ကချင်ပြည်နယ်ဝန်ကြီးချုပ် ပူတာအိုမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဒေသစီးပွားမြှင်တင်ရေးအတွက် မွေးမြူရေးလုပ်ငန်းများ မတည်ထူထောင်ပေးနိုင်ရေးနှင့် မချမ်းဘောမြို့နယ်အတွင်းရှိ တောင်သူများအတွက် ရန်ပုံငွေများ လွှဲပြောင်းပေးအပ်

 ကချင်ပြည်နယ်ဝန်ကြီးချုပ် ပူတာအိုမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဒေသစီးပွားမြှင်တင်ရေးအတွက် မွေးမြူရေးလုပ်ငန်းများ မတည်ထူထောင်ပေးနိုင်ရေးနှင့် မချမ်းဘောမြို့နယ်အတွင်းရှိ တောင်သူများအတွက် ရန်ပုံငွေများ လွှဲပြောင်းပေးအပ်

ပူတာအို         နိုဝင်ဘာ ၂၁

          ကချင်ပြည်နယ်၊ ပူတာအိုဒေသ စားနပ်ရိက္ခာဖူလုံရေး၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဒေသစီးပွားမြှင့်တင်နိုင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ပူတာအိုမြို့သို့ ရောက်ရှိ နေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် နိုဝင်ဘာ ၁၉ ရက်နေ့က မွေးမြူရေးတောင်သူ များနှင့် တွေ့ဆုံပြီး ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးခဲ့သည်။

          ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာန ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပူတာအိုမြို့ ဒုတ္ထန်ရပ်ကွက်အတွင်းရှိ တောင်သူ ဦးဇာမဲဒီး၏ နို့စား နွားမွေးမြူရေးခြံ၌ နို့စားနွားများ မွေးမြူထားရှိမှုနှင့် နွားစာအဖြစ် နေဗွီယာမြက်ပင်များ စနစ်တကျ စိုက်ပျိုးဆောင်ရွက်ထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး အဆိုပါရပ်ကွက်အတွင်းရှိ တစ်ပိုင်တစ်နိုင် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်ဆောင်ရွက်သူများနှင့် တွေ့ဆုံသည်။

          ထိုသို့ တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ နိုင်ငံတော်အစိုးရအနေဖြင့် စိုက်ပျိုး မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ တောင်သူများ ဘဝတိုးတက်မြှင့်မားလာစေရေးနှင့် စိုက်ပျိုးမွေးမြူ ရေးကိုအခြေခံသည့် ကုန်ထုတ်လုပ်မှုများ တိုးတက်လာစေရေး အားပေးဆောင်ရွက်လျက်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပူတာအိုဒေသတွင်း စားနပ်ရိက္ခာဖူလုံရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးနှင့်ကုန်ထုတ်လုပ်ငန်းများတိုးတက်လာစေရေး အခက်အခဲ၊ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး ပွင့်လင်းရင်းနှီးစွာ ဆွေးနွေးပေးကြစေလိုကြောင်း တိုက်တွန်းမှာ ကြားသည်။

