ကချင်ပြည်နယ်ဝန်ကြီးချုပ် ယဉ်ကျေးမှုပြတိုက် (မြစ်ကြီးနား) အတွင်း ဌာနေတိုင်းရင်းသားမျိုးနွယ်စုများ၏ ဒြပ်ရှိ/ ဒြပ်မဲ့ယဉ်ကျေးမှုများ ခေတ်မီစနစ်များဖြင့် ပိုမိုပေါ်လွင်အောင်ခင်းကျင်းပြသနိုင်ရေး ကွင်းဆင်းစစ်ဆေး၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများနှင့် မိတ်ဆုံစားပွဲသို့ တက်ရောက်
မြစ်ကြီးနား ဖေဖော်ဝါရီ ၂၁ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ ဌာနေတိုင်းရင်းသားများ၏ ရိုးရာယဉ်ကျေးမှု အမွေအနှစ်များစနစ်တကျ ထုတ်ဖော်ထိန်းသိမ်းပြသနိုင်ရေးအတွက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုငွေလုံးငွေရင်း ဘဏ္ဍာရန်ပုံငွေဖြင့် အသစ်တည်ဆောက်ပြီးစီးခဲ့သည့် ယဉ်ကျေးမှုပြတိုက် (မြစ်ကြီးနား) တိုးချဲ့အဆောင်သစ်အတွင်း ပြသခင်းကျင်းဆောင်ရွက်လျက်ရှိသည့် အခင်းအကျင်း (Layout Plan) နှင့်စပ်လျဉ်း၍ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ရှေးဦးစွာ ကချင်ပြည်နယ်ယဉ်ကျေး မှုပြတိုက် တိုးချဲ့အဆောင်သစ် (၂)ထပ်ဆောင်အတွင်း မြေညီထပ်၌ ကချင်ပြည်နယ်၏ အထင်ကရနေရာများပါဝင်သည့် ပြည်နယ်မိတ်ဆက်ပြကွက်၊ Digital Museum ပြကွက်၊ ဒြပ်မဲ့ယဉ်ကျေးမှုပြခန်းနှင့် အစည်းအဝေးခန်းမ၌ (Mini Theatre & Function Hall)တို့ ပြကွင်း/ပြကွက်များ ပြသထားရှိမှု အခြေအနေများနှင့် ပထမထပ်တွင် ဌာနေတိုင်းရင်းသားများဖြစ်ကြသည့်…