ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး မြစ်ကြီးနားမြို့ စိမ်းလန်းစိုပြေရေး မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော်ကျင်းပပြုလုပ်သွားမည့် အစီအမံများအား လှည့်လည်ကြည့်ရှုစစ်ဆေး

 ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး မြစ်ကြီးနားမြို့ စိမ်းလန်းစိုပြေရေး မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော်ကျင်းပပြုလုပ်သွားမည့် အစီအမံများအား လှည့်လည်ကြည့်ရှုစစ်ဆေး

မြစ်ကြီးနား     မေ ၅

          ကချင်ပြည်နယ်တစ်ဝှမ်း သစ်တောသစ်ပင်များဖြင့် စိမ်းလန်းစိုပြေရေး ပြည်နယ်သစ်တော ဦးစီးဌာနမှ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်တွင် အရိပ်ရသစ်ပင်ပေါင်း (၈၀၀၀)ခန့် စိုက်ပျိုးသွားမည် ဖြစ်ရာ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ သစ်ပင်စိုက်ပျိုးပွဲတော်အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုများနှင့် စပ်လျဉ်း၍ မေ ၅ ရက်က မြစ်ကြီးနားမြို့တွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

          ထို့သို့ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးသည် ပြည်နယ်သစ်တောဦးစီးဌာန၊ပြည်နယ် ဦးစီးမှူး ဦးဥက္ကာ၊ ပြည်နယ်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး၊ ဌာနဆိုင် ရာတာဝန်ရှိသူများနှင့်အတူ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်အတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထား ရှိမှုများနှင့်စပ်လျဉ်း၍ မြစ်ကြီးနားမြို့ နည်းပညာတက္ကသိုလ်ဝင်းအတွင်း လည်းကောင်း၊ မြစ်ကြီးနား တက္ကသိုလ်မိုးလုံလေလုံအားကစားကွင်းဘေးရှိ ကွင်းပြင်၌ လည်းကောင်း ကျင်းတူး၍ မြေသြဇာ ရောစပ်ထည့်သွင်းဆောင်ရွက်ထားရှိမှုနှင့် စိုက်ပျိုးသွားမည့် အပင်များ စုစည်းထားရှိမှုကို ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

          ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးနှင့်အဖွဲ့သည် ဧရာရပ်ကွက်၊ ကမ်းနားလမ်းရှိ မြို့မပျိုးဥယျာဉ် အတွင်း မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်နှင့် မိုးရာသီအကြို သစ်ပင်စိုက်ပျိုးရန်အတွက် ဒေသမျိုးရင်း များအပါအဝင် ပိတောက်၊ စကားဝါ၊ ပျဉ်းကတိုး၊ တမလန်း၊ မျောက်လုပ်၊ သစ်တို၊ ခလောင်၊ ငါးပေါက်၊ ထင်းရှုး၊ မဟော်ဂနီ စသည့်အရိပ်ရသစ်ပင်များ ပျိုးထောင်စိုက်ပျိုးထားရှိမှုကို ပြည်နယ်သစ်တောဦးစီး မှူးနှင့် တာဝန်ရှိသူများ၏ လိုက်လံရှင်းလင်းပြသမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ပြည်နယ် ဝန်ကြီးက မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်အပြင် ရာသီအလိုက် ပျိုးပင်များ ဖြန့်ဝေ/စိုက်ပျိုးပေးနိုင်ရေး လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။