မြစ်ကြီးနားမြို့ ပလနကျေးရွာအုပ်စု ပလန(၁)ကျေးရွာမှ ပလန(၄)ကျေးရွာသွားလမ်း ငွေပျော်လမ်း တစ်လျှောက် မိုးရာသီစုပေါင်းသစ်စိုက်ပျိုးပွဲ ကျင်းပ

မြစ်ကြီးနား     ဇွန် ၂၇

          ကချင်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ပြည်နယ်သစ်တောဦးစီးဌာနနှင့် ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို မြစ်ကြီးနားမြို့ ပလန ကျေးရွာအုပ်စု ပလန(၁) မှ ပလန (၄)အထိ ငွေပျော်လမ်းတစ်လျှောက် လမ်းဘေးဝဲ/ယာတို့တွင် စုပေါင်း သစ်ပင်စိုက်ပျိုးခဲ့ကြသည်။

          ထိုသို့ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်သို့ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်အေး အေးမော်၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရ ဦးဆောင်သည့် ပြည်နယ် အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်စာရင်းစစ်ချုပ်တို့ တက်ရောက်ခဲ့ကြပြီး ပလန (၃) အင်ကြင်းမြိုင်ကျေးရွာ အတွင်းရှိ အခြေခံပညာမူလတန်းကျောင်းရှေ့၌ ကျင်းပရာ သတ်မှတ်နေရာအသီးသီး၌ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျေးရွာနေပြည်သူများ၊ အရပ်ဖက်လူမှုရေးအသင်းအဖွဲ့များနှင့်အတူ မန်ဂျန်ရှား၊ စကား ဝါ၊ ခရေ၊ သရခံ၊ ကြေးလံ၊ ပျဉ်းမ၊ ကံ့ကော်၊ ရေတမာ၊ ဗန်ဒါပင်၊ မဟော်ဂနီ၊ ပျဉ်းကတိုး၊ တောင်တမာ၊ ရေပိတောက် စသည့် အရိပ်ရ အပင်ကြီးသစ်မျိုး (၁၃) ပျိုးပင်စုစုပေါင်း ၂၀၀၀ ပင်အား တစ်ပျော်တစ်ပါး စုပေါင်းစိုက်ပျိုးပေးခဲ့ကြကြောင်း သိရသည်။