ကချင်ပြည်နယ်ဝန်ကြီးချုပ် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အားကစားသမားနားနေဆောင်(၃)ထပ် အဆောက်အဦသစ်နှင့် ပိုက်ကျော်ခြင်းအားကစားရုံသစ်များ ဖွင့်လှစ်ပေး၊ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲနှင့် ဝိုင်းမော်မြို့နယ် အတွင်းရှိ ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်သူများအသင်းနှင့် တွေ့ဆုံ

 ကချင်ပြည်နယ်ဝန်ကြီးချုပ် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အားကစားသမားနားနေဆောင်(၃)ထပ် အဆောက်အဦသစ်နှင့် ပိုက်ကျော်ခြင်းအားကစားရုံသစ်များ ဖွင့်လှစ်ပေး၊ တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းဆင်းပွဲနှင့် ဝိုင်းမော်မြို့နယ် အတွင်းရှိ ဟင်းသီးဟင်းရွက်စိုက်ပျိုးထုတ်လုပ်သူများအသင်းနှင့် တွေ့ဆုံ

မြစ်ကြီးနား     ဖေဖော်ဝါရီ ၇

          ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ပြည်နယ်ရန်ပုံငွေဖြင့် တည်ဆောက် ပြီးစီးသည့် အားကစားသမားနားနေဆောင်(၃)ထပ် အဆောက်အဦသစ်နှင့် ပိုက်ကျော်ခြင်းအားကစား ရုံသစ်ဖွင့်ပွဲ အခမ်းအနားများကို ဖေဖော်ဝါရီ ၇ ရက် နံနက် ၉ နာရီက ခရိုင်အားကစားနှင့်ကာယပညာ ဦးစီးဌာနပိုင် ငြိမ်းချမ်းသာယာအားကစားကွင်းအတွင်းရှိ အဆိုပါ အဆောက်အဦသစ်များရှေ့၌ ကျင်းပ ပြုလုပ်သည်။

          ရှေးဦးစွာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပြည်နယ်ငွေလုံးငွေရင်းရန်ပုံငွေကျပ်သန်း ၄၀၀ ဖြင့် (၉၀ပေ× ၃၀ပေ× ၃၆ပေ)ရှိ အားကစားသမားများ နားနေဆောင်သစ် (၃)ထပ်အဆောက်အအုံသစ် ဖွင့်ပွဲကို ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယနေ့ဖွင့်လှစ်မည့် အားကစား သမားတည်းခိုဆောင်သည် တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲများ နောင်တစ်ချိန်တွင် ပြည်နယ်က အိမ်ရှင်အဖြစ် လက်ခံကျင်းပရာတွင် အသုံးပြုနိုင်ရန် ကြိုတင်မျှော်တွေးတည်ဆောက်ခဲ့ ခြင်းဖြစ်သကဲ့သို့ မြို့နယ်ပေါင်းစုံ၊ ခရိုင်ပေါင်းစုံ အားကစားပြိုင်ပွဲများ ကျင်းပရာတွင်လည်း အားကစား သမားများ စိတ်အေးချမ်းစွာ တည်းခိုနေထိုင်နိုင်ရေး တည်ဆောက်ခဲ့ခြင်းဖြစ်ပါ‌ကြောင်း၊ ထို့အပြင် မိမိတို့အနေဖြင့် ငြိမ်းချမ်းသာယာအားကစားကွင်းအတွင်း အားကစားရပ်ဝန်းတစ်ခုအဖြစ် အကောင် အထည်ဖော်နိုင်ရေး ဆက်လက်တည်ဆောက် သွားမည်ဖြစ်ပါကြောင်း၊ မိမိအနေဖြင့် အဆောက်အဦ သစ်များကို ရေရှည်တည်တံ့ခိုင်မြဲရေး စနစ်တကျ ထိန်းသိမ်းစောင့်ရှောက်ကြရန် အလေးထားမှာကြား လိုကြောင်း တိုက်တွန်းပြောကြားသည်။

          ထို့နောက် အဆောက်အဦသစ်အား တာဝန်ယူဆောက်လုပ်သည့် Country Road ကုမ္ပဏီ တာဝန်ရှိသူက အဆောက်အဦသစ်နှင့် ပတ်သက်သည့် စာရွက်/ စာရွက်စာတမ်းများ လွှဲပြောင်းပေး အပ်မှုကို ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးအောင်သူက လက်ခံ ရယူပြီး အဆောက်အဦသစ်ကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ၊ ပြည်နယ်စီးပွားရေးရာ ဝန်ကြီး ဦးမျိုးဆွေနှင့် ကုမ္ပဏီတာဝန်ရှိသူတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြကာ အဆောက်အဦသစ် အတွင်း ဖွဲ့စည်းတည်ဆောက်ထားရှိမှု အခြေအနေများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

