admin

ကချင်ပြည်နယ်ဝန်ကြီးချုပ် သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) မြစ်ကြီးနားမြို့ပေါ်ရှိ ဘုရားစေတီပုထိုးများနှင့် မီးထွန်းပွဲတော်တို့တွင် ကုသိုလ်ကောင်းမှုပြုသူများ၊ လာရောက်လည်ပတ်အပန်းဖြေသူများအား စတုဒီသာဖြင့် ကုသိုလ်ပြု

မြစ်ကြီးနား     စက်တင်ဘာ ၁၀           မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ် သီတင်းကျွတ်လပြည့်နေ့ (အဘိဓမ္မာအခါနေ့)တွင် ကချင် ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ရှေးဟောင်းသမိုင်းဝင် စေတီပုထိုးများ၌ ကုသိုလ်ကောင်းမှုပြုသူများ၊ ပြည်သူ့ရင်ပြင်အတွင်းရှိ မီးထွန်းပွဲတော်သို့ လာရောက်လည်ပတ်အပန်းဖြေသူများဖြင့် စည်းကား လျက်ရှိရာ စက်တင်ဘာ ၉ ရက် ည ၆ နာရီမှ စတင်၍ အဆိုပါ လူစည်ကားရာနေရာများတွင် ပြည်နယ်ဝန်ကြီးချုပ်သည် ဌာနဆိုင်ရာများနှင့်အတူ စတုဒီသာဖြင့် ကုသိုလ်ပြုကျွေးမွေးခဲ့ကြသည်။           ထို့သို့ သီတင်းကျွတ်လပြည့်နေ့တွင် ပြည်သူများ အေးချမ်းပျော်ရွှင်စွာ ကုသိုလ်ကောင်းမှု ပြုကြသူများဖြင့် စည်ကားရာနေရာများသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ သီတာ ရပ်ကွက် ရှေးဟောင်းသမိုင်းဝင်စေတီဖြစ်သည့် ဆုတောင်းပြည့်စေတီတော်ပုရဝုဏ်အတွင်း ဆိုင်ခန်း ငယ်များ ဖွင့်လှစ်ရောင်းချနေမှု၊…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက်(၁၆)နှစ်အောက် အမျိုးသား ဘောလုံးပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်နယ်လက်ရွေးစင်အသင်းအား လေဆိပ်၌ သွားရောက်တွေ့ဆုံအားပေး

မြစ်ကြီးနား     အောက်တိုဘာ ၁၀           ၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၀ ရက်နေ့တွင် နေပြည်တော်၌ ကျင်းပမည့် တိုင်းဒေသကြီးနှင့် ပြည်နယ် အသက် (၁၆)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်မည့် ကချင် ပြည်နယ်လက်ရွေးစင်ဘောလုံးအသင်းအား အောက်တိုဘာ ၁၀ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် တာဝန်ရှိသူများက မြစ်ကြီးနားလေဆိပ်၌ လိုက်လံနှုတ်ဆက်အားပေး ခဲ့ကြသည်။           ရှေးဦးစွာ နေပြည်တော်သို့ သွားရောက်ယှဉ်ပြိုင်ကြမည့် ဘောလုံးအသင်းနည်းပြ၊ အုပ်ချုပ်သူ များနှင့် အားကစားသမားများအား ရင်းရင်းနှီးနှီးတွေ့ဆုံပြီး ပြည်နယ်ဝန်ကြီးချုပ်က ပြိုင်ပွဲတွင် အကောင်းဆုံးနှင့် အသန့်ရှင်းဆုံးဖြစ်အောင် ကြိုးစားယှဉ်ပြိုင်ကြ‌ရေး၊ အောင်ပွဲကိုရရှိပြီး ပြည်နယ်၏ ဂုဏ်ကိုဆောင်နိုင်ခဲ့သည့် အားကစားသမားကောင်းများဖြစ်အောင် ကြိုးစားကြရေးနှင့် ကျန်းမာရေး အထူးဂရုစိုက်ကြရေး အားပေးပြောကြားသည်။          …

