ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြန်မာ-တရုတ်ကုန်စည်စီးဆင်းရာတွင် ဥပဒေလုပ်ထုံးလုပ်နည်းများ နှင့်အညီ ကုန်စည်တင်ပို့နိုင်ရေး၊ ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့် ယာယီခိုလှုံရာစခန်းများ ပိတ်သိမ်းရေး၊ ကိုဗစ်-၁၉

မြစ်ကြီးနား     ဖေဖော်ဝါရီ ၂၃           ကချင်ပြည်နယ် ကန်ပိုက်တီနယ်စပ်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် မြန်မာ-တရုတ်ကုန် စည်စီးဆင်းရာတွင် ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ပို့ကုန်/ သွင်းကုန်များ တင်သွင်းနိုင်ရေး အတွက် မြန်မာ – တရုတ်ကုန်စည်ပြန်လည်စီးဆင်းနိုင်‌ရေး လုပ်ငန်းကော်မတီနှင့် ကုန်သည် လုပ်ငန်းရှင်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ ၂၃ ရက် နံနက် ၁၀ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။         &Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ နှစ်ပတ်လည်အခမ်းအနားသို့ တက်ရောက်ပြီး ချီဖွေနှင့် ဆော့လော်မြို့နယ်များ ဒေသဖွံ့ဖြိုးရေးအတွက် ပြည်သူလူထု၏ လိုအပ်ချက်များအပေါ် ဖြည့်ဆည်းပေးနိုင်ရေး

မြစ်ကြီးနား     ဖေဖော်ဝါရီ ၂၂           ကချင်ပြည်နယ်ညှိနှိုင်းဖျန်ရေးအဖွဲ့ ဖွဲ့စည်းမှု နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် အဖွဲ့ဝင်များ၏ လုပ်ငန်းဆောင်ရွက်မှုများ ရှင်းလင်းတင်ပြခြင်းနှင့် နှစ်ပတ်လည်နေ့ အခမ်းအနား ကို ဖေ‌ဖော်ဝါရီ ၂၁ ရက် နံနက် ၁၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးရှိ အဆိုပါအဖွဲ့၏ ရုံးခန်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် တက်ရောက် ဂုဏ်ပြုအမှာစကားပြောကြားသည်။           အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ အနေဖြင့် ပြည်နယ်တည်ငြိမ်အေးချမ်းမှုရှိစေရေးနှင့် မငြိမ်သက်မှုဖြစ်စဉ်များတွင် ထိခိုက်မှု အနည်းဆုံးဖြင့် ထိန်းသိမ်းဆောင်ရွက်နိုင်ခဲ့သည့်အတွက်မိမိတို့အစိုးရအဖွဲ့အနေဖြင့် ပါဝင်ကြိုးပမ်း ဆောင်ရွက်ခဲ့ကြသည့် အဖွဲ့ဝင်တစ်ဦးချင်းစီကို ကျေးဇူးတင် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်းနှင့် ရှေ့ဆက်ပြီး မိမိတို့ပြည်သူများအတွက်ဆက်လက် ကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ဂုဏ်ပြုပြောကြားသည်။ &Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားခရိုင်အတွင်း ဝေးလံခက်ခဲသည့် ဆော့လော်မြို့နှင့် ဖီမော် ဒေသတို့ရှိ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် ဖြည့်ဆည်းဆောင်ရွက်ပေး

မြစ်ကြီးနား     ဖေဖော်ဝါရီ ၂၁           ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတို့နှင့်အတူ မြစ်ကြီးနားခရိုင်အတွင်း ဝေးလံခက် ခဲသည့် ဆော့လော်မြို့နယ်နှင့် ဖီမော်ဒေသဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ဖေဖော်ဝါရီ ၁၉ ရက် နှင့် ၂၀ ရက်တို့က ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ တွေ့ဆုံပွဲကျင်းပပြီး ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် နံနက် ၆ နာရီခွဲတွင် ချီဖွေမြို့ ဥက္ကပ်ရပ်ကွက်ရှိ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ခွဲရုံးသစ်အ‌ဆောက်အအုံဖွင့်ပွဲသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ် ကအမှာစကားပြောကြားကာ သိက္ခာတော်ရဆရာတော်များက အဆောက်အအုံသစ်အတွက် ကောင်းချီးတောင်းခံ ဆုတောင်းဆက်ကပ်အပ်နှံပြီး ပြည်နယ်ဝန်ကြီးချုပ်၊ မြန်မာနိုင်ငံကြက်ခြေနီ အသင်းဒုတိယဥက္ကဋ္ဌ ဒေါက်တာအမာမော်နိုင်နှင့် ပြည်နယ်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ချီဖွေမြို့နှင့် ပန်ဝါမြို့တို့ရှိ ဌာနဆိုင်ရာများ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မြစ်ကြီးနား     ဖေဖော်ဝါရီ ၂၁           ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဖေဖော်ဝါရီ ၁၇ ရက်က မြစ်ကြီးနားခရိုင်၊ ချီဖွေမြို့နယ်နှင့် ပန်ဝါမြို့များရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံပြီး ဒေသဖွံ့ဖြိုး ရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြစ်ကြီးနားမြို့မှ တစ်ဆင့် ဝိုင်းမော်မြို့နယ် တန်ဘောင်ကျေးရွာ၌ ကချင်တိုင်းရင်းသားလုပ်ငန်းရှင်များအများပိုင်ကုမ္ပဏီမှ ဖွင့်လှစ်ထားသည့် Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ဝိုင်းမော်မြို့နယ်တွင် ကိုဗစ်-၁၉ စည်းကမ်းချက်များအညီ နေထိုင်သွားလာ‌စေရန်နှင့် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး‌‌‌‌‌ ဟောပြောပွဲကျင်းပပြုလုပ်

