ကချင်ပြည်နယ်ဝန်ကြီးချုပ် (၁၉) ကြိမ်မြောက် အရှေ့တောင်အာရှနှင့် (၅၇)ကြိမ်မြောက် အာရှကာယဗလနှင့်ကာယကြံ့ခိုင်မှုပြိုင်ပွဲများတွင် နိုင်ငံ့ကိုယ်စားပြုတတိယဆုနှင့် အဆင့် (၅) ရရှိခဲ့သော ကချင်ပြည်နယ်သားကာယဗလအားကစားသမား မောင်မောင်စိုင်းနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် တတိယဆုရ ပြည်နယ်ဖူဆယ်အသင်းအား ဂုဏ်ပြုချီးမြှင့်
မြစ်ကြီးနား စက်တင်ဘာ ၂ ကချင်ပြည်နယ်အစိုးရအဖွဲ့က (၁၉) ကြိမ်မြောက် အရှေ့တောင်အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲတွင် တတိယဆုနှင့် (၅၇) ကြိမ်မြောက် အာရှကာယဗလနှင့် ကာယကြံ့ခိုင်မှုပြိုင်ပွဲတွင် နိုင်ငံ့ကိုယ်စားပြုအဆင့် (၅) ရရှိခဲ့သော ကချင်ပြည်နယ်သား ကာယဗလအားကစားသမား မောင်မောင်စိုင်းနှင့် တိုင်းဒေသကြီးနှင့်ပြည်နယ်ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် တတိယဆုရပြည်နယ် လက်ရွေးစင်ဖူဆယ်အသင်းတို့အား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၁ ရက် ညနေ ၃ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး မေခခန်းမ၌ ကျင်းပပြုလုပ်သည်။ အဆိုပါ ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယခုလို ကချင်ပြည်နယ်မှ နိုင်ငံ့ကိုယ်စားပြုပြီး အရှေ့တောင်အာရှနှင့် အာရှကာယဗလနှင့်ကာယကြံ့ခိုင်မှု ပြိုင်ပွဲများတွင် ဆုတံဆိပ်များရရှိခဲ့ပြီး နိုင်ငံနှင့် ပြည်နယ်ဂုဏ်ဆောင်နိုင်ခဲ့သော မောင်မောင်စိုင်းအား ပြည်နယ်သူ/ပြည်နယ်သားများကိုယ်စား ဝမ်းမြောက်ဝမ်းသာ ဂုဏ်ပြုလိုပါကြောင်း၊ ထို့အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် တတိယဆုရရှိခဲ့အောင်…