နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ (၇၅)နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့ အထိမ်းအမှတ် သဝဏ်လွှာဖတ်ပွဲ၊ ဂုဏ်ထူးဆောင်လက်မှတ်၊ ဂုဏ်ထူးဆောင်ဆု ပစ္စည်းများနှင့် မှတ်တမ်းတင်ဂုဏ်ပြုလွှာရရှိသူများအား ဆုများအပ်နှင်းချီးမြှင့်ပွဲသို့ တက်ရောက်

 နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ (၇၅)နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့ အထိမ်းအမှတ် သဝဏ်လွှာဖတ်ပွဲ၊ ဂုဏ်ထူးဆောင်လက်မှတ်၊ ဂုဏ်ထူးဆောင်ဆု ပစ္စည်းများနှင့် မှတ်တမ်းတင်ဂုဏ်ပြုလွှာရရှိသူများအား ဆုများအပ်နှင်းချီးမြှင့်ပွဲသို့ တက်ရောက်

မြစ်ကြီးနား     ဇန်နဝါရီ ၁၀

           (၇၅)နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့ အထိမ်းအမှတ် သဝဏ်လွှာဖတ်ပွဲ အခမ်းအနား၊ မနောအကနှင့် ဂုဏ်ထူးဆောင်လက်မှတ်၊ ဂုဏ်ထူးဆောင်ဆုပစ္စည်းများနှင့် မှတ်တမ်းတင်ဂုဏ်ပြု လွှာရရှိသူများအား ဆုပေးအပ်ချီးမြှင့်ခြင်း အခမ်းအနားများ  ဇန်နဝါရီ ၁၀ ရက် နံနက် ၈ နာရီတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းရှေ့ မျက်ခင်းပြင်၌ ဖွင့်ပွဲအခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြသည်။

           (၇၅)နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့ သဝဏ်လွှာဖတ်ပွဲ အခမ်းအနားသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့်    ဦး Jeng Phang နော်တောင်၊ ဦးစိုင်းလုံဆိုင်၊ ဦးမောင်းဟာ၊ ဦးရွှေကြိမ်းတို့နှင့်အတူ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ပြည်ထောင်စု ဝန်ကြီး ဦးလှမိုး၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ် ဖြိုးသန့်၊ ဦးဇော်အေးမောင်တို့ တက်ရောက်လာခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူးနှင့် တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်ဥပဒေချုပ်နှင့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များက ရိုးရာဧည့်ကြိုအကဖြင့် ဂုဏ်ပြု ကြိုဆိုခဲ့ကြသည်။

ထို့နောက် (၇၅)နှစ်မြောက်စိန်ရတု ကချင်ပြည်နယ်နေ့ သဝဏ်လွှာဖတ်ပွဲတွင် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ထံမှ ၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတု ကချင်ပြည်နယ်နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦး Jeng Phang နော်တောင်က ဖတ်ကြားသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် သီရိပျံချီဦးခက်ထိန်နန်က ကချင်ပြည်နယ်သည် ပြည်ထောင်စုကြီးနှင့်အတူ (၇၅)နှစ်မြောက် စိန်ရတုမှသည် ရှေ့ဆက်ရာသက်ပန်အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒီမိုကရေစီဖက်ဒရယ်တည်ဆောက်နိုင်ရန် ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားညီတစ်ကို မောင်နှမများအားလုံး စည်းလုံးညီညွတ်စွာဖြင့် အတူလက်တွဲ၍ ဝိုင်းဝန်းကြိုး ပမ်းဆောင်ရွက်ကြရန် လိုကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်က ကချင်ပြည်နယ်အစိုးရအဖွဲ့အတွက် နေအိမ်များတွင် အသုံးပြုရန် နေရောင်ခြည် စွမ်းအင်သုံးဆိုလာပြား (Solar Home System Planens 120 w) အစုံ ၁၀၀ ကို ပေးအပ်လှူဒါန်းရာ ပြည်နယ်ဝန်ကြီးချုပ်က လက်ခံရယူသည်။

