ကချင်ပြည်နယ်ဝန်ကြီးချုပ်၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းသား/ ကျောင်းသူများ ကျောင်းအပ်နှံလက်ခံဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးခြင်းနှင့် ပြည်နယ်အတွင်းရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များ အေးချမ်းစွာ ပညာသင်ကြားနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်
မြစ်ကြီးနား မေ ၂၆ ၂၀၂၂ – ၂၀၂၃ ပညာသင်နှစ်အတွက် ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် ကျောင်းသား/ ကျောင်းသူများ ပညာသင်ကြားခွင့်ရရှိရေး အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံခြင်းကို မေ ၂၆ ရက်တွင် စတင်လက်ခံဆောင်ရွက်လျက်ရှိရာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် မြစ်ကြီးနားမြို့ အမှတ်(၄) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအပ်နှံရေးနေ့အထိမ်းအမှတ် ကျောင်းအပ်လက်ခံဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။ ထို့သို့ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသားမိဘများက မူလတန်း၊ အလယ်တန်း၊ အထက်တန်းအဆင့်အလိုက် ကျောင်းသား/ ကျောင်းသူများအား ကျောင်းအပ်နှံခြင်းနှင့် ဆရာ/ ဆရာမများက ကျောင်းအပ်လက်ခံခြင်း၊ ပြဋ္ဌာန်းစာအုပ်များ၊ ကျောင်းသုံးဗလာစာအုပ်၊ ခဲတံ များ ဖြန့်ဝေပေးအပ်နေမှုများကို ပြည်နယ်ဝန်ကြီးချုပ်သည် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် မြတ်သက်ဦး၊ တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ဆရာ၊ ဆရာမများ၊ကျောင်းသားမိဘများ၊ ကျောင်းသား/ သူများအား ရင်းရင်းနှီးနှီး…