ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်၍ မြစ်ကြီးနားမြို့၌ တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များ စုပေါင်း၍ အင်အား(၁၀၀၀)ကျော်ဖြင့် ပြည်သူ့အကျိုးပြု သန့်ရှင်းရေးလုပ်ငန်းကို တစ်ပျော်တစ်ပါးစုပေါင်းဆောင်ရွက်

 ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်၍ မြစ်ကြီးနားမြို့၌ တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများ၊ လူမှုရေးအသင်းအဖွဲ့များ စုပေါင်း၍ အင်အား(၁၀၀၀)ကျော်ဖြင့် ပြည်သူ့အကျိုးပြု သန့်ရှင်းရေးလုပ်ငန်းကို တစ်ပျော်တစ်ပါးစုပေါင်းဆောင်ရွက်

မြစ်ကြီးနား     မေ ၇

          ကချင်ပြည်နယ်အစိုးရအဖွဲ့မှ ဦးဆောင်၍ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တပ်ရင်းတပ်ဖွဲ့များ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ အရပ်ဘက်လူမှုရေးအသင်းအဖွဲ့များ၏ စုပေါင်းအင်အားဖြင့် ပြည်သူ့ အကျိုးပြုလုပ်ငန်းဖြစ်သည့် မြို့ပြသန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်ခြင်းကို မေ ၇ ရက် နံနက် ၇ နာရီက မြစ်ကြီးနားတက္ကသိုလ်ဝင်းအတွင်း တစ်ပျော်တစ်ပါး စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

          ထို့သို့ ပြည်သူ့အကျိုးပြုစုပေါင်း သန့်ရှင်းရေးလုပ်ငန်းဆောင်ရွက်ခြင်းကို ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်မြတ်သက်ဦး၊ ပြည်နယ်တရားလွှတ် တော်တရားသူကြီးချုပ်၊ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများသည် မြစ်ကြီးနားတက္ကသိုလ်ဝင်းအတွင်း ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ တပ်မတော်တပ်ရင်း/ တပ်ဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များ၏ စုပေါင်းအင်အား (၅၅၀)ကျော်တို့နှင့်အတူ သစ်ပင်ကြီးနှင့် ခြုံနွယ်များ ခုတ်ခွင်ရှင်းလင်းခြင်း၊ အမှိုက်များ ကောက်ယူခြင်းတို့ကို တစ်ပျော်တစ်ပါးသန့်ရှင်းရေး ပါဝင်ဆောင် ရွက်ခဲ့ကြသည်။

          အလားတူ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် စည်ပင်သာယာဆိပ်မှ ဝန်းသိုကျောင်းအထိ ဧရာဝတီမြစ်ကမ်းတစ်လျှောက် ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ တပ်မတော်သား များနှင့် လူမှုပရဟိတအဖွဲ့များ၏ စုစုပေါင်းအင်အား (၆၀၀)တို့ဖြင့် သန့်ရှင်းရေးလုပ်ငန်းဆောင်ရွက် နေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး ပြည်သူ့အကျိုးပြုသန့်ရှင်းရေးလုပ်ငန်းအား အတူ တကွ ပါဝင်ဆောင်ရွက်ခဲ့ကြကာ အဆိုပါ စုပေါင်းသန့်ရှင်းရေးလုပ်ငန်း ပါဝင်ဆောင်ရွက်ကြသူများ အား နံနက်စာအဖြစ် ကောက်ညှင်းပေါင်း၊ အကြော်စုံ၊ လဘက်ရည်နှင့် ရေသန့်ဘူးများဖြင့် ကျွေးမွေး ဧည့်ခံခဲ့ကြောင်း သိရှိရသည်။