ယင်းနောက် ပြည်နယ်အစိုးရအဖွဲ့ရုံး မျက်ခင်းပြင်ရှေ့ မနောကွင်း၌ (၇၅)နှစ်မြောက်စိန်ရတု ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် အပိတ်မနောအကကို မနောအကဦးဆောင်အဖွဲ့မှ ဦးဆောင်၍ နိုင်ငံစီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး တိုင်းမှူးနှင့်ဇနီး၊ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ငြိမ်းချမ်းရေးအကျိုးတော်အဖွဲ့များ၊ ဖိတ်ကြားထားသောအထူးဧည့်သည်တော်များ၊ ကချင်၊ ရှမ်းနှင့် ဗမာတိုင်းရင်းသားမျိုးနွယ်စုများ၊ ယဉ်ကျေးမှုအဖွဲ့များ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြစ်ကြီးနားသူနာပြုသင်တန်း ကျောင်းနှင့် နယ်စပ်ဒေသတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးသင်တန်းကျောင်းမှ သင်တန်း သား/ သင်တန်းသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ စုပေါင်း၍ ရိုးရာအစဉ်အလာနှင့်အညီ မနောအကကို တစ်ပျော်တစ်ပါးစုပေါင်းကခဲ့ကြကာ အမှတ်တရမှတ်တမ်းဓာတ်ပုံကို စုပေါင်းရိုက်ကူးခဲ့ကြသည်။

ကချင်ပြည်နယ်နေ့သည် မြန်မာနိုင်ငံလွတ်လပ်ရေးရရှိခဲ့သည့် ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက်ပြီး နောက် ဇန်နဝါရီ ၁၀ ရက်နေ့တွင် ကျင်းပခဲ့သည့် ကချင်ပြည်နယ်ကောင်စီညီလာခံ၏ ပထမဆုံးသော အစည်းအဝေးကို မြစ်ကြီးနားမြို့ စီတာပူမနောကွင်း၌ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံ၏ ပထမဆုံး သော သမ္မတစပ်ရွှေသိုက် ကိုယ်တိုင်တက်ရောက်၍ ဦးနုနှင့်အတူ မနောမဏ္ဍပ်ကို ဖွင့်လှစ်အလံတင် ကာ ကချင်ပြည်နယ်အစိုးအရအဖွဲ့ကို ဖွဲ့စည်းခဲ့သဖြင့်  ဇန်နဝါရီ ၁၀ ရက်နေ့ကို ကချင်ပြည်နယ်နေ့ အဖြစ် သတ်မှတ်၍ နှစ်စဉ်ကျင်းပရာ ယခုနှစ်တွင် (၇၅)နှစ်မြောက် စိန်ရတုကို ရောက်ရှိခဲ့ပြီ ဖြစ်သည်။

ထို့နောက် မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည့် (၇၅)နှစ်မြောက် စိန်ရတု ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် ပြည်နယ်အတွင်း ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် အေးချမ်း တည်ငြိမ်ရေးအတွက် ဘက်စုံ၊ ထောင့်စုံ၊ ကဏ္ဍစုံမှ စွမ်းစွမ်း တမံဆောင်ရွက်ခဲ့ကြသည့် လူပုဂ္ဂိုလ် အဖွဲ့အစည်းများအား ဂုဏ်ထူးဆောင်လက်မှတ်၊ ဂုဏ်ထူးဆောင် ဆုပစ္စည်းများနှင့် မှတ်တမ်းတင် ဂုဏ်ပြုလွှာရရှိများအား ဆုချီးမြှင့်ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ဂုဏ်ထူးဆောင်ဆုများ ပေးအပ်ပွဲအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် သီရိပျံချီ ဦးခက်ထိန်နန်က ဂုဏ်ထူးဆောင်ဆု၊ ဆုပစ္စည်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာများကို ချီးမြှင့်အပ်နှင်းနိုင် ရေး ဆောင်ရွက်ခဲ့မှုအခြေအနေများနှင့် မိမိတို့ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် နိုင်ငံတော်က ချမှတ် ထားသည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက် (၉)ရပ်ကို လုပ်ငန်းလမ်းညွှန်အဖြစ်ခံယူပြီး ဘက်စုံ၊ ထောင်စုံ၊ ကဏ္ဍစုံမှ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်သွားမည်ဖြစ်သကဲ့သို့ ဂုဏ်ပြုချီးမြှင့်ထိုက်သူများကို ဂုဏ်ပြုချီးမြှင့်ခြင်းအားဖြင့် မျိုးဆက် သစ်လူငယ်များ အားကျအတုယူပြီး အမိနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသား ပြည်သူများ၊ လူငယ်၊ လူရွယ်များသည် တိုင်းပြည်တည်ငြိမ်အေးချမ်းရေး၊ စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အမျိုးသားရေးတာဝန်အဖြစ် ကြိုးစားထမ်းဆောင်ကြရေး  တိုက်တွန်းမှာ ကြားသည်။