Read More

ကချင်ပြည်နယ်၏ အထင်ကရ ဧရာဝတီမြစ်ဆုံအပန်းဖြေစခန်းအဆင့်မြှင့်တင်ဆောင်ရွက်ရာတွင် သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး၊ ရိုးရာယဉ်ကျေးမှုဟန်များဖြင့် ပြုပြင်ထိန်းသိမ်းနိုင်ရေးကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား     အောက်တိုဘာ ၈           ကချင်ပြည်နယ်၏ အထင်ကရနေရာတစ်ခုဖြစ်ပြီး မေခမြစ်နှင့် မလိခမြစ်တို့ ဆုံဆည်းရာမှ  ဧရာဝတီမြစ်အဖြစ်စတင်စီးဆင်းရာ မြစ်ဆုံနေရာသည် ပြည်နယ်အတွင်း ခရီးသွားဧည့်သည်များလာ ရောက်အပန်းဖြေလည်ပတ်စရာနေရာတစ်ခုဖြစ်သောကြောင့် ဧရာဝတီမြစ်ဆုံအပန်းဖြေစခန်းအားအဆင့် မြှင့်တင်ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အောက်တိုဘာ ၈ ရက် နံနက် ၉ နာရီက သွားရောက်ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။            ထို့သို့ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့အား ကချင်ပြည်နယ်ခရီးသွား လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက မြစ်ကြီးနား-ဆွမ်ပရာဘွမ်-ပူတာအိုလမ်းခွဲမှ တစ်ဆင့် တန်ဖရဲရွာဘေး၌ မြေဧက၂၀ ပေါ်တွင် ကားရပ်နားရန်နေရာနှင့် မြစ်ကမ်းဘေးတွင် အပန်းဖြေနေရာအဖြစ် တိုးချဲ့ဆောင်ရွက်သွားမည့်နေရာတို့အားလိုက်လံရှင်းလင်းပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က ပြည်ထောင်စု လမ်းမကြီးမှတစ်ဆင့် အပန်းဖြေစခန်း အဝင်လမ်းအား လမ်းသားတိုးချဲ့ခင်းကျင်းနိုင်ရေး တာဝန်ရှိသူများ အား မှာကြားခဲ့သည်။           ယင်းနောက် မြစ်ဆုံအပန်းဖြေစခန်းနေရာ၌…

Read More

ကချင်ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ပြည်နယ်အတွင်းရှိ နယ်စပ်ကုန်သွယ်ရေးစခန်းများမှ တစ်ဆင့် မြန်မာ-တရုတ်ကုန်စည်စီးဆင်းရာတွင် ကုန်တင်ယာဉ်များ စနစ်တကျ သယ်ယူပို့ဆောင်နိုင်ရေး ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     အောက်တိုဘာ ၈           ကချင်ပြည်နယ်အတွင်းရှိ မြန်မာ – တရုတ်နယ်စပ်ကုန်သွယ်ရေးစခန်းများဖြစ်သည့် ဝိုင်းမော်မြို့ နယ်၊ ကန်ပိုက်တီနှင့် မိုးမောက်မြို့နယ် လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းများမှ တစ်ဆင့် တရုတ်နိုင်ငံ သို့ ကုန်စည်များ တင်ပို့ရာတွင် စနစ်တကျညှိနှိုင်းသယ်ယူပို့‌ဆောင်နိုင်ရေးအတွက် မြန်မာ-တရုတ် ကုန်စည်ပြန်လည်စီးဆင်းနိုင်ရေး လုပ်ငန်းကော်မတီအဖွဲ့ဝင်များ၏ ညှိနှိုင်းအစည်းအဝေးကို အောက်တို ဘာ ၇ ရက် နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။           ညှိနှိုင်းအစည်းအဝေးတွင် မြန်မာ-တရုတ် ကုန်စည်ပြန်လည်စီးဆင်းနိုင်ရေးလုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင်က နှစ်နိုင်ငံကုန်စည် စီးဆင်းရာတွင် အဆင်ပြေချောမွေ့စေရေး ညှိနှိုင်းဆောင်ရွက်သွားရမည့်ကိစ္စရပ်များနှင့် တစ်သျှူး ငှက်ပျောအပါအဝင် စိုက်ပျိုးရေးသီးနှံထုတ်ကုန်များ နယ်စပ်ဖြတ်ကျော်သယ်ယူပို့ဆောင်ရာတွင် ကုန်တင် ယာဉ်များအား သတ်မှတ်ချက်များနှင့်အညီ စနစ်တကျဖြစ်စေရေး စီမံဆောင်ရွက်သွားရမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။…

