admin

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်လက်ရွေးစင်အေရိုးဗစ်အသင်းအား အောင်နိုင်ရေးအလံ ပေးအပ်ပြီး အစိုးရအဖွဲ့ပိုင် ဧည့်ရိပ်သာဖွင့်လှစ်နိုင်ရေးနှင့် အားကာသိပ္ပံကျောင်း အဝင်လမ်းပြုပြင်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲများ တက်ရောက်

မြစ်ကြီးနား     ဖေဖော်ဝါရီ ၁၅           ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် ၂၀၂၂ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်)ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်နယ်ကိုယ်စားပြုလက်ရွေးစင်အေရိုးဗစ်အသင်းအား ဖေဖော်ဝါရီ ၁၅ ရက် မွန်းတည့် ၁၂ နာရီက ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် အောင်နိုင်ရေးအလံ ပေးအပ်ပွဲသို့ တက်ရောက်အားပေးစကား ပြောကြား သည်။           ရှေးဦးစွာ လက်ရွေးစင်အသင်းနည်းပြ ဒေါ်ဘတ်တီဆိုင်းဆန့်က လက်ရွေးအသင်း၏ ပြိုင်ပွဲ ဝင်နိုင်ရေး ကြိုတင်ပြင်ဆင်လေ့ကျင့်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကချင်ပြည်နယ်အေရိုးဗစ်အသင်းအနေဖြင့် တံခွန်စိုက်ဒိုင်းဆုများစွာ ဆွတ်ခူးထားရှိသည့် သမိုင်းအစဉ်အလာကောင်းများစွာရှိပါကြောင်း၊ ယခုသွားရောက်ယှဉ်ပြိုင်ကြ မည့် လက်ရွေးစင်အသင်းအနေဖြင့် အကောင်းမွန်ဆုံးယှဉ်ပြိုင်သွားကြရန် လိုအပ်ပြီး ကျန်းမာရေး အထူးဂရုစိုက်ကြရန် လိုအပ်ပါကြောင်း အားပေးပြောကြားသည်။…

Read More

ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ပထမအကြိမ် ဌာနဆိုင်ရာပေါင်းစုံ စုပေါင်း၍ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲ ပြုလုပ်ကျင်းပ

မြစ်ကြီးနား  ဖေဖော်ဝါရီ ၁၅           တပို့တွဲလတွင် မြန်မာတို့၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံပွဲတော်တစ်ခုဖြစ်သည့် ထမနဲထိုး ပြိုင်ပွဲများကို ရှေးအစဉ်အလာမပျက် ကျင်းပပြုလုပ်ခဲ့ရာ ကချင်ပြည်နယ်အစိုးအရအဖွဲ့က ကြီးမှူး ကျင်းပသည့် ပထမအကြိမ် ဝန်ကြီးဌာနအလိုက် ဌာနဆိုင်ရာပေါင်းစုံ စုပေါင်းထမနဲထိုးပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၄ ရက် ညနေ ၃နာရီက အဆိုပါ အစိုးရအဖွဲ့ရုံးဝင်းအတွင်း၌ ပြုလုပ်ကျင်းပခဲ့သည်။           ထမနဲထိုးပြိုင်ပွဲတွင် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ထမနဲထိုးပြိုင်ပွဲသည် နှစ်စဉ် တပို့တွဲလတွင် ကျင်းပမြဲဖြစ်သည့် မြန်မာတို့၏ ရိုးရာပွဲတော်ဖြစ်ပါကြောင်း၊ ယနေ့ထမနဲထိုး ပြိုင်ပွဲကို ပါဝင်ကြမည့် ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် စိတ်လက်ပေါ့ပါးစွာဖြင့် စည်းလုံး ညီညွတ်မှု၊ ပျော်ရွှင်မှုကို ဖော်ထုတ်ပြသပြီး အကောင်းဆုံးယှဉ်ပြိုင်ကြရန် လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားပြီး၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးခင်မောင်လေးနှင့် ဒိုင်ချုပ်ဖြစ်သည့် မြစ်ကြီးနားတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်းတို့က ပြိုင်ပွဲတွင်…

