ကချင်ပြည်နယ်ဝန်ကြီးချုပ် ပူတာအိုခရိုင် ဒေသဝမ်းစာဖူလုံမှုရှိစေရေးနှင့် ဒေသစီးပွားမြှင့်တင်နိုင် ရေးတို့အတွက် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်မည့် တောင်သူများအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေများ လွှဲပြောင်းပေးအပ်ပြီး မိုးစပါးစံကွက်ရိတ်သိမ်းမှုအား ကြည့်ရှုအားပေး

 ကချင်ပြည်နယ်ဝန်ကြီးချုပ် ပူတာအိုခရိုင် ဒေသဝမ်းစာဖူလုံမှုရှိစေရေးနှင့် ဒေသစီးပွားမြှင့်တင်နိုင် ရေးတို့အတွက် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်မည့် တောင်သူများအတွက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေများ လွှဲပြောင်းပေးအပ်ပြီး မိုးစပါးစံကွက်ရိတ်သိမ်းမှုအား ကြည့်ရှုအားပေး

ပူတာအို         နိုဝင်ဘာ ၂၁

          ကချင်ပြည်နယ်၊ ပူတာအိုဒေသဝမ်းစာဖူလုံရေး၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဒေသ စီးပွားမြှင့်တင်နိုင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ရန် ပူတာအိုမြို့သို့ ရောက်ရှိနေ သော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် နိုဝင်ဘာ ၂၀ ရက်နေ့ နံနက် ၇ နာရီခွဲကပူတာအိုမြို့ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန ဘောလုံးကွင်း၌ ပူတာအိုဒေသ အားကစားကဏ္ဍဖွံ့ဖြိုးရေး နှင့် လူငယ်များ အားကစား စိတ်ဝင်စားလာပြီး အားကစားစိတ်ဓာတ်ဖြင့် ဒေသအကျိုး၊ ပြည်နယ် အကျိူးသယ်ပိုးနိုင်ရေးအတွက် ပူတာအိုခရိုင် Old Star ဘောလုံးအသင်းနှင့် ချစ်ကြည်ရေးဘောလုံး ပြိုင်ပွဲကို ကျင်းပပြုလုပ်သည်။

          ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ခရိုင်ဘောလုံးကွင်း ပြေးလမ်းဖောက် လုပ်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ဘောလုံးကွင်း၌ ကျင်းပပြုလုပ်သည့် ချစ်ကြည်ရေး ဘောလုံး ပြိုင်ပွဲသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ပူတာအိုခရိုင် Old Star ဘောလုံးအသင်းအတွက် ဘောလုံးနှင့် ဖူဆယ်ဘောလုံးများ၊ Public Health Unite FC အတွက် ဘောလုံး ၁၀ လုံးနှင့် ထောက်ပံ့ငွေများ၊ ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနအတွက် အားကစားပစ္စည်းမျိုးစုံတို့ကို ထောက်ပံ့ပေးအပ်ခဲ့သည်။

  ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်၍ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ ပါဝင်သည့် ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲအဖြစ် ကချင်ပြည်နယ်အစိုးရဖွဲ့နှင့်  ပူတာအိုခရိုင် Old Star ဘောလုံး အသင်းတို့နှင့် ယှဉ်ပြိုင်ကစားခဲ့ကြရာ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများက ကြည့်ရှုအားပေးခဲ့ကြ ပြီး ပြည်နယ်အားကစားနှင့် ကာယ ပညာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးနှင့် Old Star ဘောလုံးအသင်း၊ ဘောလုံးကလပ်တို့မှ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများအတွက် ဆုတံဆိပ်နှင့် ဆုလက် ဆောင်များကို ဂါရဝပြုပေးအပ်ခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးဝင်း အတွင်း တည်ဆောက်လျက်ရှိသည့် ပူတာအိုခရိုင် စုပေါင်းရုံး အဆောက်အဦအား တည်ဆောက်နေမှု အခြေအနေကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိ နှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထို့မှတစ်ဆင့်ပြည်နယ်ဝန်ကြီးချုပ်သည် ကောင်ကထောင်ရပ်ကွက်အတွင်းရှိ ခရိုင်စိုက်ပျိုးရေး ဦးစီးဌာန၏ ဆင်းဧကရီ -၃ မိုးစပါးစံပြကွက် ရိတ်သိမ်းပွဲသို့ တက်ရောက်ပြီး ပူတာအိုခရိုင် ဒေသဝမ်း စာဖူလုံရေးအတွက် မျိုးစပါး ဆင်းဧကရီ-၃ မျိုးပြောင်းလဲစိုက်ပျိုးထားရှိမှုနှင့် ခရိုင်အတွင်းရှိ မြို့နယ် များတွင် မျိုးစပါး တိုးချဲ့စိုက်ပျိုးခဲ့မှု အခြေအနေများနှင့် စံပါးအထွက်နှုန်းတိုးလာမှု အခြေအနေများ နှင့် စပ်လျဉ်း၍ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၏ ရှင်းလင်းတင်ပြမှုအပေါ် လိုအပ် သည်များကို ဖြည့်စွက်ဆောင်ရွက်ပေးခဲ့ကာ တောင်သူများနှင့်အတူ စံပြကွက်အတွင်း ရိတ်သိမ်း ခြွေလှေ့စက်ဖြင့် ရိတ်သမ်းနေမှု၊ ရိတ်သိမ်းရရှိလာသည့် စပါးများအား ချိန်တွယ်၍ တစ်ဧကလျှင် ၁၁၃ တင်းထွက်ရှိမှုအခြေအနေတို့ကို ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က စိုက်ပျိုးရေး ဝန်ထမ်းများနှင့် တောင်သူများအား ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများသည် ပူတာအိုမြို့ ဖုန်ကန်ရာဇီခန်းမ၌ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာ နိုင်ငံ့စီးပွားမြှင့်တင်‌ရေးကော်မတီအဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲသို့ တက်ရောက်ကြသည်။

