admin

ကချင်ပြည်နယ်ဝန်ကြီးချုပ် တိုင်းရင်းသားဘာသာစကားသင် ဆရာ/ဆရာမများအတွက် အရည်အသွေးမြှင့်အထောက်အကူပြုဆွေးနွေးပွဲသို့ တက်ရောက်

မြစ်ကြီးနား     နိုဝင်ဘာ ၉           ကချင်ပြည်နယ်အတွင်းရှိ တိုင်းရင်းသားဘာသာစကားသင် ဆရာ၊ ဆရာမများအတွက် အရည် အသွေးမြှင့် အထောက်အကူပြု ဆွေးနွေးပွဲ သင်တန်းဖွင့်ပွဲကို နိုဝင်ဘာ ၉ ရက် နံနက် ၉ နာရီက မြစ်ကြီးနားမြို့ ပညာရေးဒီဂရီကောလိပ်၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကားပြောကြားသည်။           သင်တန်းဖွင့်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ်က ပညာရေးသည် လူသားတိုင်းအတွက် လိုအပ် သည့် အရာတစ်ခုဖြစ်သလို လူသားမျိုးနွယ်အတွက် အဓိကကျသော အရာတစ်ခုလည်း ဖြစ်ပါ ကြောင်း၊ ထို့အတူ လူသားမျိုးနွယ်တစ်ခုချင်းစီ၏ မိခင်ဘာသာစကားသည် အင်မတန်မှ အရေးကြီး သလို မိခင်စာပေကိုလည်း ကျွမ်းကျင်စွာ ရေးတတ်ဖတ်တတ်အောင် လေ့ကျင့်သင်ကြားပေးရမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ တိုင်းရင်းသားဘာသာသင် ဆရာ၊ ဆရာမများအနေဖြင့် ဒေသတွင်း ကလေးငယ်များ၏…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ပြုပွဲ အခမ်းအနားတွင် ဂုဏ်ပြုယာဉ်နှင့် ပြခန်းထုတ်ဖော်ပြသနိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲနှင့် ကချင်ပြည်နယ်အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်၏ မူဝါဒပိုင်းဆိုင်ရာ လမ်းညွှန်မှာကြားချက်များ ရှင်းလင်းတင်ပြပွဲသို့ တက်ရောက်

မြစ်ကြီးနား     နိုဝင်ဘာ ၈           ၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ ဂုဏ်ပြုအခမ်းအနားတွင် ကချင် ပြည်နယ်မှဂုဏ်ပြုယာဉ်နှင့် ပြည်နယ်ကိုယ်စားပြုပြခန်းများ ထုတ်ဖော်ပြသနိုင်ရေးအတွက်ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နိုဝင်ဘာ ၈ ရက် နံနက် ၉ နာရီခွဲက ပြည်နယ် အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။           ဂုဏ်ပြုယာဉ်နှင့် ပြခန်းထုတ်ဖော်ပြသနိုင်ရေးအတွက် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဂုဏ်ပြုအခမ်းအနားတွင် မိမိတို့ ကချင် ပြည်နယ်အနေဖြင့် ဂုဏ်ပြုယာဉ်နှင့် ပြည်နယ်ကိုယ်စားပြုပြခန်းကို ပြသသွားမည်ဖြစ်ပါကြောင်း၊ မိမိတို့၏ ယဉ်ကျေးမှုအမွေအနှစ်များ၊ ဓလေ့ထုံးစံများ၊ ဒေသထုတ်ကုန်/ ထွက်ကုန်များ အပြင်  တွင်းထွက်သယံဇာတများကိုပါ စုံလင်စွာ ထုတ်ဖော်ပြသနိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားရမည်…

Read More

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၌ တန်ဆောင်မုန်းလပြည့်နေ့ ရှင်ဥပဂုတ္တမထေရ်ဖောင်တော် ရေမျှောပူဇော်ပွဲ၊ ဆီမီး ၁၅၀၀၀ ရေမျှောပူဇော်ပွဲနှင့် တန်ဆောင်တိုင်ပွဲတော်စည်ကားသိုက်မြိုက်စွာ ကျင်းပ

