ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

မြစ်ကြီးနားမြို့၌ (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံတင် အခမ်းအနား၊ သဝဏ်လွှာဖတ်ပွဲ၊ ဂုဏ်ပြုဆုချီးမြှင့်ပွဲနှင့် ပျှော်ပွဲရွှင်ပွဲအားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်

မြစ်ကြီးနား     ဖေဖော်ဝါရီ ၁၂           ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံတင် အခမ်းအနား၊ သဝဏ်လွှာဖတ်ပွဲ၊ ဂုဏ်ပြုဆုချီးမြှင့်ပွဲနှင့် ပျှော်ပွဲရွှင်ပွဲ အားကစားပြိုင်ပွဲများကို ဖေဖော်ဝါရီ ၁၂ ရက်တွင် ကျင်းပပြုလုပ်သည်။ ရှေးဦးစွာ နံနက် ၅ နာရီခွဲက နိုင်ငံတော်အလံတင်အခမ်းအနားကို ပြည်နယ်အစိုးရ အဖွဲ့ရုံးဝင်းရှေ့ မြက်ခင်းပြင်၌ ကျင်းပပြုလုပ်ရာ ပြည်နယ်အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ် ရေးရာဝန်ကြီး ဗိုလ်မှူးကြီး အောင်ကြည်လင်း ဦးဆောင်၍ ဂုဏ်ပြုတပ်ဖွဲ့ဝင်များက နိုင်ငံတော် အလံအား လွှင့်တင်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက နိုင်ငံတော်အလံအား အလေးပြုကြသည်။           ထို့နောက် နံနက် ၇ နာရီ ၄၀ မိနစ်တွင် (၇၅)နှစ်မြောက်စိန်ရတု ပြည်ထောင်စုနေ့ သဝဏ်လွှာဖတ်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ရာ [&Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

မြန်မာ – တရုတ်ကုန်စည်စီးဆင်းမှုလုပ်ငန်းများတွင် ကိုဗစ်-၁၉ ရောဂါကို စနစ်တကျထိန်းချုပ် ကာကွယ်မှုဖြင့် ပုံမှန်အတိုင်းစီးဆင်းနိုင်ရေးနှင့် ပြည်နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်

မြစ်ကြီးနား     ဖေဖော်ဝါရီ ၁၀            ကချင်ပြည်နယ်အတွင်း ကန်ပိုက်တီနယ်စပ်ဂိတ်မှ တစ်ဆင့် မြန်မာ- တရုတ်ကုန်စည် စီးဆင်းမှုလုပ်ငန်းများ ကိုဗစ်-၁၉ ရောဂါကို ကျန်းမာရေးဝန်ကြီးဌာန လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျကာကွယ်ထိန်းချုပ်ပြီး နှစ်နိုင်ငံသဘောတူညီချက်အတိုင်း ပုံမှန်စဉ်ဆက်မပြတ်စီးဆင်း နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးအား ဖေဖော်ဝါရီ ၁၀ ရက် နံနက် ၉ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။       &Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ် (၇၄)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် နှစ်ပတ်လည် မဂ္ဂဇင်းထုတ်ဝေနိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့သူများအား ဂုဏ်ပြုချီးမြှင့်

မြစ်ကြီးနား     ဖေဖော်ဝါရီ ၉           (၇၄)နှစ်မြောက် ကချင်ပြည်နယ်နေ့ အထိမ်းအမှတ် ပြည်နယ်နှစ်ပတ်လည်မဂ္ဂဇင်းထုတ် ဝေနိုင်ရေး ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့် မဂ္ဂဇင်းဖြစ်မြောက်ရေးဦးစီးကော်မတီအဖွဲ့ဝင်များနှင့် အယ်ဒီတာအဖွဲ့ဝင်များအား ဂုဏ်ပြုချီးမြှင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ ၉ ရက် နံနက် ၉ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်သည်။           အဆိုပါဂုဏ်ပြုချီးမြှင့်ပွဲတွင် (၇၄)နှစ်မြောက် ကချင်ပြည်နယ်အနေ့ အထိမ်းအမှတ် နှစ်ပတ် လည်မဂ္ဂဇင်းအယ်ဒီတာအဖွဲ့ဝင်များက တစ်ဦးချင်း မိတ်ဆက်ကြပြီး ဖြစ်မြောက်ရေးကော်မတီ အဖွဲ့ဝင် မြစ်ကြီးနားတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်းက နှစ်ပတ်လည်မဂ္ဂဇင်း စာအုပ်အား ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်ထံ ပေးအပ်ပြီး နှစ်ပတ်လည်မဂ္ဂဇင်းဖြစ်မြောက် ရေးအဖွဲ့ကိုယ်စား အယ်ဒီတာအဖွဲ့ဝင် စာရေးဆရာအကြီးကိုကို(ကသာ)က မဂ္ဂဇင်း ထုတ်ဝေနိုင် ရေး ကြိုးပမ်းဆောင်ရွက်ခဲ့မှုများအား ရှင်းလင်းတင်ပြသည်။ &Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ် အားကာသိပ္ပံကျောင်းမြေနေရာ အဝင်လမ်းဆောင်ရွက်ပြီးစီးမှု အခြေအနေကို ကွင်းဆင်းစစ်ဆေးပြီး ၂၀၂၂ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲတက်ရောက်