Read More

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် တိုင်းဒေသကြီးနှင့် ပြည်နယ် ဂေါက်သီးရိုက် ပြိုင်ပွဲတွင် အောင်ပွဲရ ကချင်ပြည်နယ်ကိုယ်စားပြုဂေါက်သီးရိုက်အသင်းအား ဂုဏ်ပြုကြိုဆို

မြစ်ကြီးနား     ဖေဖော်ဝါရီ ၁၄           (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ရန်ကုန်မြို့၌ ကျင်းပခဲ့သည့် တိုင်းဒေသကြီးနှင့်ပြည်နယ် ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ကချင်ပြည်နယ်မှ သွားရောက် ပါဝင် ယှဉ်ပြိုင်ခဲ့ကြပြီး အသင်းလိုက်နှင့် တစ်ဦးချင်းဆုများ ဆွတ်ခူးရယူခဲ့ကြသော ပြည်နယ် ကိုယ်စားပြု ဂေါက်သီးရိုက်အသင်းအား ဖေဖော်ဝါရီ ၁၄ ရက် နံနက် ၁၁ နာရီက မြစ်ကြီးနား လေဆိပ်၌ ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြိုဆိုဂုဏ်ပြုခဲ့ကြသည်။           အဆိုပါ ပြည်နယ်ကိုယ်စားပြုဂေါက်သီးရိုက်အသင်းအနေဖြင့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်တိုင်းဒေသကြီးရှိ ရန်ကုန်မြို့တော်ဂေါက်ကွင်း (ငွေသော်တာ)၌ ဖေဖော်ဝါရီ ၉ ရက်နေ့မှ ၁၁ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် တိုင်းဒေသကြီး နှင့် ပြည်နယ်ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး အမျိုးသားအသင်းလိုက် (အကျော…

Read More

မြစ်ကြီးနားမြို့၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံတင် အခမ်းအနား၊ သဝဏ်လွှာဖတ်ပွဲ၊ ဂုဏ်ပြုဆုချီးမြှင့်ပွဲနှင့် ပျှော်ပွဲရွှင်ပွဲအားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်

မြစ်ကြီးနား     ဖေဖော်ဝါရီ ၁၂           ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံတင် အခမ်းအနား၊ သဝဏ်လွှာဖတ်ပွဲ၊ ဂုဏ်ပြုဆုချီးမြှင့်ပွဲနှင့် ပျှော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲများကို ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ နံနက် ၅ နာရီခွဲက နိုင်ငံတော်အလံတင်အခမ်းအနားကို ပြည်နယ်အစိုးရ အဖွဲ့ရုံးဝင်းရှေ့ မြက်ခင်းပြင်၌ ကျင်းပပြုလုပ်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကြည်လင်း ဦးဆောင်၍ ဂုဏ်ပြုတပ်ဖွဲ့ဝင်များက နိုင်ငံတော် အလံအား လွှင့်တင်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက နိုင်ငံတော်အလံအား အလေးပြုကြသည်။           ထို့နောက် နံနက် ၇ နာရီ ၄၀ မိနစ်တွင် (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့ သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ရာ…

Read More

မြစ်ကြီးနားမြို့တွင် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ် သီချင်းဆိုပြိုင်ပွဲ ကျင်းပ