မြစ်ကြီးနား     နိုဝင်ဘာ ၈           ကချင်ပြည်နယ် မြစ်ကြီးနားမြို့တွင် မြန်မာ့ရိုးရာအစဉ်အလာမပျက် တန်ဆောင်တိုင်ပွဲတော် ကို ကျင်းပပြုလုပ်လျက်ရှိရာ နိုဝင်ဘာ (၇)ရက် (မြန်မာသက္ကရာဇ် ၁၃၈၄ ခုနှစ်၊ တန်ဆောင်မုန်း လပြည့်နေ့)ညနေ ၅ နာရီခွဲတွင် ကချင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ တန်ဆောင်တိုင်ပွဲတော် ရှင်ဥပဂုတ္တမထေရ်ဖောင်တော်နှင့်အတူ ဧရာဝတီမြစ်အတွင်းသို့ ဆီမီး ၁၅၀၀၀ ရေမျှောပူဇော်ပွဲတို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ကြသည်။           ရှေးဦးစွာ တန်ဆောင်တိုင်ပွဲတော် ရှင်ဥပဂုတ္တမထေရ်မြတ်ကြီး ဖောင်တော်နှင့် ဆီမီး ၁၅၀၀၀ ရေမျှောပူဇော်ပွဲကို မြစ်ကြီးနားမြို့ သီတာရပ်ကွက်ရှိ သမိုင်းဝင်လောကမာန်အောင် ဆုတောင်းပြည့် စေတီတော်အနီး ဧရာဝတီမြစ်ဆိပ်၌ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုကူညီရေး အသင်းအဖွဲ့များနှင့် ဒေသခံများက ရိုးရာအစဉ်အလာနှင့်အညီ ကျင်းပပြုလုပ်ခဲ့ကြပြီး ရှင်ဥပဂုတ္တ မထေရ်မြတ်ကြီး ဖောင်တော်ရေမျှောခြင်းနှင့် ဆီမီး…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် တန်ဆောင်မုန်းလပြည့်နေ့ ကုသိုလ်ကောင်းမှုပြုသူများ အေးချမ်းပျော်ရွှင်စွာ စည်ကားလျက်ရှိသည့် အခြေအနေများနှင့် တန်ဆောင်တိုင်မီးမျှောပွဲတော် ကျင်းပနိုင်ရေး ကွင်းဆင်းဆောင်ရွက်

မြစ်ကြီးနား     နိုဝင်ဘာ ၇           ၁၃၈၄ ခုနှစ် တန်ဆောင်မုန်းလပြည့်နေ့တွင် မြန်မာ့ရိုးရာအစဉ်အလာနှင့်အညီ ကချင်ပြည်နယ် မြစ်ကြီးနားမြို့ရှိ ဘုရားစေတီပုထိုးများတွင် ကုသိုလ်ကောင်းမှုပြုသူများဖြင့် အေးချမ်းပျော်ရွှင်စွာ စည်ကားလျက်ရှိသည့် အခြေအနေနှင့် ညနေပိုင်းတွင် တန်ဆောင်တိုင်ပွဲတော် မီးမျှောပွဲနှင့်အတူ ပွဲတော်စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက်စီမံဆောင်ရွက်ထားရှိမှုများကို ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ ၇ ရက် နံနက် ၈ နာရီက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ ကမ်းနားလမ်းနှင့် ရုံးကြီး လမ်းထောင့် ဧရာဝတီမြစ်ကမ်းပါး၌ တန်ဆောင်တိုင် မီးမျှောပွဲတော် ကျင်းပပြုလုပ်နိုင်ရေး စီစဉ် ဆောင်ရွက်ထားရှိမှုကို ကြည့်ရှုစစ်ဆေးပြီး ညနေပိုင်းတွင် တန်ဆောင်တိုင်ပွဲတော် စည်ကားသိုက် မြိုက်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် မီးပုံးပျံများ လွှတ်တင်သွားနိုင်ရေး၊ အများပြည်သူ ကုသိုလ်…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ရှိ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ပြန်လာစေလွှတ်ခဲ့သည့် မြန်မာနိုင်ငံသား ပြည်တော်ပြန်များအား သွားရောက်တွေ့ဆုံအားပေးထောက်ပံ့