ဆက်လက်၍ ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကြည်လင်းက ဂုဏ်ထူးဆောင်လက်မှတ်၊ ဂုဏ်ထူးဆောင်ဆုပစ္စည်းနှင့် မှတ်တမ်းတင်ဂုဏ်ပြု လွှာများ ချီးမြှင့််အပ်နှင်းနိုင်ရေးအတွက် လုပ်ငန်းကော်မတီများ ဖွဲ့စည်းပြီး ဥပဒေနှင့်အညီ စိစစ် ရွေးချယ်ဆောင်ရွက်ခဲ့မှု အခြေအနေများကို ရှင်းတင်ပြသည်။

ထို့နောက် ဂုဏ်ထူးဆောင်လက်မှတ်၊ ဂုဏ်ထူး‌ဆောင်ဆုပစ္စည်းနှင့် မှတ်တမ်းတင်ဂုဏ်ပြုလွှာ များကို ပေးအပ်ချီးမြှင့်ရာ နိုင်ငံတော်စီမံအုပ်ချူပ်ရေးကောင်စီအဖွဲ့ဝင်များဖြစ်ကြသည့် ဦး Jeng Phang နော်တောင်၊ ဦးစိုင်းလုံဆိုင်၊ ဦးမောင်းဟာ၊ ဦးရွှေကြိမ်းတို့က စီမံခန့်ခွဲရေးဆိုင်ရာ ထူးချွန်ဆု(ပထမအဆင့်)ရ လူပုဂ္ဂိုလ်များအားလည်းကောင်း၊ ပြည်ထောင်စုဝန်ကြီးများက စီမံခန့်ခွဲ ရေးဆိုင်ရာ (ဒုတိယအဆင့်)နှင့် တတိယအဆင့် ဆုရပုဂ္ဂိုလ်များ၊ စီးပွားဆိုင်ရာ(ပထမအဆင့်၊ ဒုတိယ အဆင့်နှင့် တတိယအဆင့်)ဆုရ ပုဂ္ဂိုလ်များအားလည်းကောင်း၊ မှတ်တမ်းတင်ဂုဏ်ပြုလွှာရရှိသည့် လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းများကို လည်းကောင်း၊ ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် ဒုတိယဝန်ကြီးများ က (၇၅) နှစ်မြောက် စိန်ရတုကချင်ပြည်နယ်နေ့အထိမ်းအမှတ် အဆင့်မြင့်ပညာနှင့်အခြေခံပညာတို့မှ စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုဆုငွေနှင့် ဂုဏ်ပြုမှတ်တမ်းလွှာတို့ကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး ဆုရရှိသူများနှင့် အမှတ်တရမှတ်တမ်း ဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

ထို့မှတစ်ဆင့် မွန်းလွဲပိုင်းတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စု ဝန်ကြီးများနှင့် ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းမှူးတို့သည် မြစ်ကြီးနားမြို့ အံတော်ရှင်းကျောင်းတိုက်သို့ သွားရောက်ပြီး ဝန်သိုကျောင်းတိုက်ဆရာတော် ဘဒ္ဒန္နကေတုမာလာနှင့် ဆရာတော်သံဃာတော်များ အား ဖူးမျှော်ကြည်ညိုခဲ့ပြီး သာသနာရေးဆိုင်ရာများကို လျှောက်တင်ခဲ့ကြကာ ဆရာတော်/ သံဃာ တော်များထံ ဆန်အိတ် (၂၀)အိတ်၊ ဆီ(၅)ပုံးနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ယင်းနောက် မြစ်ကြီးနားမြို့ အောင်နန်းရပ်ကွက်အတွင်းရှိ စိန့်ကိုလန်ဘန်ကတ်သလစ် အသင်းတော်ဘုရားကျောင်းသို့ သွားရောက်ပြီး မြစ်ကြီးနားမြို့နယ်အတွင်းရှိ ခရစ်ယာန်အသင်းတော် များမှ ဖာသာများ၊သိက္ခာတော်ရဆရာများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အပြန်အလှန် မိတ်ဆက်ခဲ့ကြပြီး အသင်းတော်များအတွက် သစ်သီးခြင်းများနှင့် အလှူငွေများကို ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သိရှိ ရသည်။