မြစ်ကြီးနား     ဖေဖော်ဝါရီ ၈           ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန် ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့နယ်၊ မော်ဖောင်းကျေးရွာ၌ အသစ်တည်ဆောက်ဖွင့်လှစ်သွား မည့် အားကာသိပ္ပံကျောင်းမြေနေရာနှင့် ကျောင်းအဝင်လမ်း ဆောင်ရွက်ပြီးစီးမှုအခြေအနေ များကို ဖေဖော်ဝါရီ ၈ ရက် နံနက် ၁၀ နာရီခွဲက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။ ထိုသို့ ကွင်းဆင်းကြည့်ရှုရာတွင် မြစ်ကြီးနားမြို့နယ်၊ မော်ဖောင်းကျေးရွာအုပ်စုအတွင်းရှိ မြေဧရိယာ (၃၀၀) ဧကခန့်ပေါ်တွင် ပြည်နယ်အစိုးရအဖွဲ့မှ အားကာသိပ္ပံကျောင်းနှင့် ကွန်ပျူတာ တက္ကသိုလ်တည်ဆောက်ရန်လျာထားခဲ့ရာ ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ပြည်နယ်ကျေးလက် လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိသည့် အားကာသိပ္ပံအဝင်လမ်း (၁)မိုင် (၁.၄)ဖာလုံအား ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်းနှင့် ကျောက်စီ Boxculvert (၆)စင်း တည် ဆောက်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လုပ်ငန်းများ သတ်မှတ်ချက်နှင့်အညီ အချိန်မီပြီးစီးရေး တာဝန်ရှိသူများအား လိုအပ်သည်များ […]Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် မြစ်ကြီးနားမြို့ရှိ မေခနှင့် မလိခ ဝန်ထမ်းအိမ်ရာစခန်းတို့၌ (၄)ခန်းတွဲ (၅)ထပ် ဝန်ထမ်းအိမ်ရာ

မြစ်ကြီးနား     ဖေဖော်ဝါရီ ၈           (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ တည်ဆောက်ပြီးစီးခဲ့သည့် မေခအိမ်ရာစခန်းရှိ (၄)ခန်းတွဲ (၄)ထပ် အဆောက်အဦ (၂)လုံးနှင့် မလိခဝန်ထမ်းအိမ်ရာစခန်းဝင်းအတွင်း (၄)ခန်းတွဲ (၅)ထပ် ဝန်ထမ်းအိမ်ရာအဆောက်အအုံသစ် (၂)လုံးဖွင့်ပွဲကို ဖေဖော်ဝါရီ ၈ ရက် နံနက် ၉ နာရီက ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။         &Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒဘတ်ချောင်းရေအားလျှပ်စစ်ထုတ်လုပ်နိုင်‌ရေး ညှိနှိုင်းဆွေးနွေးပြီး နိုင်ငံ့ဝန်ထမ်းများအား e-Government အထောက်အကူပြု ကွန်ပျူတာသင်တန်းဖွင့်ပွဲသို့ တက်ရောက်ဖွင့်လှစ်

မြစ်ကြီးနား     ဖေဖော်ဝါရီ ၇           ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ဒဘတ်ယန်ကျေးရွာအုပ်စုအတွင်းရှိ ဒဘတ်ချောင်းပေါ်၌ ရေအားလျှပ်စစ်ထုတ်လုပ်နိုင်ရေး ကိစ္စရပ်များနှင့် ပတ်သက်၍ ချပြရှင်းလင်းဆွေးနွေးပွဲကို ဖေဖော်ဝါရီ ၇ ရက် နံနက် ၁၀ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်း၌ ကျင်းပပြု လုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် တက်ရောက်အမှာစကားပြောကြားသည်။           အစည်းအဝေးတွင်ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်က နိုင်ငံတော်အနေဖြင့်ရင်းနှီးမြှုပ်နှံ မည့် စီမံကိန်းလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှုကို အားပေးဆောင်ရွက်လျက်ရှိပြီး ယခုလို ရေအားလျှပ်စစ် အကောင်အထည်ဖော်ရေးအတွက် ရင်းနှီးမြှုပ်နှံဆောင်ရွက်သွားမည့် သူများကို ဝမ်းမြောက်ဝမ်းသာစွာ ကြိုဆိုပါကြောင်း၊ မိမိတို့အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာများအနေ ဖြင့် ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စီမံကိန်းများ အကောင်အထည်ဖော်နိုင်ရေးကို ကူညီ ဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်ပါကြောင်း ပြောကြားသည်။ &Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ပြည်သူ့ဆေးရုံ၌ ဆေးဝါးကုသမှုခံယူနေသော လူနာများအား သွားရောက်တွေ့ဆုံအားပေးထောက်ပံ့ပြီး စိန်ရတုပြည်ထောင်စုနေ့အခမ်းအနားသို့ သွားရောက်ကြမည့် တိုင်းရင်းသားယဉ်ကျေးမှုအကအဖွဲ့များအား လေဆိပ်၌ နှုတ်ဆက်အားပေး