မြစ်ကြီးနား     နိုဝင်ဘာ ၆           တရုတ်ပြည်သူ့သမ္မတနိုင်ငံမှတစ်ဆင့် ကန်ပိုက်တီနယ်စပ်ဂိတ်သို့ ပြန်လည်လွှဲပြောင်းလာ သော နေရပ်ပြန်မြန်မာနိုင်ငံသားများအား ကချင်ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် မြစ်ကြီးနား မြို့၌ ခေတ္တစခန်းသွင်းနေရာချထားပေးခဲ့ရာ နိုဝင်ဘာ ၆ ရက် ညနေ ၃ နာရီက ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီး ဒေါ်နန်ဆိုင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ပြည်နယ်ဥပဒေချုပ်နှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက သွားရောက်တွေ့ဆုံအားပေး ထောက်ပံ့ခဲ့ကြ သည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ သီတာရပ်ကွက်ရှိ ခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနပိုင် မိုးလုံလေလုံအားကစားခန်းမ၌ ပြည်တော်ပြန်အမျိုးသား (၉၅)ဦးတို့အား ခေတ္တစခန်းသွင်းထားရှိရာနေရာသို့ သွားရောက်ကာ ပြည်နယ်ဝန်ကြီးချုပ်က အခက် အခဲမျိုးစုံကျော်ဖြတ်ခဲ့ပြီး မိမိတို့ နိုင်ငံသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီဖြစ်သည့်အတွက် စိတ်ပျက် ဝမ်းနည်းမနေဘဲ မိမိတို့၏…

Read More

(၂၀၂၂)ခုနှစ်၊ ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ဒွါဒသမအကြိမ်မြောက် စုပေါင်းမဟာဘုံကထိန် သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကျင်းပ

မြစ်ကြီးနား     နိုဝင်ဘာ ၅           နှစ်စဉ် မြန်မာ့ရိုးရာအစဉ်အလာမပျက် ကျင်းပမြဲဖြစ်သည့် ဘုံကထိန်ပွဲတော်ကို ကချင် ပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှူး၍ ပြည်နယ်/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၏ ဒွါဒသမ အကြိမ်မြောက်အဖြစ် စုပေါင်းမဟာဘုံကထိန်သင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို နိုဝင်ဘာ (၅) ရက် နံနက် ၉ နာရီခွဲက မြစ်ကြီးနားမြို့ ကျောင်းထိုင် ဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ရာ အခမ်း အနားကို နမောတဿ (၃)ကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်သည်။           ယင်းနောက် နိုင်ငံတော်သံဃာ့နာယကအဖွဲ့ဝင်၊ခေမာသီဝံကျောင်းတိုက်ဆရာတော်အဂ္ဂမဟာ ပဏ္ဍိတဘဒ္ဒန္တစန္ဒာဝရာဘိဝံသ အမှူးပြုသော ဆရာတော်၊ သံဃာတော်များထံမှ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ကိုကိုမောင်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ ဇနီး များ၊ ပြည်နယ်ဥပဒေချုပ်၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများက ငါးပါးသီလခံယူ…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်နှင့်တိုင်းဒေသကြီး အသက်(၁၆)နှစ်အောက် (အမျိုးသား) ဘောလုံးပြိုင်ပွဲတွင် ဒုတိယဆုရရှိခဲ့ကြသော ပြည်နယ်လက်‌ရွေးစင်ဘောလုံးအသင်းအားဂုဏ်ပြုချီးမြှင့်

၂၀၂၂ ခုနှစ်၊ အောက်တိုဘာ ၂၀ ရက်နေ့တွင် နေပြည်တော်၌ စတင်ကျင်းပခဲ့သည့် တိုင်းဒေသ ကြီးနှင့် ပြည်နယ် အသက်(၁၆)နှစ်အောက် (အမျိုးသား)ဘောလုံးပြိုင်ပွဲတွင် ဒုတိယဆုရရှိခဲ့ကြသော အောင်ပွဲရ ကချင်ပြည်နယ်လက်ရွေးစင်ဘောလုံးအသင်းအား ပြည်နယ်အစိုးရအဖွဲ့မှ နိုဝင်ဘာ ၅ ရက် ညနေ ၅ နာရီတွင် မြစ်ကြီးနားလေဆိပ်၌ ဂုဏ်ပြုကြိုဆိုခြင်းနှင့် ဂုဏ်ပြုချီးမြှင့်ပွဲ အခမ်းအနားကို မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။           ရှေးဦးစွာ ဒုတိယဆုရရှိခဲ့သော ကချင်ပြည်နယ်ဘောလုံးအသင်းမှ အုပ်ချုပ်သူ၊ အသင်းနည်းပြ နှင့်အားကစားသမားများအား  ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်း၊ ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများ၊ တာဝန်ရှိသူများနှင့် ရိုးရာအကအဖွဲ့များက မြစ်ကြီးနားလေဆိပ်၌ ဂုဏ်ပြုကြိုဆိုခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ တိုင်းရင်းသားယဥ်ကျေးမှုအဖွဲ့များ၊ ဘင်ခရာနှင့် ပန်းပွားအကအဖွဲ့များက…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၄)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားနှင့် တန်ဆောင်တိုင်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ညှိနှိုင်းအစည်းအဝေးပွဲများသို့ တက်ရောက်