မြစ်ကြီးနား                 ဖေဖော်ဝါရီ ၁၇ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်းရှိ တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်ဂိတ်များသို့  ကူးသန်း သွားလာလျက်ရှိသော ကုန်သွယ်ယာဥ်မောင်းများ၊ ယာဥ်နောက်လိုက်များနှင့် ကုမ္ပဏီဝန်ထမ်းများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ နေထိုင်သွားလာ‌စေရန်နှင့် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး‌‌‌‌‌ ဟောပြောပွဲအား ဖေဖော်ဝါရီလ ၁၇ ရက်နေ့ နံနက်ပိုင်းတွင် ဝိုင်းမော်မြို့နယ် တန်ဘောင်ကျေးရွာရှိ KEP Logistics Co,Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ဝန်ကြီး ဌာနပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲသို့ တက်ရောက်ချီးမြှင့်

မြစ်ကြီးနား      ဖေဖော်ဝါရီ ၁၇             ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်း အမှတ် ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူးကျင်းပသည့် ဝန်ကြီးဌာနပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၁၆ ရက် မွန်းလွဲ ၃ နာရီတွင် ပြည်နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ပြည်နယ်ဝန်ကြီးများ တက်ရောက်အားပေးခဲ့ကြသည်။       &Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားသို့ သွားရောက်ပါဝင်ကြသည့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှုအကအဖွဲ့များအား ဂုဏ်ပြုပွဲနှင့် ပြည်တွင်းနေရပ်စွန့်ခွာသူများ ပြန်လည်နေရာချထားရေးနှင့်ယာယီခိုလှုံရာစခန်းများပိတ်သိမ်းရေးဆိုင်ရာ ပြည်နယ်အဆင့်ကော်မတီအစည်းအဝေးသို့ တက်ရောက်

မြစ်ကြီးနား     ဖေဖော်ဝါရီ ၁၆           ကချင်ပြည်နယ်ဝန်ကြီးချုပ်သည် နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့သည့် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားသို့ ပြည်နယ်မှ သွားရောက်ပါဝင်ခဲ့ကြသော တိုင်းရင်းသားရိုး ရာယဉ်ကျေးမှုအကအဖွဲ့များအား ဖေဖော်ဝါရီ ၁၆ ရက် နံနက် ၈ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး ဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါနော်ခန်းမ၌ ကျင်းပပြုလုပ်သည့် ဂုဏ်ပြုပွဲအခမ်းအနားသို့ တက်ရောက်၍ ဂုဏ်ပြုအမှာစကားပြောကြားသည်။           &Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်လက်ရွေးစင်အေရိုးဗစ်အသင်းအား အောင်နိုင်ရေးအလံ ပေးအပ်ပြီး အစိုးရအဖွဲ့ပိုင် ဧည့်ရိပ်သာဖွင့်လှစ်နိုင်ရေးနှင့် အားကာသိပ္ပံကျောင်း အဝင်လမ်းပြုပြင်ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲများ တက်ရောက်

