
ပထမဆုံးအကြိမ်အဖြစ် ဟူးကောင်းလွင်ပြင်စာပေဆုချီးမြှင့်
မြစ်ကြီးနား ဇန်နဝါရီ ၁၅ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် လူဝင်မှုကြီးကြပ်ရေးနှင့် လူစွမ်းအားအရင်းအမြစ်ဝန်ကြီးဦးဆောင် ၍ ဟူးကောင်းလွင်ပြင်ဆုချီးမြှင့်ပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် (၁၀)နာရီတွင် ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပထမဆုံးအကြိမ်အဖြစ် ကျင်းပခဲ့သည်။စာပေဆုပေးအပ်ပွဲတွင် ဆုချီးမြှင့်ပေးအပ်ရခြင်းနှင့်ပတ်သက်၍ ပြည်နယ်အစိုးရအဖွဲ့ဝင် လူဝင် မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးဦးဇော်ဝင်းက “ကျွန်တော်တို့ စာဖတ်ခြင်းဟာ လူငယ်တွေရော လူကြီးတွေအတွက်ပါ စိတ်နှလုံးသားကို စိန်စီထားတာနဲ့တူပါတယ်။ ကျွန်တော် လွှတ်တော်ကိုယ်စားလှယ်ဘဝမှာလည်း စာရေးဆရာတွေ နိုင်ငံအတွင်းထင်ရှားကျော်ကြားတဲ့ စာရေး ဆရာတွေ ဖိတ်ပြီးတော့ ဟူးကောင်းဒေသမှာ စာပေဟောပြောပွဲတွေပြု လုပ်ခဲ့ပါတယ်။ အခုဝန်ကြီး တာဝန်ယူတဲ့ အချိန်မှာလည်း လူငယ်တွေစာဖတ်တဲ့ အလေ့အထပိုပြီးတော့ ဖြစ်လာအောင် ပံ့ပိုးတဲ့အနေအထား ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ကိုဗစ် ကာလမှာ ပုံမှန်ဝင်ငွေမရှိတဲ့ လူတွေခက်ခဲ သလို ကျွန်တော်တို့မှာရှိတဲ့ စာရေးဆရာတွေလည်း စာဝတ်နေရေးအလွန်အင်မတန်မှ ခက်ခဲတဲ့…