စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး မှ ကချင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းနှင့် တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းတို့မှ လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

 စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး မှ ကချင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းနှင့် တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းတို့မှ လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေး

မြစ်ကြီးနား     ဇန်နဝါရီ

          စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် ယနေ့မွန်းလွဲပိုင်းတွင် ကချင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းနှင့် တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းတို့မှ လုပ်ငန်းရှင်များအား ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး၏ မလိခခန်းမ၌ တွေ့ဆုံခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် ပြည်ထောင်စုဝန်ကြီးက ကချင်ပြည်နယ်အတွင်း စီးပွားရေးဖွံ့ဖြိုး တိုးတက်ရေးအတွက် အဓိကလိုအပ်ချက်ဖြစ်သည့် ကုန်သွယ်မှုမြှင့်တင်နိုင်ရေးအတွက်  ကုန်စည် ဒိုင်များ ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စများကိုလည်းကောင်း၊ နယ်စပ်ကုန်သွယ်မှုကဏ္ဍတွင် ပို့ကုန်ပမာဏ တိုးမြှင့်တင်ပို့နိုင်ရေး၊ ကချင်ပြည်နယ်အတွင်းရှိ စီးပွားရေးလုပ်ငန်းဆိုင်ရာ အသင်းအဖွဲ့များ အားကောင်းလာစေရေး နှင့် ကချင်ပြည်နယ်အတွင်းရှိ အသေးစား၊ အငယ်စား၊ အလတ်စား စီးပွား‌ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကုန်သွယ်မှုကဏ္ဍမှ အထောက်အကူပြုပေးမည့် အစီအစဉ်များကို ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် ကချင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းနှင့် တိုင်းရင်းသား လုပ်ငန်းရှင်များအသင်းတို့မှ လုပ်ငန်းရှင်များက နယ်စပ်ကုန်သွယ်မှုနှင့်စပ်လျဉ်း၍ တရုတ်နိုင်ငံသို့ ပို့ကုန်တင်ပို့ရာတွင်ကြုံတွေ့နေရသည့် အခက်အခဲများ၊ နှစ်နိုင်ငံနယ်စပ် ကုန်သွယ်မှုမြှင့်တင်ရေး၊ ခရီးသွားကဏ္ဍ တိုးမြှင့်‌နိုင်ရေးနှင့် ကုန်သွယ်မှုဆိုင်ရာ ကိစ္စရပ်များကို တင်ပြခဲ့ကြရာ ပြည်ထောင်စုဝန်ကြီးက လုပ်ငန်းရှင်များတင်ပြသည့် အချက်များအပေါ် လိုအပ်သည်များ ရှင်းလင်းဆွေးနွေးကာ အဆင်ပြေချောမွေ့စေရေး ညှိနှိုင်းကူညီဆောင်ရွက် ပေးခဲ့ကြောင်း သိရှိရသည်။