မြစ်ကြီးနား           á€–á€ąá€–á€ąá€Źá€şá€á€Ťá€›á€Ž  ၁၁             ကချင်ပြည်နယ် အစိုးရအဖွဲ့မှ ကြီးမှူးပြီး ဖေဖော်ဝါရီလ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တေးသီချင်းသီဆိုပြိုင်ပွဲအား ဇန်နဝါရီလ ၁၁ရက်နေ့ နေ့လည် ၁နာရီ အချိန်က မြစ်ကြီးနားမြို့ မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သည်။ အဆိုပါပြိုင်ပွဲသို့ ပြည်နယ်တရားသူကြီးချုပ် ဦးတူးဂျာနှင့် ကချင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်၀န်ကြီးများ၊ ဌာနဆိုင်ရာများ၊ အဆို ဝါသနာရှင်များ တက်ရောက်ကြည့်ရှုအားပေးခဲ့ကြသည်။ ဦးစွာ တေးသီချင်းသီဆိုပြိုင်ပွဲ ဖြစ်မြောက်ရေးကော်မတီ ဥက္ကဌ ‌မြစ်ကြီးနားတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအောင်၀င်းမှ အမှာစကားပြောကြားရာတွင် “လာမည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့သည် မိမိတို့နိုင်ငံအတွက် ထူးခြားသည့်နေ့ထူးနေ့မြတ် တစ်ရက် ဖြစ်တာကြောင့်  ဂုဏ်ပြုကြိုဆိုသည့်အနေဖြင့် ယခုလို တေးသီချင်းပြိုင်ပွဲအား ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း” ပြောကြားသည်။ ယင်းနောက် သီချင်းဆိုပြိုင်ပွဲအား…

Read More

မြန်မာ – တရုတ်ကုန်စည်စီးဆင်းမှုလုပ်ငန်းများတွင် ကိုဗစ်-၁၉ ရောဂါကို စနစ်တကျထိန်းချုပ် ကာကွယ်မှုဖြင့် ပုံမှန်အတိုင်းစီးဆင်းနိုင်ရေးနှင့် ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

မြစ်ကြီးနား     ဖေဖော်ဝါရီ ၁၀            á€€á€á€ťá€„်ပဟည်နယ်ဥတွင်း ကန်ပိုက်တီနယ်စပ်ဂိတ်မှ တစ်ဆင့် မြန်မာ- တရုတ်ကုန်စည် စီးဆင်းမှုလုပ်ငန်းများ ကိုဗစ်-၁၉ ရောဂါကို ကျန်းမာရေးဝန်ကြီးဌာန လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျကာကွယ်ထိန်းချုပ်ပြီး နှစ်နိုင်ငံသဘောတူညီချက်အတိုင်း ပုံမှန်စဉ်ဆက်မပြတ်စီးဆင်း နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ဖေဖော်ဝါရီ ၁၀ ရက် နံနက် ၉ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။           လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကန်ပိုက်တီ နယ်စပ်ဂိတ်မှ တစ်ဆင့် မြန်မာ-တရုတ်ကုန်စည်စီးဆင်းမှုလုပ်ငန်းများ ပုံမှန်အတိုင်း ဆောင်ရွက် နိုင်ရေး၊တစ်ဖက်တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အကြိမ်ကြိမ်ညှိနှိုင်းဆွေးနွေးခဲ့ရာ ပို့ကုန်/သွင်းကုန် များ ပြန်လည်စီးဆင်းနိုင်ပြီဖြစ်ပါကြောင်း၊ သို့သော်လည်း မိမိတို့အနေဖြင့် ပို့ကုန်၊ သွင်းကုန်များကို စနစ်တကျသိုလှောင်ပြီး ကုန်တင်ယာဉ်မောင်းများအပါအဝင် ကိုဗစ်-၁၉ ရောဂါကို စစ်ဆေးကြပ် မတ်ဆောင်ရွက်နိုင်ရေး ဆွေးနွေးဆောင်ရွက်သွားရမည်ဖြစ်ကြောင်း မှာကြားသည်။…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် (၇၄)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် နှစ်ပတ်လည် မဂ္ဂဇင်းထုတ်ဝေနိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့သူများအား ဂုဏ်ပြုချီးမြှင့်

