ဝိုင်းမော်မြို့နယ်ရှိ တိုင်းဆာရှမ်းမျိုးနွယ်စုမိသားစုများကနှစ်ဆန်း(၁)ရက်နေ့ကုသိုလ်ကောင်းမှုအဖြစ် ရိုးရာမြီးရှည်ဆွမ်းကပ်လှူပွဲနှင့် သက်ကြီးဘိုးဘွားများပူဇော်ကန်တော့ပွဲကျင်းပ

 ဝိုင်းမော်မြို့နယ်ရှိ တိုင်းဆာရှမ်းမျိုးနွယ်စုမိသားစုများကနှစ်ဆန်း(၁)ရက်နေ့ကုသိုလ်ကောင်းမှုအဖြစ် ရိုးရာမြီးရှည်ဆွမ်းကပ်လှူပွဲနှင့် သက်ကြီးဘိုးဘွားများပူဇော်ကန်တော့ပွဲကျင်းပ

မြစ်ကြီးနား     ဧပြီ ၁၈

          ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်အတွင်းရှိ တိုင်းဆာ(ခ)မိုင်းသာရှမ်းစာပေနှင့်ယဉ်ကျေးမှု ကော်မတီက ကြီးမှူးကျင်းပသည့် တိုင်းဆာရှမ်းမျိုးနွယ်စုမိသားစုများ၏  မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် နှစ်ဆန်း(၁) ရက် နေ့အထိမ်းအမှတ် ကုသိုလ်ကောင်းမှုအဖြစ် ရိုးရာမြီးရှည်ဆွမ်းကပ်လှူပွဲနှင့် သက်ကြီးဘိုးဘွားပူဇော် ကန်တော့ပွဲ အခမ်းအနားကို ဧပြီ ၁၈ ရက် နံနက် ၈ နာရီခွဲတွင် ဝိုင်းမော်မြို့ ရပ်ကွက်(၁)ရှိ ယင်းကော်မတီရုံး၌ ကျင်းပပြုလုပ်သည်။

          တိုင်းဆာရှမ်းမျိုးနွယ်စုမိသားစုများ၏ ရိုးရာမြီးရှည်ဆွမ်းဆက်ကပ်လှူပွဲနှင့် သက်ကြီး ဘိုးဘွား ပူဇော်ကန်တော့ပွဲအခမ်းအနားသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့်ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်တို့က တက်ရောက် အားပေးခဲ့ကြပြီး တိုင်းဆာစာပေနှင့်ယဉ်ကျေးမှုကော်မတီအတွက် ပြည်နယ်ဝန်ကြီးချုပ်က ထောက်ပံ့ ငွေကျပ် ၅ သိန်း၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးက ငွေကျပ် ၅ သိန်းနှင့် ပြည်နယ်ဥပဒေချုပ်က ငွေကျပ် (၁)သိန်းကျော်တို့ကို အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြသည်။

          အဆိုပါ တိုင်းဆာရှမ်းရိုးရာမြီးရှည်ဆွမ်းကပ်လှူပွဲတွင် မြို့နယ်သံဃနာယကအဖွဲ့ဝင် အောင် ချမ်းသာကျောင်းတိုက်ဆရာတော်အမှူးပြုသော ဆရာတော်/ သံဃာတော်အရှင်သူမြတ်များအား ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်နှင့်ဇနီး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ တိုင်းဆာရှမ်းမျိုးနွယ်စုမိသားစုများက လှူဖွယ်ပစ္စည်းများလှူဒါန်းခဲ့ကြကာ တိုင်းဆာရှမ်းရိုးရာမြီးရှည် ဆွမ်းကို ဆက်ကပ်လှူဒါန်းခဲ့ကြပြီး သက်ကြီးဘိုး/ဘွားပူဇော်ကန်တော့ပွဲကို ဆက်လက်ကျင်းပရာ ဘိုးဘွား ၂၃ ဦးတို့အား အသုံးအဆောင်ပစ္စည်းများနှင့် ငွေသားများဖြင့် ဂါဝရပြုပူဇော်ကန်တော့ခဲ့ကြ ကြောင်းသိရှိရသည်။