွန်းမြို့ ပြည်သူ့ဆေးရုံသို့ သွားရောက်ပြီး ကုသ ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေနှင့် ဆေးဝါးကုသမှုကုသ‌မှုခံယူနေသော လူနာများအား ထောက်ပံ့ငွေများနှင့်လိုလံနှုတ်ဆက်အားပေးစကားပြောကြားကာ မြို့နယ်ပညာရေးမှူးရုံး၌ ကျောင်း အုပ်ကြီးများ၊ ကျောင်းသားမိဘများနှင့်တွေ့ဆုံပြီး နောင်မွန်းမြို့နယ်အတွင်း ပညာရေးကဏ္ဍတိုးတက် မြင့်မားရေးနှင့် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မာရေးအတွက် ဝိုင်းဝန်းကြိုးပမ်း‌ဆောင်ရွက်ကြ ရေးမှာကြားခဲ့သည်။

          ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ တာဝန်ရှိသူများက ကျောင်းအုပ်ကြီးများနှင့် ကျောင်းသားကလေးငယ်များအတွက် အနွေးထည်များနှင့် ခြုံစောင်များ အသီးသီးထောက်ပံ့ပေး အပ်ခဲ့ကြကြောင်း သိရှိရသည်။