          ယင်းနောက် အဆိုပါအားကစားဝင်းအတွင်း ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်နယ်ငွေလုံး ငွေရင်းရန်ပုံငွေကျပ် သန်း ၄၀၀ ဖြင့် တည်ဆောက်ပြီးစီးခဲ့သည့် ၁၂၀ပေ× ၉၀ပေ× ၃၅ပေရှိ ပိုက်ကျော် ခြင်း (၃)ကွင်းပါ ပိုက်ကျော်ခြင်းအားကစားရုံသစ်ဖွင့်ပွဲကို ဆက်လက်ကျင်းပပြီး ပြည်နယ်ဝန်ကြီးချုပ် ကပြည်နယ်၏ပိုက်ကျော်ခြင်း အားကစားမြှင့်တင်နိုင်မည်ဖြစ်သကဲ့သို့ လူငယ်လူရွယ်များ အားကစား လေ့ကျင့်ကစားမှုများ အစဉ်မပြတ်စေဘဲ အားကစားကဏ္ဍ အသက်ဝင်နေအောင် ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း၊ ထို့အပြင် သသာဝဘေးဒဏ်တွေကြောင့် အရေးပေါ်အခြေအနေများတွင် လူထု အတွက် အားကိုခိုလှုံရာ နေရာတစ်ခုအဖြစ် အသုံးပြုနိုင်မည့် အဆောက်အဦတစ်ခုကို ပိုင်ဆိုင်ခွင့်ရရှိ ပြီဖြစ်သောကြောင့် အကျိုးရှိရှိ အသုံးချကြရန် အလေးအနက်ထား တိုက်တွန်းလိုကြောင်းပြော ကြားသည်။

          ထို့နောက် တာဝန်ယူတည်ဆောက်ခဲ့သည့် ကုမ္ပဏီတာဝန်ရှိသူက အဆောက်အဦနှင့် ပတ် သက်သည့် စာရွက်စာတမ်းများကို ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ ဒုတိယညွှန်ကြား ရေးမှူးထံ လွှဲပြောင်းပေးအပ်ကြပြီး ခန်းမသစ်ကို ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး၊ ပြည်နယ်လူမှုရေးရာဝန်ကြီးနှင့် ကုမ္ပဏီတာ ဝန်ရှိသူတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြကာ ပြည်နယ်ဝန်ကြီးချုပ်က ဘင်ခရာတပ်ဖွဲ့နှင့် ဖဲကြိုးကိုင်၊ ဗန်းကိုင်အဖွဲ့များအတွက် ချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

          ဆက်လက်၍ အဆောက်အဦသစ်ဖွင့်ပွဲ အထိမ်းအမှတ် အမျိုးသား (၄)ယောက်တွဲ ပိုက်ကျော် ခြင်းပြိုင်ပွဲ ကျင်းပပြုလုပ်နေမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။

          ထို့အတူ မွန်းလွဲပိုင်းတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အတွင်းရှိ လူငယ်လူရွယ်များ အလုပ်အကိုင်အခွင့်အလမ်းရရှိရေး၊ မိသားစုဝင်ငွေတိုးပွားရေးနှင့် ပြည်နယ်၏ အသေးစားကုန်ထုတ် လုပ်မှုလုပ်ငန်းများ တိုးတက်မြင့်မားလာစေရေးအတွက် ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနနှင့်တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနတို့ ပူးပေါင်း၍(၅)ရက် ကြာဖွင့် လှစ်သင်ကြားပေးခဲ့သည့် တန်ဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်းပွဲ သို့ တက်ရောက်ခဲ့သည်။

          သင်တန်းဆင်းပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က သင်တန်းသားများအနေဖြင့် ယခုသင်တန်းမှ စာတွေ့လက်တွေ့ သင်ကြားပေးခဲ့သည့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများကို မိမိပတ်ဝန်းကျင်တွင် ပြန်လည်အသုံးချခြင်း၊ အသက်မွေးဝမ်းကျောင်းခြင်းအားဖြင့် မိသားစုဝင်ငွေတိုးပွာလာမည်ဖြစ်သကဲ့ သို့ ပြည်နယ်အတွင်း အသေးစားကုန်ထုတ်လုပ်မှုများ တိုးတက်မြင့်မားရေးကို အထောက်အကူပြုမည် ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။