          ဆက်လက်၍ နိုင်ငံ့စီးပွားမြှင့်တင်ရေး ပြည်နယ်အဆင့် ကော်မတီအဖွဲ့ဝင်များနှင့် တောင်သူ များက နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ အတိုးနှုန်းအနည်းဆုံးဖြင့် ချေးငွေထုတ်ချေးပေးနေမှု အခြေ အနေများနှင့် အရင်းမပျောက် မတည်လည်ပတ်ငွေဖြင့် ထပ်ဆင့်တိုးချေးငွေရယူနိုင်သည့် နည်းလမ်း များနှင့် လုပ်ထုံးလုပ်နည်းများကို လည်းကောင်း၊ ဒေသနွား၊ ဝက်၊ ကြက်မွေးမြူရာတွင် တွေ့ကြုံရ သည့် အခက်အခဲများနှင့် ငွေကြေး၊ နည်းပညာလိုအပ်ချက်နှင့် သွင်းအားစုများဖြည့်ဆည်းပေးနိုင်ရေး၊ တိရိစ္ဆာန်အညစ် အကြေးမှတစ်ဆင့် စိုက်ပျိုးရေးအတွက် သဘာဝမြေသြဇာပြုလုပ်သုံးစွဲနိုင်ရေးတို့ကို ပေါင်းစပ်ဆွေးနွေးခဲ့ကြသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က နို့စားနွားမွေးမြူရေးခြံအတွက် ထောက်ပံ့ငွေနှင့် မွေးမြူ ရေးတောင်သူများအတွက် မွေးမြူရေးအထောက်အကူပြုဆေးဝါးများ၊ တိရိစ္ဆာန်အစာများကို ထောက် ပံ့ပေးအပ်ခဲ့ပြီး လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပူတာအိုမြို့၏ တောင်ဘ ၆ မိုင်အကွာ ပါအင် ကျေးရွာအုပ်စုအတွင်း နမ့်ထွမ်ချောင်းရေမှ လျှပ်စစ်ဓာတ်အားထုတ်လွှတ်သည့် အထက်နမ့်ထွမ်ရေ အားလျှပ်စစ်စက်ရုံသို့ သွားရောက်ခဲ့ကြပြီး စက်ရုံအတွင်း လျှပ်စစ်ဓာတ်အား (၀.၈) မဂ္ဂါဝပ်ထွက်သော စက် ၄ လုံးဖြင့် စက်ရုံလည်ပတ်နေမှုနှင့် စက် ၄ လုံးမှ ထွက်ရှိသော မဂ္ဂါဝပ် ၃၂ မဂ္ဂါဝပ်ဖြင့် ပူတာအိုမြို့နယ်အတွင်း မြို့ပေါ် ၁၁ ရပ်ကွက်နှင့် ကျေးရွာ ၆၇ ရွာ၊ မချမ်းဘောမြို့နယ်အတွင်း မြို့ပေါ် ၄ ရပ်ကွက်နှင့် ကျေးရွာ ၁၂ ရွာသို့  လျှပ်စစ်ဓာတ်အားဖြန့်ဖြူရေးလုပ်ငန်း‌ဆောင်ရွက်လျက်ရှိသည့် အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး စက်ရုံဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြကာ နမ့်ထွမ်ရေအားလျှပ်စစ်စက်ရုံဟောင်းအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

          ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မချမ်းဘောမြို့နယ်သို့ သွားရောက် ခဲ့ကြပြီး ကောင်းမှုလုံစေတီတော်အား ဖူးမျှော်ကြည်ညိုခဲ့ကြကာ အလှူငွေဆက်ကပ်လှူဒါန်းခဲ့ကာ မချမ်းဘောမြို့နယ်အတွင်းရှိ ဆင်လွမ်ဒမ်း-၂ ကျေးရွာအတွင်း ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်နယ်ရန်ပုံငွေဖြင့်  ကုန်ထုတ်လမ်းကွန်ကရစ်ခင်းခြင်း (၂)မိုင် လုပ်ငန်းဆောင်ရွက် ပြီးစီးမှုအခြေအနေနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြမှုကို ကြည့်ရှုစစ်ဆေး ခဲ့ကြပြီး ဒေသခံတောင်သူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံခဲ့ကြသည်။ ထိုနောက် အင်ဘူးဘော့ကျေးရွာ အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဘက်စုံတိုးချဲ့ပြုပြင်ဆောင်ရွက်သွားမည့် တောင်သူ ဦးနန့်မွန်ထင်၏ သစ်သီးခြံ (၃.၅၀)ဧက စိုက်ပျိုးခြံ၌ ဒေသထွက်သီးနှံပင်များ စိုက်ပျိုးနည်း စနစ်တကျ စိုက်ပျိုးထားရှိမှု၊ အသီးများဖြင့် ဖြစ်ထွန်းအောင်မြင်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထို့နောက် မချမ်းဘောမြို့ ဂူဘားခန်းမ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းဆောင်ရွက်မည့် ကျေးရွာကော်မတီများအတွက် ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲနှင့် တွေ့ဆုံ ပွဲသို့ တက်ရောက်ခဲ့ကြပြီး တွေ့ဆုံပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ချမ်းဘောမြို့နယ်ဖွံ့ဖြိုးတိုးတက် ရေးအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဒေသစီးပွားမြှင့်တင်နိုင်ရေးအတွက် စိုက်ပျိုးမွေးမြူ ရေးလုပ်ငန်းများ ကြိုးပမ်းဆောင်ရွက်သွားကြမည့် ဆောင်ရွက်ကြမည့် ကျေးရွာကော်မတီများအား ရန်ပုံငွေများ လွှဲပြောင်းပေးအပ်သွားမည်ဖြစ်ပါကြောင်း၊ ထို့ပြင် လုပ်ငန်းများ အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် နည်းလမ်းတကျဖြင့် အမှန်တကယ်အကျိုးဖြစ်ထွန်းစေရေး ဝိုင်းဝန်းလက်တွဲပေါင်းစပ်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။

