မြစ်ကြီးနားမြို့၌ ကချင်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီက အောက်စီဂျင်စက်ရုံ အသစ်တစ်လုံး ထပ်မံတည်ဆောက်သွားမည်
မြစ်ကြီးနား မတ် ၉ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ ကချင်ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီက ကိုဗစ် – ၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေး၊ ပြည်နယ်အတွင်း Oxygen လိုအပ်မှုအား ထောက်ပံ့ ကူညီနိုင်ရေးအတွက် အေးစေတီရပ်ကွက်ရှိ ကော်မတီပိုင် ဥယျာဉ်ခြံအတွင်း အောက်စီဂျင်စက်ရုံ သစ် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ အောက်စီဂျင်စက်ရုံ တည်ဆောက်နိုင်ရေးအတွက် မြန်မာနိုင်ငံကြက်ခြေနီအသင်း ထံမှ Oxygen Plant နှင့်အတူ 150 KVA မီးစက်တစ်လုံးကို ထောက်ပံ့ပေးပို့ခဲ့ခြင်းဖြစ်ရာ မတ် ၈ ရက် ညနေပိုင်းက မြစ်ကြီးနားမြို့သို့ ရောက်ရှိခဲ့ပြီး ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ ဦးဘရန်ဒီးနှင့် တာဝန်ရှိသူတို့က စစ်ဆေးလက်ခံခဲ့ကြသည်။ အောက်စီဂျင်စက်အား မြစ်ကြီးနားမြို့ အေးစေတီရပ်ကွက်ရှိ ကချင်ပြည်နယ်ကြက်ခြေနီ ကြီးကြပ်မှုကော်မတီပိုင်ဥယျာဉ်ခြံအတွင်း တည်ဆောက်သွားမည်ဖြစ်ပြီး အောက်စီဂျင်စက်ရုံ စတင်လည်ပတ်ပါက မြစ်ကြီးနားမြို့ရှိ ကုတင် […]Read More