မြစ်ကြီးနား     ဖေဖော်ဝါရီ ၉           (၇၄)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် ပြည်နယ်နှစ်ပတ်လည်မဂ္ဂဇင်းထုတ် ဝေနိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် မဂ္ဂဇင်းဖြစ်မြောက်ရေးဦးစီးကော်မတီအဖွဲ့ဝင်များနှင့် အယ်ဒီတာအဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၉ ရက် နံနက် ၉ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်သည်။           အဆိုပါဂုဏ်ပြုချီးမြှင့်ပွဲတွင် (၇၄)နှစ်မြောက် ကချင်ပြည်နယ်အနေ့ အထိမ်းအမှတ် နှစ်ပတ် လည်မဂ္ဂဇင်းအယ်ဒီတာအဖွဲ့ဝင်များက တစ်ဦးချင်း မိတ်ဆက်ကြပြီး ဖြစ်မြောက်ရေးကော်မတီ အဖွဲ့ဝင် မြစ်ကြီးနားတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်းက နှစ်ပတ်လည်မဂ္ဂဇင်း စာအုပ်အား ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်ထံ ပေးအပ်ပြီး နှစ်ပတ်လည်မဂ္ဂဇင်းဖြစ်မြောက် ရေးအဖွဲ့ကိုယ်စား အယ်ဒီတာအဖွဲ့ဝင် စာရေးဆရာအကြီးကိုကို(ကသာ)က မဂ္ဂဇင်း ထုတ်ဝေနိုင် ရေး ကြိုးပမ်းဆောင်ရွက်ခဲ့မှုများအား ရှင်းလင်းတင်ပြသည်။           ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က နှစ်ပတ်လည်မဂ္ဂဇင်းဖြစ်မြောက်ရေးဦးစီးကော်မတီ အတွက် ချီးမြှင့်ငွေကျပ်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် အားကာသိပ္ပံကျောင်းမြေနေရာ အဝင်လမ်းဆောင်ရွက်ပြီးစီးမှု အခြေအနေကို ကွင်းဆင်းစစ်ဆေးပြီး ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲတက်ရောက်

မြစ်ကြီးနား     ဖေဖော်ဝါရီ ၈           ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန် ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့နယ်၊ မော်ဖောင်းကျေးရွာ၌ အသစ်တည်ဆောက်ဖွင့်လှစ်သွား မည့် အားကာသိပ္ပံကျောင်းမြေနေရာနှင့် ကျောင်းအဝင်လမ်း ဆောင်ရွက်ပြီးစီးမှုအခြေအနေ များကို ဖေဖော်ဝါရီ ၈ ရက် နံနက် ၁၀ နာရီခွဲက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ထိုသို့ ကွင်းဆင်းကြည့်ရှုရာတွင် မြစ်ကြီးနားမြို့နယ်၊ မော်ဖောင်းကျေးရွာအုပ်စုအတွင်းရှိ မြေဧရိယာ (၃၀၀) ဧကခန့်ပေါ်တွင် ပြည်နယ်အစိုးရအဖွဲ့မှ အားကာသိပ္ပံကျောင်းနှင့် ကွန်ပျူတာ တက္ကသိုလ်တည်ဆောက်ရန်လျာထားခဲ့ရာ ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ပြည်နယ်ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် အားကာသိပ္ပံအဝင်လမ်း (၁)မိုင် (၁.၄)ဖာလုံအား ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းနှင့် ကျောက်စီ Boxculvert (၆)စင်း တည် ဆောက်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လုပ်ငန်းများ သတ်မှတ်ချက်နှင့်အညီ အချိန်မီပြီးစီးရေး တာဝန်ရှိသူများအား လိုအပ်သည်များ…

Read More

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် မြစ်ကြီးနားမြို့ရှိ မေခနှင့် မလိခ ဝန်ထမ်းအိမ်ရာစခန်းတို့၌ (၄)ခန်းတွဲ (၅)ထပ် ဝန်ထမ်းအိမ်ရာ အဆောက်အအုံသစ်များဖွင့်ပွဲကျင်းပ