          ယင်းနောက် ရပ်ကွက်/ ကျေးရွာကော်မတီဝင်များက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ချေးငွေနှင့် စပ်လျဉ်း၍ ကျေးဇူးတင်ရှိကြောင်းနှင့် သိလိုသည်များကို မေးမြန်းရာ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ ကပြန်လည်ရှင်းလင်းဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းဆောင်ရွက်ကြမည့် ရပ်ကွက်(၄)ခုနှင့် ကျေးရွာ(၃)ရွာတို့မှ ကော်မတီဝင်များထံ စုစုပေါင်းရန်ပုံငွေကျပ် သိန်း ၁၇၀၀ ကို လွှဲပြောင်းပေးအပ်ခဲ့ပြီး လိုအပ်သည်များ ကို ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

          ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်သည် မချမ်းဘောမြို့နယ်နှင့် ခေါင်လန်ဖူးမြို့နယ်များမှ နေရပ်စွန့်ခွာအိမ်ထောင်စု ၇၂ စုတို့အား ပြန်လည်နေရာချထားပေးခဲ့သည့် ပူတာအိုမြို့နယ်  ဇီဒန်း ၂ ကျေးရွာ၌ သောက်သုံးရေနှင့် လျှပ်စစ်မီးလင်းရေးအတွက် ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ စီမံ ကိန်းများနှင့် စပ်လျဉ်း၍ တာဝန်ရှိသူများ၏ တင်ပြမှုအပေါ် လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ ပြီး ကျေးရွာအတွင်း ထပ်မံလိုအပ်ချက်ရှိသည့် ရွာတွင်းလမ်းများ ပြုပြင်ပေးနိုင်ရေး၊ ရွာအဝင်ရေကျော် နေရာအား တံတားတည်ဆောက်ပေးရေးစသည့် လိုအပ်ချက်များကို ဌာနဆိုင်ရာများနှင့် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး စက်ရေတွင်း တူးဖော်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့သည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ပူတာအိုမြို့နယ်၊ မာမူးလဲကျေးရွာအုပ်စု အတွင်းရှိ ပူတာအိုအကျဉ်းထောင်သို့ သွားရောက်ပြီး အကျဉ်းသားများအား တွေ့ဆုံအားပေးကာ အကျဉ်းဦးစီးဌာန၏ အကျဉ်းထောင်ဆိုင်ရာ လုပ်ငန်းဆောင်ရွက်မှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများကို ပေးအပ်ခဲ့သည်။

ထိုမှတစ်ဆင့် ပူတာအိုလွင်ပြင်ပတ်လမ်းအတွင်း နမ့်ပလပ်ချောင်းပေါ်တွင် ကျေးလက်လမ်း ဦးစီးဌာနမှ  တည်ဆောက်လျက်ရှိသည့် နမ့်ပလပ်ချောင်းကူး ကွန်ကရစ်တံတားအရှည် ၂၄၀ ပေရှိ တံတားတည်ဆောက်ရေးလုပ်ငန်းခွင်ရှိ ရှင်းလင်းဆောင်၌ ကျေးလက်လမ်းဦးစီးဌာနမှ တံတားတည် ဆောက်ရေးဆိုင်ရာအချက်အလက်များနှင့် တည်ဆောက်မှုအခြေအနေများကို လည်းကောင်း၊ ခရိုင် လမ်းဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုနှင့် ပြည်နယ်ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ များဖြင့် ဆောင်ရွက်လျက်ရှိသည့် (ဖုန်ကန်ရာဇီ၊ ဖုန်ရင်ရာဇီ ရေခဲတောင်သွားလမ်း) အထက် ဆန်ဂေါင်-လုံနဒမ်း-ဇီယာဒမ်းလမ်း( ၂၄ မိုင် ၇ ဖာလုံ) လမ်းပိုင်းအတွင်း အမာခံလမ်း၊ မြေသားလမ်းနှင့် တံတားများ တည်ဆောက်လျက်ရှိသည့် လုပ်ငန်း စီမံကိန်းများကိုလည်းကောင်း ရှင်းလင်းတင်ပြမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က ဒေသအတွက် အမှန်တကယ် အကျိုး ဖြစ်ထွန်းစေသော လုပ်ငန်းဖြစ်သည့်အတွက် သတ်မှတ်ချိန်အမီ ပြီးစီးအောင် ဆောင်ရွက်နိုင်ရေး မှာကြားခဲ့ပြီး နမ့်ပလပ် ချောင်းကူးတံတား ရေလယ်တိုင်များ တည်ဆောက်နေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရှိရသည်။