Read More

မြစ်ကြီးနားမြို့၌ ကချင်ပြည်နယ်အမျိုးသမီးအားကစားအဖွဲ့ ဆပ်ကော်မတီနာယကဖလား ခရိုင်ပေါင်းစုံ အသက်(၁၈)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ ကျင်းပပြုလုပ်

မြစ်ကြီးနား     အောက်တိုဘာ ၇           ကချင်ပြည်နယ်ရှိ အမျိုးသမီးများ၏ အားကစားကဏ္ဍ ပိုမိုတိုးတက်မြှင့်မားလာစေရေးနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အမျိုးသမီးဘောလုံးပြိုင်ပွဲအတွက် လက်ရွေးစင်ကစားသမားများ ရွေးချယ်လေ့ကျင့်နိုင်ရေး အတွက် ကချင်ပြည်နယ်အမျိုးသမီးအားကစားအဖွဲ့ ဆပ်ကော်မတီ နာယကဖလား ခရိုင်ပေါင်းစုံ အသက် (၁၈)နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲကို အောက်တိုဘာ ၆ ရက် ညနေ ၃ နာရီက ပြည်နယ်ပြည်သူ့ အားကစားကွင်းအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြသည်။           ဘောလုံးပြိုင်ပွဲသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီး ချုပ်နှင့်ပြည်နယ်ဝန်ကြီးများ တက်ရောက်ခဲ့ကြပြီး ဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်အမျိုးသမီးအားကစား အဖွဲ့ဆပ်ကော်မတီနာယက၊ ပြည်နယ်ဝန်ကြီးချုပ်၏ ဇနီးဒေါ်နန်ဆိုင်းက ပြည်နယ်အတွင်းရှိ အမျိုးသမီး များ၏ အားကစားကဏ္ဍတိုးတက်မြှင့်မားရေးအတွက် ဆောင်ရွက်ခဲ့ရာ၌ တိုင်းဒေသကြီးနှင့်ပြည်နယ် အားကစားပြိုင်ပွဲများတွင် အမျိုးသမီး‌လက်ရွေးစင်အသင်းများအနေဖြင့် ဂေါက်သီးရိုက်၊ အေရိုးဗစ်၊ ဘော်လီဘောနှင့် ဂျူဒိုပြိုင်ပွဲများအား…

Read More

ကချင်ပြည်နယ်ဝန်ကြီးချူပ် ဒေသခံများအတွက် အခြေခံစက်ချုပ်သင်တန်း၊ ပန်းအလှပြင်သင်တန်းနှင့် သတင်းရေးသားထုတ်ပြန်ခြင်း၊ သတင်းဗီဒီယိုရိုက်ကူးတည်းဖြတ်ခြင်း သင်တန်းဆင်းပွဲများသို့ တက်ရောက်အားပေး

မြစ်ကြီးနား     အောက်တိုဘာ ၇           ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီဌာန၊ အိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်ကျောင်းနှင့် ကချင်ပြည်နယ်စာကြည့်တိုက်များဖောင်ဒေးရှင်းတို့ ပူးပေါင်း၍ ဒေသခံတိုင်းရင်းသူများ အသက်မွေးပညာ များတတ်မြောက်ပြီး မိသားစုဝင်ငွေတိုးပွားရေးအတွက် အခြေခံစက်ချုပ်သင်တန်း၊ ပန်းအလှပြင်သင်တန်း နှင့်ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းရည်တိုးတက်မြင့်မားရေးအတွက် သတင်းရေးသားထုတ်ပြန်ခြင်း၊ သတင်း ဗီဒီယိုရိုက်ကူးတည်းဖြတ်နည်း သင်တန်းဆင်းပွဲများကို ယနေ့ နံနက် ၉ နာရီက မြစ်ကြီးနားမြို့ လူထု အခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပပြုလုပ်သည်။           သင်တန်းဆင်းပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ယခုကဲ့သို့ဒေသတွင်း လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်ရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းသည် ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးသာမက နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက်ပါ အထောက်အကူဖြစ်စေမည် ဖြစ်ပါကြောင်း၊ အထူးသဖြင့် ယနေ့ခေတ် နည်းပညာဖွံ့ဖြိုးတိုးတက်လာမှုနှင့်အတူ သတင်းမီဒီယာကဏ္ဍ သည်လည်း အရေးပါလျက်ရှိသည့်အတွက် သတင်းရေးသားထုတ်ပြန်ခြင်း၊ သတင်းဗီဒီယိုရိုက်တည်းဖြတ် နည်းသင်တန်းကို ဖွင့်လှစ်ပေးနိုင်ခြင်းသည်လည်း…

