ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် ရေနံနှင့်ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ပြည်နယ်ကြီးကြပ်စစ်ဆေးရေးအရာရှိရုံး၌ ဖွင့်လှစ်သည့် ဆီတင်ယာဉ်ကိုင်တွယ်ထိန်းသိမ်းနည်းသင်တန်း ဆင်းပွဲအားတက်ရောက်
မြစ်ကြီးနား သြဂုတ် ၁၆ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ရေနံနှင့်ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ပြည်နယ်ကြီးကြပ်စစ်ဆေးရေးအရာရှိရုံးကကြီးမှူး၍ ပုဂ္ဂလိပိုင်ဆီဆိုင်များက ဆီတင်ယာဉ်မောင်းများအား ဆီတင်ယာဉ်ကိုင်တွယ်ထိန်းသိမ်းနည်းသင်တန်း (၂/၂၀၂၅) ကို ဖွင့်လှစ်ခဲ့ပြီး သြဂုတ် ၁၅ ရက် ညနေပိုင်းတွင် သင်တန်းဆင်းပွဲကို အဆိုပါရုံး၌ ကျင်းပပြုလုပ်သည်။ သင်တန်းဆင်းပွဲတွင် ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးက စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် စက်သုံးဆီများ သယ်ယူပို့ ဆောင်ရာတွင် ဘောက်ဆာဆီတင်ယာဉ်မောင်းများဘေးအန္တရာယ်ကင်းရှင်းရေး၊ သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး၊ မီးဘေးအန္တရာယ်နှင့်မတော်တဆဘေးအန္တရာယ်ကင်းရှင်းရေးအတွက် သတိပြုလိုက်နာဆောင်ရွက်ရမည့် အချက်များကို စနစ်တကျဆောင်ရွက်တတ်စေရန် ဖွင့်လှစ်ပေးခြင်းဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မိမိတို့လုပ်ငန်းများရှိ ယာဉ်မောင်းများအား သင်တန်းတက်ရောက်ရန် လိုအပ်မည်ဖြစ်သည့်အပြင် သင်ကြားဆွေးနွးမှုကို အလေးထားလိုက်နာပြီး ဥပဒေနှင့်အညီ ဘေးကင်းစွာ လုပ်ဆောင်နိုင်ရန် လိုအပ်ပါကြောင်း တိုက်တွန်းဆွေးနွေးပြောကြားသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးက သင်တန်းသားများအတွက်…