ကချင်ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်းရှိ IDPs စခန်း (၇၃)ခုမှ အိမ်ထောင်စု (၆၉၉၉)စု၊ လူဦးရေ ၃၆၈၂၂ ဦးတို့အတွက် ဆန်ရိက္ခာ(၁)လစာ ထောက်ပံ့ပေးအပ်

 ကချင်ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်းရှိ IDPs စခန်း (၇၃)ခုမှ အိမ်ထောင်စု (၆၉၉၉)စု၊ လူဦးရေ ၃၆၈၂၂ ဦးတို့အတွက် ဆန်ရိက္ခာ(၁)လစာ ထောက်ပံ့ပေးအပ်

မြစ်ကြီးနား     ဒီဇင်ဘာ ၃

          ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာပြည်သူများနေထိုင်ရာ IDPs စခန်းနေ အိမ်ထောင် များအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တ ရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံးမှ ဆန်ရိက္ခာ(၁)လစာကို ထောက်ပံ့ ပေးလျက်ရှိရာ ဒီဇင်ဘာ ၃ ရက် နံနက် ၈ နာရီခွဲတွင် မြစ်ကြီးနားမြို့ ဂျာမိုင်ကောင်း IDPs စခန်း၌ ပြည်နယ်အတွင်းရှိ အိမ်ထောင်စုများအတွက် ထောက်ပံ့ပေးအပ်ခဲ့သည်။

          ဆန်ရိက္ခာ(၁)လစာထောက်ပံ့ပေးအပ်မှုကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မိမိတို့ အစိုးရအဖွဲ့အနေဖြင့် IDPs စခန်းနေ ပြည်သူများ နေရပ်ပြန်လည်နေထိုင်နိုင်ရေးနှင့် ပြန်လည်နေ ရာချထားပေးရေးအတွက် အစဉ်တစိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် နေရပ် စွန့်ခွာပြည်သူများ နေထိုင်စားသောက်မှုအဆင်ပြေစေရေးအတွက်ကိုလည်း စဉ်ဆက်မပြတ် ကူညီ ထောက်ပံ့ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ မိမိအနေဖြင့် အထူးပြောလိုသည်မှာ IDPs စခန်းများအတွင်း ကိုဗစ်-၁၉ ဖြစ်ပွားမှုထိန်းချုပ်ရေးအတွက် ကာကွယ်ဆေးလူတိုင်းပြည့်မီစွာ ထိုးနှံနိုင်ရေး သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း တိုက်တွန်း မှာကြားသည်။

          ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာပြည်သူများ၏ ယာယီ ခိုလုံရာစခန်းပေါင်း (၇၃)ခု၊ အိမ်ထောင်စု (၆၉၉၉)စု၊ လူဦးရေး ၃၆၈၂၂ ဦးတို့အတွက် တစ်လစာ ဆန်ရိက္ခာ ၁၁၅၀၆ အိတ်၊ ၂၁ ပြည်အတွက် စုစုပေါင်းကုန်ကျငွေကျပ် ၄၁၄၂၄၇၅၀၀ ကျပ်နှင့် ဆန် အိတ်များကို စခန်းတာဝန်ခံများထံ ထောက်ပံ့ပေးအပ်ပြီး ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲ မှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဒေါ်လှကေသီမာက ဝန်ကြီးဌာနမှ IDPs စခန်းနေ မိသားစုများ အတွက် ဆန်ရိက္ခာ(၁)လစာအပြင် ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်နေရာချထားရေးအတွက် စီမံ ဆောင်ရွက်ပေးလျက်ရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြရာ စခန်းနေမိသားစုများ ကိုယ်စား ပြည်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

          အဆိုပါ ထောက်ပံ့ပေးအပ်မှုကို လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ တစ်ဆင့် ထောက်ပံ့ ပေးအပ်ခြင်းဖြစ်ပြီး မြစ်ကြီးနားခရိုင်အတွင်း IDPs စခန်းပေါင်း (၃၀) အိမ်ထောင်စု ၂၅၅၆၊ လူဦးရေ ၁၃၄၁၉ ဦးတို့အပါအဝင် သက်ဆိုင်ရာခရိုင်၊ မြို့နယ်များအလိုက် ထောက်ပံ့ပေးသွားမည်ဖြစ် ကြောင်း သိရှိရသည်။