          တွေ့ဆုံပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ပူတာအိုဒေသဝမ်းစာဖူလုံရေးနှင့် ဒေသဖွံ့ဖြိုးရေး အတွက် နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဒေသစီးပွားမြှင့်တင်ရေးအတွက် စိုက်ပျိုးမွေးမြူရေး ဆောင်ရွက်ကြမည့် ရပ်ကွက်၊ ကျေးရွာများအနေဖြင့် အချိန်ကာလတစ်ခုအတွင်း အကျိုးရှိ ထိရောက် အောင်မြင်အောင်ကြိုးပမ်းဆောင်ရွက်ရာရမည်ဖြစ်ပါကြောင်း၊ မိမိတို့အစိုးရအဖွဲ့အနေဖြင့် လိုအပ် သည့် နည်းပညာပံ့ပိုးမှု၊ စိုက်ပျိုးမွေးမြူရေးသွင်းအားစုများ ရရှိရေးအပြင် စိုက်ပျိုးရေးထုတ်ကုန်များ ကို ဈေးကွက်ရရှိရေးနှင့် လိုအပ်သည်များ ပံ့ပိုးကူညီပေးနိုင်ရေး စီမံဆောင်ရွက်ထားရှိပါကြောင်း၊ ထို့ ကြောင့် ဒေသအတွက် တောင်သူများအားလုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ပါ ကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် ရပ်ကွက်/ ကျေးရွာစီးပွားမြှင့်တင်ရေး ကော်မတီများဝင်များက ကျေးဇူးတင်ရှိ ကြောင်းနှင့် ချေးငွေဆိုင်ရာကိစ္စရပ်များနှင့် စပ်လျဉ်း၍ သိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ ပြည်နယ်အဆင့်ကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာလုပ်ငန်းကဏ္ဍအလိုက် ပြန်လည်ရှင်းလင်း ဆွေးနွေးကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက ပူတာအိုမြိုန့ယ်အတွင်း နိုင်ငံ့ စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူ‌ရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်ကြ မည့် ရပ်ကွက်/ကျေးရွာ (၁၂)ခုတို့အတွက် ရန်ပုံငွေများကို အသီးသီးလွှဲပြောင်းပေးအပ်ခဲ့ကြပြီး ပြည် နယ်ဝန်ကြီးချုပ်က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် အောင်မြင်အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းဦးစီးရိပ်သာ၌ ငါး မွေးမြူရေးလုပ်ငန်း ဆောင်ရွက်သည့် မွေးမြူရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး ငါးမွေးမြူရေး လုပ်ငန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည့် အခက်အခဲများနှင့် နည်းပညာလိုအပ် ချက်များကို မေးမြန်းဆွေးနွေးကာ ငါးသယံဇာတတိုးပွားရေးနှင့် ဒေသတွင်း ငါးစားသုံးမှု ဖူလုံစေရေး အတွက် ရည်ရွယ်ပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မတည်ထောက်ပံ့ပေးနိုင်ရေး ညှိနှိုင်းဆွေး နွေးခဲ့ကြကြောင်း သိရှိရသည်။