(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုပွဲအခမ်းအနား၌ ကချင်ပြည်နယ်မှ ဂုဏ်ပြုယာဉ်၊ ပြခန်းနှင့် ရိုးရာအစားအစာများကို လွတ်လပ်ရေးနေ့၏ အနှစ်သာရနှင့်အညီ ပြည့်ဝစုံလင်စွာ ထုတ်ဖော်ပြသနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး

 (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုပွဲအခမ်းအနား၌ ကချင်ပြည်နယ်မှ ဂုဏ်ပြုယာဉ်၊ ပြခန်းနှင့် ရိုးရာအစားအစာများကို လွတ်လပ်ရေးနေ့၏ အနှစ်သာရနှင့်အညီ ပြည့်ဝစုံလင်စွာ ထုတ်ဖော်ပြသနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     နိုဝင်ဘာ ၂၂

          ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ(၄)ရက်နေ့တွင် နေပြည်တော်၌ ကျင်းပပြုလုပ်မည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ပြုပွဲအခမ်းအနားအား ကချင်ပြည်နယ်မှ ဂုဏ်ပြုယာဉ်၊ ပြခန်းနှင့် ရိုးရာအစားအစာများကို လွတ်လပ်ရေးနေ့၏ အနှစ်သာရနှင့်အညီ ပြည့်ဝစုံလင်စွာ ထုတ်ဖော်ပြသနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ ၂၂ ရက် နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။

          လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကချင်ပြည်နယ်၏ ယဉ်ကျေးမှုအမွေအနှစ်များ၊ အထင်ကရနေရာများ၊ ထုတ်ကုန်ပစ္စည်းများနှင့် ရိုးရာအစားအစာများကို  (၇၅) နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုပွဲအခမ်းအနားတွင် ဖော်ထုတ်ပြရာ၌ လွတ်လပ်ရေး နေ့၏ ရည်ရွယ်ချက်၊ အနှစ်သာရနှင့်အညီ ပြည့်ဝစုံလင်စွာဖြင့် ခမ်းနားထည်ဝါစွာပြသနိုင်ရေး အလေး ထားကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။

          ဆက်လက်၍ ဂုဏ်ပြုယာဉ်၊ ပြခန်းနှင့် ရိုးရာအစားအစာများကို သွားရောက် ပြင်ဆင်ပြသကြ မည့်အဖွဲ့ခေါင်းဆောင် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က ဂုဏ်ပြုယာဉ် ပြသ နိုင်ရေး ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ ပြခန်းနှင့် ရိုးရာအစားအစာများ ဖော်ထုတ်ပြသရာတွင် SMEs လုပ်ငန်းရှင်များနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်သွားမည့် အစီအစဉ်များကို ရှင်းလင်းတင်ပြပြီး လုပ်ငန်းတာဝန်များအလိုက် သက်ဆိုင်ရာ ပြည်နယ်အဆင့်ဌာနဆိုင်ရာများက ဂုဏ်ပြုယာဉ်၊ ပြခန်း နှင့် ရိုးရာအစားအစာပြသရေး ကြိုတင်စီမံဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းတင်ပြကြရာ ပြည်နယ် အစိုးရအဖွဲ့ဝင်များက ဖြည့်စွက်သုံးသပ်၍ ရှင်းလင်းတင်ပြကြသည်။

          တင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာကဏ္ဍအလိုက် ပြင်ဆင်ဆောင်ရွက် ထားရှိမှုများနှင့် စပ်လျဉ်း၍ ကချင်ပြည်နယ်၏ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များကို အနှစ်သာရရှိရှိ ဖြင့် ပြည့်ပြည့်စုံစုံ ဖော်ထုတ်ပြသနိုင်ရေး  လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ ကြောင်း သိရှိရသည်။