Read More

ကချင်ပြည်နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကျပ် ၈ ဘီလီယံဖြင့် စိုက်ပျိုးမွေးမြူရေး ဆောင်ရွက်သော ကျေးရွာပေါင်း ၁၄၄ ရွာတွင် စတင်ရင်းနှီးမတည်ဆောင်ရွက်နိုင်ရေးနှင့် ကျန်လုပ်ငန်းများအတွက် ညွှန်ကြားချက်၊ မူဘောင်များနှင့်အညီ ဆက်လက်အကောင် အထည်ဖော်‌ဆောင်ရွက်သွားမည်

မြစ်ကြီးနား     အောက်တိုဘာ ၇           ကချင်ပြည်နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကျပ် ၈ ဘီလီယံဖြင့် စိုက်ပျိုးရေး၊ မွေးမြူ ရေး၊ ငါးလုပ်ငန်းနှင့်သမဝါယမလုပ်ငန်းများအတွက် ရန်ပုံငွေကျပ်သန်း ၇၀၀၀ ကျော်ကို ကျေးရွာပေါင်း ၁၄၄ ရွာတွင် စတင်ရင်းနှီးမတည်လွှဲအပ်ဆောင်ရွက်နိုင်ရေးနှင့် ကျန်လုပ်ငန်းများအတွက် ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်၊ မူဘောင်များနှင့်အညီ ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက် သွားရန်လိုကြောင်း အောက်တိုဘာ ၇ ရက် နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေး ခန်းမ၌ပြည်နယ်အဆင့်ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ထည့်သွင်းပြောကြားသည်။           ဆက်လက်၍ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် စိုက်ပျိုးမွေးမြူရေးဆောင်ရွက်သော ကချင်ပြည် နယ်အဆင့် ကျေးရွာစီမံကိန်းကြီးကြပ်မှုကော်မတီနာယက၊ ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံ့စီးပွားမြှင့်တင် ရေးရန်ပုံငွေကျပ် ၈ ဘီလီယံဖြင့် ကချင်ပြည်နယ်အတွင်း စိုက်ပျိုးရေး၊ မွေးမြူရေး၊ ငါးလုပ်ငန်းနှင့်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်အတွင်း ကြွက်ဘေးအန္တရာယ်ကြောင့် တောင်ယာစပါးနှင့်သီးနှံများ ပျက်စီးဆုံးရှုံးခဲ့သည့် တောင်သူ(၁၄၉)ဦးအတွက် ဆန်ရိက္ခာများ ထောက်ပံ့‌ပေးအပ်၊ ပြည်နယ်မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေး ကော်မတီအစည်းအဝေး (၃/၂၀၂၂)အစည်းအဝေးသို့တက်ရောက်

မြစ်ကြီးနား    အောက်တိုဘာ ၆           ကချင်ပြည်နယ်အတွင်း ကြွက်ဘေးအန္တရာယ်ကြောင့် တောင်ယာစပါးနှင့်သီးနှံများ ပျက်စီး ဆုံးရှုံးမှု ဖြစ်ပေါ်ခဲ့သော ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု(၆)ခုမှ တောင်သူ (၁၄၉) ဦးတို့အတွက် ဆန်ရိက္ခာများ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို အောက်တိုဘာ ၆ ရက်  နံနက် ၉နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံးဝင်းအတွင်း ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပ ပြုလုပ် သည်။           ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မိမိတို့ပြည်နယ် အတွင်း ပြည်သူများ အခက်အခဲဒုက္ခကြီးကြီးငယ်ငယ်ကျရောက်ပါက မိမိတို့အစိုးရအဖွဲ့အနေဖြင့် အမြန်ဆုံးကူညီထောက်ပံ့ပေးရမည်ဖြစ်ပါကြောင်း၊ ကြွက်ဘေးအန္တရာယ်သည် ၁၉၇၇ ခုနှစ်တွင် တစ် ကြိမ်ကျရောက်ခဲ့ပြီး၊ လွန်ခဲ့သည့် သြဂုတ်လအတွင်းမှာလည်း တီယန်ဇွပ်နှင့် အင်ဂျစ်ကျေးရွာတွင် ကျရောက်ခဲ့သည့်အတွက် တောင်ယာစပါးနှင့် ငရုတ်စိုက်ခင်းများ ပျက်စီးဆုံးရှုံးခဲ့သဖြင့် ကြွက်ဘေး…