မြစ်ကြီးနား     ဖေဖော်ဝါရီ ၁၅           ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် ၂၀၂၂ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုယ်ကာယကြံ့ခိုင်မှုလေ့ကျင့်ခန်း (အေရိုးဗစ်)ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်နယ်ကိုယ်စားပြုလက်ရွေးစင်အေရိုးဗစ်အသင်းအား ဖေဖော်ဝါရီ ၁၅ ရက် မွန်းတည့် ၁၂ နာရီက ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည့် အောင်နိုင်ရေးအလံ ပေးအပ်ပွဲသို့ တက်ရောက်အားပေးစကား ပြောကြား သည်။           ရှေးဦးစွာ လက်ရွေးစင်အသင်းနည်းပြ ဒေါ်ဘတ်တီဆိုင်းဆန့်က လက်ရွေးအသင်း၏ ပြိုင်ပွဲ ဝင်နိုင်ရေး ကြိုတင်ပြင်ဆင်လေ့ကျင့်ထားရှိမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကချင်ပြည်နယ်အေရိုးဗစ်အသင်းအနေဖြင့် တံခွန်စိုက်ဒိုင်းဆုများစွာ ဆွတ်ခူးထားရှိသည့် သမိုင်းအစဉ်အလာကောင်းများစွာရှိပါကြောင်း၊ ယခုသွားရောက်ယှဉ်ပြိုင်ကြ မည့် လက်ရွေးစင်အသင်းအနေဖြင့် အကောင်းမွန်ဆုံးယှဉ်ပြိုင်သွားကြရန် လိုအပ်ပြီး ကျန်းမာရေး အထူးဂရုစိုက်ကြရန် လိုအပ်ပါကြောင်း အားပေးပြောကြားသည်။ [&Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ပထမအကြိမ် ဌာနဆိုင်ရာပေါင်းစုံ စုပေါင်း၍ မြန်မာ့ရိုးရာ ထမနဲထိုးပြိုင်ပွဲ ပြုလုပ်ကျင်းပ

မြစ်ကြီးနား  ဖေဖော်ဝါရီ ၁၅           တပို့တွဲလတွင် မြန်မာတို့၏ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးစံပွဲတော်တစ်ခုဖြစ်သည့် ထမနဲထိုး ပြိုင်ပွဲများကို ရှေးအစဉ်အလာမပျက် ကျင်းပပြုလုပ်ခဲ့ရာ ကချင်ပြည်နယ်အစိုးအရအဖွဲ့က ကြီးမှူး ကျင်းပသည့် ပထမအကြိမ် ဝန်ကြီးဌာနအလိုက် ဌာနဆိုင်ရာပေါင်းစုံ စုပေါင်းထမနဲထိုးပြိုင်ပွဲကို ဖေဖော်ဝါရီ ၁၄ ရက် ညနေ ၃နာရီက အဆိုပါ အစိုးရအဖွဲ့ရုံးဝင်းအတွင်း၌ ပြုလုပ်ကျင်းပခဲ့သည်။           ထမနဲထိုးပြိုင်ပွဲတွင် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ထမနဲထိုးပြိုင်ပွဲသည် နှစ်စဉ် တပို့တွဲလတွင် ကျင်းပမြဲဖြစ်သည့် မြန်မာတို့၏ ရိုးရာပွဲတော်ဖြစ်ပါကြောင်း၊ ယနေ့ထမနဲထိုး ပြိုင်ပွဲကို ပါဝင်ကြမည့် ဌာနဆိုင်ရာဝန်ထမ်းများအနေဖြင့် စိတ်လက်ပေါ့ပါးစွာဖြင့် စည်းလုံး ညီညွတ်မှု၊ ပျော်ရွှင်မှုကို ဖော်ထုတ်ပြသပြီး အကောင်းဆုံးယှဉ်ပြိုင်ကြရန် လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားပြီး၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး ဦးခင်မောင်လေးနှင့် ဒိုင်ချုပ်ဖြစ်သည့် မြစ်ကြီးနားတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်းတို့က ပြိုင်ပွဲတွင် […]Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် တိုင်းဒေသကြီးနှင့် ပြည်နယ် ဂေါက်သီးရိုက် ပြိုင်ပွဲတွင် အောင်ပွဲရ ကချင်ပြည်နယ်ကိုယ်စားပြုဂေါက်သီးရိုက်အသင်းအား ဂုဏ်ပြုကြိုဆို

မြစ်ကြီးနား     ဖေဖော်ဝါရီ ၁၄           (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ရန်ကုန်မြို့၌ ကျင်းပခဲ့သည့် တိုင်းဒေသကြီးနှင့်ပြည်နယ် ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ကချင်ပြည်နယ်မှ သွားရောက် ပါဝင် ယှဉ်ပြိုင်ခဲ့ကြပြီး အသင်းလိုက်နှင့် တစ်ဦးချင်းဆုများ ဆွတ်ခူးရယူခဲ့ကြသော ပြည်နယ် ကိုယ်စားပြု ဂေါက်သီးရိုက်အသင်းအား ဖေဖော်ဝါရီ ၁၄ ရက် နံနက် ၁၁ နာရီက မြစ်ကြီးနား လေဆိပ်၌ ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကြိုဆိုဂုဏ်ပြုခဲ့ကြသည်။           အဆိုပါ ပြည်နယ်ကိုယ်စားပြုဂေါက်သီးရိုက်အသင်းအနေဖြင့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်တိုင်းဒေသကြီးရှိ ရန်ကုန်မြို့တော်ဂေါက်ကွင်း (ငွေသော်တာ)၌ ဖေဖော်ဝါရီ ၉ ရက်နေ့မှ ၁၁ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် တိုင်းဒေသကြီး နှင့် ပြည်နယ်ဂေါက်သီးရိုက်ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး အမျိုးသားအသင်းလိုက် (အကျော [&Read More