မြစ်ကြီးနား     ဖေဖော်ဝါရီ ၈           (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ တည်ဆောက်ပြီးစီးခဲ့သည့် မေခအိမ်ရာစခန်းရှိ (၄)ခန်းတွဲ (၄)ထပ် အဆောက်အဦ (၂)လုံးနှင့် မလိခဝန်ထမ်းအိမ်ရာစခန်းဝင်းအတွင်း (၄)ခန်းတွဲ (၅)ထပ် ဝန်ထမ်းအိမ်ရာအဆောက်အအုံသစ် (၂)လုံးဖွင့်ပွဲကို ဖေဖော်ဝါရီ ၈ ရက် နံနက် ၉ နာရီက ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။           အဆိုပါ အဆောက်အအုံသစ်ကို မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာ ရေးနှစ်အတွင်း မေခအိမ်ရာစခန်းဝင်းအတွင်း၌အသစ်တည်ဆောက်ခြင်းနှင့် မလိခဝန်ထမ်းအိမ်ရာ စခန်းဝင်းအတွင်း သက်တမ်းရင့် အိမ်ရာအဆောက်အအုံများအား လုပ်ထုံးလုပ်နည်းနှင့်အညီ နှစ်အလိုက် ဖျက်သိမ်းပြီး မလိခဝန်ထမ်းအိမ်ရာ ပြန်လည်ဖွံ့ဖြိုးမှု(Redevelopment Plan)အရ (၄)ခန်းတွဲ (၅)ထပ် ဝန်ထမ်းအိမ်ရာအဆောက်အအုံများအဖြစ်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒဘတ်ချောင်းရေအားလျှပ်စစ်ထုတ်လုပ်နိုင်‌ရေး ညှိနှိုင်းဆွေးနွေးပြီး နိုင်ငံ့ဝန်ထမ်းများအား e-Government အထောက်အကူပြု ကွန်ပျူတာသင်တန်းဖွင့်ပွဲသို့ တက်ရောက်ဖွင့်လှစ်

မြစ်ကြီးနား     ဖေဖော်ဝါရီ ၇           ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ဒဘတ်ယန်ကျေးရွာအုပ်စုအတွင်းရှိ ဒဘတ်ချောင်းပေါ်၌ ရေအားလျှပ်စစ်ထုတ်လုပ်နိုင်ရေး ကိစ္စရပ်များနှင့် ပတ်သက်၍ ချပြရှင်းလင်းဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၇ ရက် နံနက် ၁၀ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်း၌ ကျင်းပပြု လုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်အမှာစကားပြောကြားသည်။           အစည်းအဝေးတွင်ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်က နိုင်ငံတော်အနေဖြင့်ရင်းနှီးမြှုပ်နှံ မည့် စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှုကို အားပေးဆောင်ရွက်လျက်ရှိပြီး ယခုလို ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးအတွက် ရင်းနှီးမြှုပ်နှံဆောင်ရွက်သွားမည့် သူများကို ဝမ်းမြောက်ဝမ်းသာစွာ ကြိုဆိုပါကြောင်း၊ မိမိတို့အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများအနေ ဖြင့် ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စီမံကိန်းများ အကောင်အထည်ဖော်နိုင်ရေးကို ကူညီ ဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်ပါကြောင်း ပြောကြားသည်။           ထို့နောက် ဝိုင်းမော်မြို့နယ် ဒဘတ်ယန်ကျေးရွာအုပ်စုအတွင်း ဒဘတ်ချောင်းပေါ်တွင် ရေအားလျှပ်စစ်ထုတ်လုပ်နိုင်ရေးအတွက် ရင်းနှီးမြှုပ်နှံဆောင်ရွက်မည့်…

Read More