ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီသို့ အောက်စီဂျင်အလုံးရေ (၁၀၀)နှင့် ဆက်စပ် ပစ္စည်းများလှူဒါန်း

 ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ကုသရေးလုပ်ငန်းများတွင် အသုံးပြုရန်အတွက် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီသို့ အောက်စီဂျင်အလုံးရေ (၁၀၀)နှင့် ဆက်စပ် ပစ္စည်းများလှူဒါန်း

မြစ်ကြီးနား     ဇူလိုင် ၁၈

          ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ကုသရေးလုပ်ငန်းများအတွက် ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီသို့ မြစ်ကြီးနားညီအစ်ကိုများဂေါက်ရိုက်အဖွဲ့မှ အောက်စီဂျင်အလုံးရေ(၁၀၀)နှင့် ဆက်စပ် ပစ္စည်းများ လှူဒါန်းပွဲ ကို ဇူလိုင် ၁၈ ရက် နံနက် ၁၀ နာရီတွင် မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကိုဗစ်-၁၉ စည်းကမ်းများနှင့်အညီ ကျင်းပပြုလုပ်သည်။

          လှူဒါန်းပွဲတွင် ပြည်နယ်ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးခက်ထိန်နန်က ကိုဗစ်-၁၉ တတိယလှိုင်းသည် ကမ္ဘာ့ နိုင်ငံအသီးသီးနှင့် မြန်မာနိုင်ငံတွင် အလျင်အမြန်ကူးစက်ပျံ့နှံ့ခဲ့ပြီး ကချင်ပြည်နယ်တွင်လည်း ရောဂါပိုးတွေ့ရှိ ယနေ့အထိ(၃၄၂၆)ဦးရှိနေပြီး စတင်ဖြစ်ပွားချိန်မှ ဇူလိုင်(၁၇)ရက်နေ့အထိ သေဆုံး သူ(၅၂)ဦးရှိရာ ဇူလိုင်လတစ်လအတွင်း သေဆုံးသူ (၄၇)ဦးအထိ ရှိနေပါကြောင်း၊ ကိုဗစ်-၁၉ ကာ ကွယ်ရေးလုပ်ငန်းများကို ထိထိရောက်ရောက်ဆောင်ရွက်ရန်အတွက် အောက်စီဂျင်ရရှိရေးသည် လည်း အလွန်အရေးကြီးလာပါကြောင်းနှင့်ထို့ကြောင့် အောက်စီဂျင်လိုအပ်လာလျှင် လုံလုံလောက် လောက်ရရှိရေးနှင့်အရေးပေါ်အသုံးပြုရန်အတွက် မိမိတို့အနေဖြင့် အောက်စီဂျင်စက်ရုံများ လိုအပ် လာသလို အလှူရှင်များ၏ လှူဒါန်းမှုပြုနိုင်ရန်အတွက်ကိုလည်း နှိုးဆော်တိုက်တွန်းလိုပါကြောင်း တိုက်တွန်းမှာကြားသည်။

          ယင်းနောက် အောက်စီဂျင်အိုးများနှင့် ဆက်စပ်ပစ္စည်းများ လှူဒါန်းရခြင်းနှင့် ပတ်သက်၍ အလှူရှင် မြစ်ကြီးနားညီအစ်ကိုများဂေါက်ရိုက်အဖွဲ့(MBGA)မှ ဦးဇော်မင်းက ရှင်းလင်းပြောကြား ပြီး ပြည်နယ်ကော်မတီအတွင်းရေးမှူး၊ ပြည်နယ်ကောင်စီအဖွဲ့ဝင်ဗိုလ်မှူးကြီးကျော်လင်းအောင် က အောက်စီဂျင်အိုးများ လှူဒါန်းရရှိမှုအတွက် ကျေးဇူးတင်ကြောင်းနှင့် လက်ခံရရှိသည့် အောက် စီဂျင်များကို ဖြန့်ဝေသုံးစွဲသွားနိုင်ရေး စီစဉ်ဆောင်ရွက်ထားမှုများကို ရှင်းလင်းပြောကြားသည်။

          ထို့နောက် မြစ်ကြီးနားညီအစ်ကိုများဂေါက်ရိုက်အဖွဲ့(MBGA)မှ ဦးဇော်မင်းနှင့် တာဝန်ရှိသူ များက ပြည်နယ်အတွင်း အသုံးပြုရန်အတွက် အောက်စီဂျင်အိုးများနှင့် ဆက်စပ်ပစ္စည်းများ လှူဒါန်းပေးအပ်မှုကို ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့် ကောင်စီအဖွဲ့ဝင်တို့က လက်ခံ ရယူခဲ့ကြပြီး ကျေးဇူးတင်ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ခဲ့ကြသည်။

          ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် ယ‌နေ့ လှူဒါန်းလက်ခံရရှိသည့် လီတာ(၄၀)ဆံ့ အောက်စီဂျင်အလုံးရေ (၁၀၀)နှင့် ဆက်စပ်ပစ္စည်းများကို ဗန်းမော်ခရိုင်ပြည်သူ့ဆေးရုံအတွက် အလုံး (၂၀)၊ မိုးမောက်မြို့နယ်ဆေးရုံအတွက် (၁၀)လုံး၊  ရွှေကူမြို့နယ်ဆေးရုံအတွက် (၁၀) လုံး၊ မိုးညှင်းခရိုင်ပြည်သူ့ဆေးရုံအတွက် အလုံး(၂၀)၊ မိုးကောင်းမြို့နယ်ဆေးရုံအတွက် (၁၀)လုံး၊ တမဟ (၃)အတွက် (၁၀)လုံး၊ ပူတာအိုခရိုင်ပြည်သူ့ဆေးရုံအတွက်(၁၀)လုံး၊ တနိုင်းမြို့နယ်အတွက် (၅)လုံး နှင့် ချီဖွေမြို့နယ်အတွက် (၅)လုံး ဖြန့်ဝေပေးအပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။