          ဆက်လက်၍ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးကြီးကျော်ထွန်းက သင်တန်း တက်ရောက်ခဲ့သည့် ဒေသခံတိုင်းရင်းသား (၂၀)ဦးထဲမှ သင်တန်းထူးချွန် တတိယဆုရ သင်တန်းသူ တစ်ဦး၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က သင်တန်းထူးချွန်ဒုတိယရ သင်တန်းသူ တစ်ဦးနှင့် ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေက သင်တန်းထူးချွန်ပထမဆုရ သင်တန်းသူ တစ်ဦးအားလည်းကောင်း ဂုဏ်ပြုဆုများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ပြည်နယ်အသေးစား စက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးမောင်မောင်စိုးက သင်တန်းဆင်းလက်မှတ်များ ကိုလည်းကောင်း၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန၊ ညွှန်ကြားရေး မှူး ဦးရန်နိုင်လွင်က သင်တန်းထွက်ကုန်ပစ္စည်းများကိုလည်းကောင်း အသီးသီးပေးအပ်ခဲ့ကြရာ သင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက သင်တန်းတွင် လက်တွေ့သင်ကြားခဲ့ရ သည့် သင်တန်းသူများ၏ တန်ဖိုးမြှင့်ထုတ်ကုန်များဖြစ်သည့် အသင့်စားစားသောက်ကုန်ပစ္စည်းများ ထုတ်လုပ်၊ ထုပ်ပိုးထားရှိမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

          ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်သည် ဖေဖော်ဝါရီ ၆ ရက် ညနေပိုင်းက ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ဝိုင်းမော်မြို့နယ်အတွင်းရှိ ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်သူများအသင်း တာဝန်ရှိသူများနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဆမားခန်းမ၌ တွေ့ဆုံပွဲကျင်းပပြုလုပ်သည်။

          ထိုသို့တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်က စိုက်ပျိုးရေးလုပ်ငန်းတွင် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်မှုသည် အဓိက ဆန်စပါးစိုက်ပျိုးမှု၊ ဆီထွက်သီးနှံစိုက်ပျိုးမှုပြီးလျှင် မဖြစ်မနေ စားသုံးရသည့် စိုက်ပျိုးရေးထွက်ကုန်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ လူဦးရေတိုးပွားလာသည်နှင့်အမျှ ဟင်းသီးဟင်းရွက်စားသုံးမှု မြှင့်မားလာမည်ဖြစ်သည့်အတွက် စိုက်ပျိုးထုတ်လုပ်မှု တိုးမြှင့်ဆောင်ရွက် နိုင်ရေး ယနေ့ တက်ရောက်လာသည့် တောင်သူများအနေဖြင့် မိမိတို့ ပြည်နယ်အစိုးရအဖွဲ့က လိုအပ်ချက်များ ဖြည့်ဆည်းပေးနိုင်ရေး ပွင့်လင်းရင်းနှီးစွာ ဆွေးနွေးတင်ပြကြစေလိုကြောင်း တိုက် တွန်းမှာကြားသည်။

          ယင်းနောက် တက်ရောက်လာသည့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်သူများအသင်း တာဝန်ရှိသူများနှင့် စိုက်ပျိုးရေလိုအပ်ချက်၊ ဓာတ်မြေသြဇာလိုအပ်ချက်၊ ကုန်ထုတ်လမ်းလိုအပ်ချက်၊ လျှပ်စစ်မီးလိုအပ်ချက်နှင့် မြေယာကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပြီး လိုအပ်သည်များကို ပြည်နယ် ဝန်ကြီးချုပ်က ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကာ အသင်းအတွက် ထောက်ပံ့ငွေကျပ် ၁၀ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့သည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် ဝိုင်းမော်မြို့ အမှတ်(၁)ရပ်ကွက် နန့်မြင်းခချောင်းဘေးရှိ ကွင်းအမှတ် (၂၂)၊ ရွာတော်ကွင်းအတွင်း တောင်သူများ၏ ဟင်းသီးဟင်းရွက် စိုက်ခင်းများသို့ သွားရောက်ပြီး စိုက်ပျိုးရေးဦးစီးဌာနနှင့် ပူးပေါင်း၍ GAP (စိုက်ပျိုးရေးဆိုင်ရာအလေ့ အကျင့်ကောင်းများ)နှင့် ဘေးကင်းလုံခြုံသော ဟင်းသီးဟင်းရွက်များ စိုက်ပျိုးထုတ်လုပ်နိုင်ရေး အသိပညာပေးဆောင်ရွက်မှုဖြင့် စိုက်ပျိုးထုတ်လုပ်ရောင်းချလက်ရှိသည့် ခရမ်းချဉ်သီး၊ ခရမ်းသီး၊ ဗိုလ်စားပဲ၊ မြေထောက်ပဲ၊ ငရုတ်၊ ငရုတ်ပွ၊ ဖူးစားပြောင်း၊ ဂေါ်ဖီထုတ် စသည့် ဟင်းသီးဟင်းရွက်မျိုးစုံ စိုက်ခင်းများနှင့် ဂန္ဓာမာပန်းစိုက်ခင်းများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး စိုက်ပျိုးရောင်းချနိုင် မှုနှင့် စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ်၊ ဝင်ငွေရရှိမှု အခြေအနေများကို မေးမြန်းဆွေးနွေးခဲ့ကြကာ အဆိုပါကွင်း၌ ကုန်ထုတ်လမ်းဆောင်ရွက်ပေးနိုင်ရေး ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။