ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများမှ ကုန်ထုတ်လုပ်မှုများ တိုးတက်မြင့်မားလာစေရေးနှင့် ဈေးကွက်ဖော်ဆောင်ပေး နိုင်ရေး ပံ့ပိုးကူညီဆောင်ရွက်ပေးရမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေး

 ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများမှ ကုန်ထုတ်လုပ်မှုများ တိုးတက်မြင့်မားလာစေရေးနှင့် ဈေးကွက်ဖော်ဆောင်ပေး နိုင်ရေး ပံ့ပိုးကူညီဆောင်ရွက်ပေးရမည့် ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား                                            ဒီဇင်ဘာ ၂

          ကချင်ပြည်နယ်အတွင်း အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME)လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်လာစေရေး၊ ကုန်ထုတ်လုပ်မှုများ တိုးတက်မြင့်မားလာစေရေးနှင့် ဈေးကွက်ဖော်ဆောင်ပေး နိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့မှ ပံ့ပိုးကူညီဆောင်ရွက်ပေးရမည့်ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ပြည်နယ် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီအဖွဲ့နှင့် လုပ်ငန်းရှင်များအကြား လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ ၁ ရက် မွန်းလွဲ ၂ နာရီက မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပ ပြုလုပ်သည်။

          လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ အဖွဲ့အေဂျင်စီအဖွဲ့နာယက ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်က ပြည်နယ်အတွင်း စိုက်ပျိုးမွေးမြူ ရေးကုန်ထုတ်မှုများကို လုပ်ကိုင်ဆောင်ရွက်နေကြသည့်MSME လုပ်ငန်းများစွာရှိနေပါကြောင်း၊အထူး သဖြင့် ဒေသထွက် စားသောက်ကုန်လုပ်ငန်းများနှင့် ရိုးရာအဝတ်အထည်လုပ်ငန်းများကို လုပ်ကိုင် ဆောင်ရွက်နေကြသည်ကိုတွေ့ရှိရပါကြောင်း၊ သို့သော်လည်း လုပ်ငန်းရှင်များအနေဖြင့် ကုန်ကြမ်း လိုအပ်ချက်၊ နည်းပညာလိုအပ်ချက်များနှင့် ငွေကြေးလိုအပ်ချက်များရှိနေသည်ကို ကြားသိရသည့် အတွက် မိမိတို့အစိုးရအဖွဲ့အနေဖြင့် လိုအပ်သည့် သွင်းအားစုများ၊ ချေးငွေနှင့် နည်းပညာများ ပံ့ပိုး ကူညီပေးနိုင်ရေး ပေါင်းစပ်ဆွေးနွေးသွားရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် တက်‌ရောက်လာကြသည့် ပြည်နယ်ဝန်ကြီးများ၊ အေဂျင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် MSME လုပ်ငန်းရှင်များက ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေ အနေများ၊ လုပ်ငန်းမှတ်ပုံတင်ရရှိရေး လိုအပ်ချက်များနှင့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထမ်းအမှတ် အခမ်းအနားနှင့်ကချင်ပြည်နယ်အနေ့ အထိမ်းအမှတ်အခမ်းအနားများတွင် ပြခန်းများ ဖြင့် ဒေသထွက်ထုတ်ကုန်များ ပြသရောင်းချနိုင်ရေး စီမံဆောင်ရွက်ထားမှုအခြေအနေများနှင့် လိုအပ် ချက်များကို တင်ပြဆွေးနွေးခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ် လိုအပ်သည်များကို ဌာနဆိုင်ရာများနှင့် လုပ်ငန်းရှင်များအကြား ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

          ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြို့တော်ခန်းမဝင်းအတွင်း (၇၅)နှစ် မြောက်စိန်ရတုလွတ်လပ်ရေးနေ့ နှင့် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားတွင် ပြည်နယ် ထုတ်ကုန်ပစ္စည်းများ ပြသရောင်းချနိုင်ရေး စည်ပင်သာယာရေးအဖွဲ့မှ ပြခန်းများ တည်ဆောက်နေမှု ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြင်ဆင်တည်ဆောက်နေမှုများအပေါ် လိုအပ်သည်များကို ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

          အလားတူ ပြည်နယ်ဝန်ကြီးချုပ်သည် နံနက် (၁၀)နာရီက ပြည်သူ့အားကစားကွင်းအတွင်း မိုးလုံလေလုံခန်းမ၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ်၊ နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌဖလား၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် (၁၈)နှစ်အောက် အမျိုးသမီးဘောလုံး ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်မည့် ပြည်နယ်လက်ရွေးစင်ကစားသမားများအား တွေ့ဆုံအားပေး စကားပြောကြားသည်။

          ထို့သို့ တွေ့ဆုံအားပေးရာတွင် အသင်းအုပ်ချုပ်သူ၏ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ စခန်းသွင်းလေ့ကျင့်ထားရှိမှုနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ကစားသမားများအနေဖြင့် လာမည့် ပြိုင်ပွဲသည် ပြည်နယ်အတွက် အားကစားလူချွန်လူကောင်းများဖြစ်ကြောင်း ပြသနိုင်သည့် အခွင့်အလမ်းကောင်းတစ်ရပ်ဖြစ်သလို ဒီအခွင့်အလမ်းကောင်းကို အမိအရဆုပ်ကိုင်ပြီး ပြည်နယ်၏ ဂုဏ်ကို မြှင့်တင်သွားနိုင်မည်ဟု ယုံကြည် ပါကြောင်း၊ သို့ဖြစ်ပါ၍ ပြည်နယ်၏ ဂုဏ်ကိုမြှင့်တင်ပေးနိုင်ရေးနှင့် ဆုတံဆိပ်များရရှိအောင် ကြိုးပမ်း ဆောင်ရွက်ကြရန် လိုကြောင်း တိုက်တွန်းမှာကြားသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ပြိုင်ပွဲဝင် ဘောလုံးအသင်း အုပ်ချုပ်သူ၊ နည်းပြနှင့် အသင်း ခေါင်းဆောင်တို့ထံ အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေကျပ် သိန်း ၁၆၀ ကို ပေးအပ်ကာ ပြည်နယ် ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် အလှူရှင်များက လက်ရွေးစင်အသင်းအတွက် ပံ့ပိုးချီးမြှင့်ငွေများ၊ အားကစားဝတ်စုံ၊ အသုံးအဆောင်ပစ္စည်းများကို အသီးသီးထောက်ပံ့ပေးအပ်မှုကို လက်ခံရယူပြီး ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာများကို ပြန်လည်ပေးအပ်ကာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူ များက အသင်းသားများအား ရင်းရင်းနှီးနှီးနှုတ်ဆက်အားပေးခဲ့ကြကြောင်း သိရှိရသည်။