မြစ်ကြီးနား     ဖေဖော်ဝါရီ ၆           ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန် ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံ၌ ဆေးဝါးကုသမှုခံယူနေသော လူနာများအား ဖေဖော်ဝါရီ ၅ ရက် နံနက် ၉ နာရီတွင် သွား‌ရောက်တွေ့ဆုံ အားပေး ထောက်ပံ့ခဲ့ကြောင်း သိရ သည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အတူ မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံ ကလေးဖျာနာကုသဆောင်၌ လူနာများအား ကျန်းမာရေး ဝန်ထမ်းများ၏ ကုသရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုအခြေအနေများနှင့် ဆေးဝါးကုသမှု ခံယူနေသော လူနာများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားများ ပြောကြားခဲ့ကြပြီး ထောက်ပံ့ ငွေများကို ထောက်ပံ့ပေးအပ်ခဲ့သည်။ &Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ် (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အောင်မြင်စွာကျင်းပ ပြုလုပ်နိုင်ရေးနှင့် ပန်းခင်း စီမံချက်ဆိုင်ရာလုပ်ငန်းညှိနှိုင်းအစည်းအဝေးများသို့ တက်ရောက်အမှာစကားပြောကြား

မြစ်ကြီးနား     ဖေဖော်ဝါရီ  ၄           ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့တွင် ကျရောက်မည့် (၇၅)နှစ်မြောက် စိန်ရတု ပြည်ထောင်စုနေ့ အခမ်းအနားကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် အောင်မြင်စွာ ကျင်းပပြု လုပ်နိုင်ရေးအတွက် အခမ်းအနားကျင်းပရေးဦးစီးကော်မတီနှင့် ဆပ်ကော်မတီအဖွဲ့ဝင်များ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဖေဖော်ဝါရီ ၄ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ရာ  ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကား ပြောကြားသည်။        &Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

(၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားသို့ သွားရောက်ပါဝင်ဆင်နွှဲကြမည့် ကချင်ပြည်နယ်ကိုယ်စားပြုတိုင်းရင်းသားရိုးရာယဉ်ကျေးမှုအဖွဲ့များအား အောင်မြင်ရေးအလံနှင့် ထောက်ပံ့ငွေများပေးအပ်

မြစ်ကြီးနား     ဖေဖော်ဝါရီ ၃           (၇၅)နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့တွင် နေပြည်တော်၌ ကျင်းပမည့် အခမ်းအနား များသို့ ကချင်ပြည်နယ်ကိုယ်စားပြုသွားရောက်ပါဝင်ဆင်နွှဲကြမည့် တိုင်းရင်းသားရိုးရာယဉ်ကျေးမှု အဖွဲ့များအား အောင်မြင်ရေးအလံနှင့် ထောက်ပံ့ငွေများ ပေးအပ်ပွဲကို ဖေဖော်ဝါရီ ၃ ရက် နံနက် ၉ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်သည်။           အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယခုနှစ် စိန်ရတု ပြည်ထောင်စု နေ့ကို ပြည်ထောင်စုစိတ်ဓာတ်နှင့် ပြည်ထောင်စု၏ တန်ဖိုး၊ အနှစ်သာရကို ပေါ်လွင်အောင် နေပြည်တော်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါကြောင်း၊ လူငယ်၊ မောင်မယ် တိုင်းရင်းသားများ အနေဖြင့် ဘိုးဘွားများ ကြိုးပမ်းပါဝင်ဆောင်ရွက်ခဲ့သည့် ပြည်ထောင်စုကြီးအပေါ် မိမိတို့စိတ် နှလုံးသားထဲတွင် အောက်မေ့သတိရပြီး ပြည်ထောင်စုအမွေကို လက်ဆင့်ကမ်းသည့်အနေဖြင့် ပေးအပ်သည့် တာဝန်ကို ကျေပွန်အောင် [&Read More