Read More

ကချင်ပြည်နယ်လူမှုရေးရာဝန်ကြီး တိုင်းဒေသကြီးနှင့် ပြည်နယ်ဝူရှူးပြိုင်ပွဲသို့ သွားရောက် ယှဉ်ပြိုင်မည့် ပြည်နယ်လက်ရွေးစင်အသင်းအား အောင်နိုင်ရေးအလံနှင့် ထောက်ပံ့ငွေများပေးအပ်

မြစ်ကြီးနား     အောက်တိုဘာ ၅           ၂၀၂၂ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝူရှူးပြိုင်ပွဲကို မန္တလေးတိုင်းဒေသကြီးအတွင်း အောက်တိုဘာ ၁၃ ရက်နေ့တွင် စတင်ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ကချင်ပြည်နယ်မှ သွားရောက် ယှဉ်ပြိုင်ကြမည့် ပြည်နယ်လက်ရွေးစင် ဝူရှူးအသင်းအား ပြည်နယ်အစိုးရအဖွဲ့က အောင်နိုင်ရေး အလံနှင့် ထောက်ပံ့ငွေများပေးအပ်ခြင်းကို အောက်တိုဘာ ၅ ရက် နံနက် ၁ဝ နာရီက ပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနရုံး၌ ကျင်းပပြုလုပ်သည်။           ရှေးဦးစွာ ပြည်နယ်လက်ရွေးစင်အသင်းအုပ်ချုပ်သူ၊ နည်းပြများနှင့် အားကစားသမားများက အသီးသီး မိတ်ဆက်ခဲ့ကြပြီး လက်ရွေးစင် ဝူရှူးအသင်းနည်းပြက ပြိုင်ပွဲဝင်နိုင်ရေး ကြိုတင်ပြင်ဆင် ၍ စခန်းသွင်းလေ့ကျင့်ခဲ့မှုများကို ရှင်းလင်းတင်ပြရာ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အားကစားကဏ္ဍ တိုးတက် မြှင့်မားလာရေး အတွက် အစဉ်တစ်စိုက်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်၊ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးနေမှုနှင့်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဝန်ထမ်းများကွန်ပျူတာစွမ်းရည်ပြိုင်ပွဲအား ကြည့်ရှုအားပေး

မြစ်ကြီးနား     အောက်တိုဘာ ၅           ၂၀၂၂ခုနှစ် ၊ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အခမ်းအနားကို အောက်တိုဘာ ၅ ရက်နေ့ နံနက် ၉နာရီအချိန်က မြစ်ကြီးနားမြို့ ဧရာရပ်ကွက် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ အေးမြသီတာခန်းမတွင် ကျင်းပပြုလုပ်ရာ ကျောင်းသား/သူများမှ “မြတ်ဆရာ” သီချင်းသီဆိုကာ အခမ်းအနားအားဖွင့်လှစ်သည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၊ နိုင်ငံ‌တော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံမှ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် အခမ်း အနားသို့ပေးပို့သည့် သဝဏ်လွှာကို ဖတ်ကြားသည်။ဆက်လက်၍ ပြည်နယ်ပညာရေးမှူး ဦးကြည်စိန် က ကုလသမဂ္ဂ လက်‌အောက်ခံအဖွဲ့(၅)ဖွဲ့မှ အဖွဲ့ခေါင်းဆောင်များကပေးပို့သော စုပေါင်းသဝဏ်လွှာ ကို ဖတ်ကြားသည်။           ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ၂၀၂၂ခုနှစ် ကမ္ဘာ့ဆရာများ‌နေ့ အထိမ်းအမှတ်စာစီစာကုံး ပြိုင်ပွဲများတွင် ဆုရရှိသည့် ကျောင်းသား/ကျောင်းသူများအား လည်းကောင်း၊ ပြည်နယ် လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက…

Read More