နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ (၇၅)နှစ်မြောက်‌ စိန်ရတုကချင်ပြည်နယ်နေ့အထိမ်းအမှတ် မြစ်ကြီးနားမြို့၌ ရေကူးပြေးလမ်း (၁၀)လမ်းပါ ငြိမ်းချမ်းသာယာရေကူးကန်ဖွင့်လှစ်ပေး

 နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများ (၇၅)နှစ်မြောက်‌ စိန်ရတုကချင်ပြည်နယ်နေ့အထိမ်းအမှတ် မြစ်ကြီးနားမြို့၌ ရေကူးပြေးလမ်း (၁၀)လမ်းပါ ငြိမ်းချမ်းသာယာရေကူးကန်ဖွင့်လှစ်ပေး

မြစ်ကြီးနား     ဇန်နဝါရီ ၁၀

          နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည်ထောင်စုဝန်ကြီးများသည် (၇၅)နှစ် မြောက်စိန်ရတုကချင်ပြည်နယ်နေ့ကို ဂုဏ်ပြုသောအားဖြင့် ဇန်နဝါရီ ၁၀ ရက် မွန်းလွဲ ၂ နာရီက မြစ်ကြီးနားမြို့ သီတာရပ်ကွက်အတွင်း ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနပိုင် ငြိမ်းချမ်းသာ ယာအားကစားကွင်းအတွင်း တည်ဆောက်ပြီးစီးခဲ့သည့် ရေကူးပြေးလမ်း (၁၀)လမ်းပါ ငြိမ်းချမ်း သာယာရေကူးကန်ဖွင့်ပွဲသို့ တက်ရောက်ဖွင့်လှစ်ပေးကြသည်။

          အဆိုပါ ငြိမ်းချမ်းသာယာရေကူးကန်ဖွင့်ပွဲသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် များဖြစ်ကြသည့်    ဦး Jeng Phang နော်တောင်၊ ဦးစိုင်းလုံဆိုင်၊ ဦးမောင်းဟာ၊ ဦးရွှေကြိမ်းတို့နှင့်အတူ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်း၊ ပြည်ထောင်စု ဝန်ကြီး ဦးလှမိုး၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းဟန်၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံ၊ ပြည်ထောင်စုဝန်ကြီး ဦးမျိုးသန့်၊ ပြည်ထောင်စုဝန်ကြီး ဦးစောထွန်းအောင်မြင့်၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ဒုတိယဝန်ကြီးများဖြစ်ကြသည့် ဗိုလ်ချုပ်ဖြိုးသန့်၊ ဦးဇော်အေးမောင်၊ တပ်မတော်အရာရှိကြီးများ ပြည်နယ်တရားလွှတ်တော်တရား သူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်လာခဲ့ကြသည်။

          ရှေးဦးစွာ ငြိမ်းချမ်းသာယာရေကူးကန်ဖွင့်ပွဲ အခမ်းအနားတွင် အားကစားနှင့်ကာယပညာဦးစီး ဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းသိန်းဇံက ကချင်ပြည်နယ်အနေဖြင့် တိုင်းဒေသကြီးနှင့်ပြည်နယ် အားလုံးတွင် တန်ဖိုးအကြီးဆုံး အမိုးအကာပါ ရေကူးကန်အသစ်ကို ပထမဦးဆုံး တည်ဆောက် ဖွင့်လှစ်နိုင်ခဲ့သည့် ပြည်နယ်တစ်ခုဖြစ်သည့်အတွက် မှတ်တမ်းတင်ဂုဏ်ယူပါကြောင်း၊ ရေကူးကစား နည်းဟာဆိုရင် ပြိုင်ပွဲတွင် ရွှေတံဆိပ်(၄၆)ခုခန့် ချီးမြှင့်ပေးအပ်သည့် အားကစားနည်းဖြစ်သည့် အတွက် ထူးချွန်သည့် ရေကူးအားကစားသမားမျိုးဆက်သစ်များ မွေးထုတ်ပေးနိုင်မည်ဆိုပါက ကချင် ပြည်နယ်အတွက်သာမက နိုင်ငံတော်အတွက်ပါ အားကစားအဆင့်အတန်းတိုးတက်မြင့်မားရေးကို အထောက်အကူပြုနိုင်မည်ဖြစ်ပါကြောင်း၊ နိုင်ငံတကာအဆင့်မီရေကူးကန်ဖြစ်သည့်အတွက် စနစ် တကျထိန်းသိမ်းစောင့်ရှောက်နိုင်ရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့်လည်း အနီးကပ် ကြပ်မတ်ဆောင်ရွက်ပေးကြရန် လိုကြောင်း တိုက်တွန်းမှာကြားသည်။

          ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကချင်ပြည်နယ်၏ အားကစားကဏ္ဍတိုး တက်အောင်မှုခဲ့မှု အခြေအနေများနှင့် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ယနေ့ နိုင်ငံတကာ ရေကူးကန် တစ်ခုရရှိပြီး ဖြစ်သည့်အတွက် ကချင်ပြည်နယ်၏ ရေကူးအားကစားအဆင့်အတန်း တိုးတက်မြင့်မား လာစေရေးအတွက် ရေကူးသင်တန်းများနှင့် ရေကူးပြိုင်ပွဲများကိုလည်း စဉ်ဆက်မပြတ် ကျင်းပပြု လုပ်စေခဲ့ရာ လာမည့် တိုင်း‌ဒေသကြီးနှင့် ပြည်နယ် ရေကူးပြိုင်ပွဲများတွင် အဆင့်မီစွာ ပါဝင်ယှဉ်ပြိုင် နိုင်မည့် ရေကူးအားကစားသမား မျိုးဆက်သစ်များကိုလည်း မွေးထုတ်ပေးနိုင်ပြီဖြစ်ပါကြောင်း ကျေးဇူးတင်ဂုဏ်ပြုပြောကြားသည်။

          ထို့နောက် ရေကူးကန်အား တင်ဒါအောင်မြင်ပြီး တာဝန်ယူတည်ဆောက်ခဲ့သော မြန်မာ မိတ်ကာဟုမ်းကုမ္ပဏီမှ ရေကူးကန်အား လွှဲပြောင်းပေးအပ်ရာ ပြည်နယ်လူမှုရေးရာဝန်ကြီးက လက်ခံ ရယူသည်။

          ယင်းနောက် ငြိမ်းချမ်းသာယာရေကူးကန်သစ်အား ပြည်ထောင်စုဝန်ကြီးများက ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးကြပြီး ရေကူးကန်ဆိုင်းဘုတ်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များနှင့် ပြည် နယ်ဝန်ကြီးချုပ်တို့က စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးကြကာ အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။

          ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်များ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တက်ရောက်လာကြသူများက အသစ်တည် ဆောက်ပြီးစီးသည့်ရေကူးကန်အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များ ဖြည့်စွက် ဆောင်ရွက်နိုင်ရေး မှာကြားခဲ့သည်။

          ဆက်လက်၍ သက်တမ်းအလိုက်ရေကူးပြိုင်ပွဲကျင်းပပြုလုပ်မှုကို ပွဲကြည့်စင်မှ ကြည့်ရှု အားပေးခဲ့ကြပြီး ပြိုင်ပွဲဝင်များအား ဂုဏ်ပြုချီးမြှင့်ငွေများနှင့် ဖွင့်ပွဲအခမ်းအနားတွင် ပါဝင်ကူညီကူညီ ခဲ့ကြသော တိုင်းရင်းယဉ်ကျေးမှုအဖွဲ့များ၊ ပန်းပွားအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ခဲ့ ကြသည်။

          ယနေ့ ဖွင့်လှစ်လိုက်သည့် ငြိမ်းချမ်းသာယာရေကူးကန်သည် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာန၏ ပြည်ထောင်စုငွေလုံးငွေရင်း ရန်ပုံငွေကျပ်သန်း (၁၉၀၀)ဖြင့် နိုင်ငံတကာအဆင့်မီ အလျား (၅၀)မီတာ၊ အနံ (၂၅)မီတာနှင့် ရေကူးပြေးလမ်း (၁၀)လမ်းပါ ရေကူးကန်ဖြစ်ပြီး ရေကူးကန် အတွင်း အလျား (၉)မီတာ၊ အနံ(၅)မီတာရှိ LED အမှတ်ပေးဆိုင်းဘုတ်အပါအဝင် ဂါလံ(၁)သိန်းဆံ့ မြေအောက်ရေကန်နှင့် အသံစနစ်၊ ခေတ်မီရေသန့်စင်သောစနစ်များ ပါဝင်သည့် ရေကူးကန်တစ်ခု ဖြစ်ကြောင်း သိရှိရသည်။