မြစ်ကြီးနား     နိုဝင်ဘာ ၄           ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ(၇)ရက်နေ့တွင် ကျရောက်မည့် အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာန၏ (၃၄) နှစ်မြောက်နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကို ကချင်ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ နိုဝင်ဘာ ၄ ရက် နံနက် ၉ နာရီခွဲက ပြည်နယ်အစိုးရရုံးဝင်းအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန် တက်ရောက် အမှာစကားပြောကြားသည်။           အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နိုင်ငံ၏ အုပ်ချုပ်‌‌ရေးယန္တရားတွင် အဓိကမဏ္ဍိုင်ဖြစ်သော အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာနအနေဖြင့် မူဝါဒ၊မျှော်မှန်းချက်၊ ရည်မှန်းချက် များချမှတ်ပြီး ပြည်သူများအတွက် ကြိုးစားဆောင်ရွက်လျက်ရှိနေသည်ကို အားလုံးအသိဖြစ်ပါ ကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေဖြင့်  ပြည်သူကို ဝန်ဆောင်မှုပေးရာမှာ ကိုယ်ကျင့်တရားကောင်းမွန် ရေး၊ လာဘ်ပေးလာဘ်ယူကင်းရှင်းရေး၊ အဂတိတရားကင်းရှင်းရေးတို့ကို ရှေးရှုကာ အစဥ်အလာ ကြီးမားသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ သမိုင်းကြောင်းကို ကောင်းမွန်စွာ ဆက်လက်ထိန်း…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၄)နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းပွဲသို့တက်ရောက်ပြီး ဝန်ထမ်းများနှင့်အတူ စုပေါင်းသွေးလှူဒါန်း

မြစ်ကြီးနား     နိုဝင်ဘာ ၂           ၂၀၂၂ခုနှစ်၊ နိုဝင်ဘာလ(၇)ရက်နေ့တွင် ကျရောက်မည့် အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာန၏ (၃၄) နှစ်မြောက်နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် မြစ်ကြီးနားမြို့ ပြည်သူ့ဆေးရုံရှိ လူနာများ သွေးလိုအပ်မှုအခက်အခဲအား အထောက်အပံ့ဖြစ်စေရေးအတွက် ကချင်ပြည်နယ်အထွေထွေအုပ်ချုပ်‌ ရေးဦးစီးဌာနမှ အရာထမ်း/ အမှုထမ်း ဝန်ထမ်းများ၏ စုပေါင်းသွေးလှူဒါန်းပွဲကို နိုဝင်ဘာ ၂ ရက် နံနက် ၉ နာရီ ခွဲက ပြည်နယ်အစိုးရရုံးအတွင်းရှိ ဆမားဒူဝါဆင်ဝါးနော်ခန်းမတွင် ကျင်းပပြုလုပ်ရာ ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဝန်ထမ်းများနှင့်အတူ တက်ရောက် သွေးလှူဒါန်း ခဲ့သည်။           ထိုသို့စုပေါင်းသွေးလှူဒါန်းရာတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့်ဇနီးဒေါ်နန်ဆိုင်း သည် ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း/အမှုထမ်းများနှင့်အတူတကွ စုပေါင်း၍ သွေးလှူဒါန်းကြရာ မြစ်ကြီးနားမြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးမှ ကျန်းမာရေးဝန်ထမ်း များက သွေးလှူဒါန်းရန်အချက်အလက်များစိစစ်ကောက်ယူခြင်း၊ ကိုယ်အလေးချိန်တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊…

Read More

ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း ရိုးရာအထည်အလိပ်ထုတ်လုပ်သည့် ရက်ကန်းလုပ်ငန်းများ ပိုမိုထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး ရက်ကန်းလုပ်ငန်းရှင်များနှင့်တွေ့ဆုံဆွေးနွေး

မြစ်ကြီးနား     နိုဝင်ဘာ ၁ ကချင်ပြည်နယ်ဝန်ကြီးချုပ်ဦးခက်ထိန်နန်သည် ရိုးရာအထည် အဆင်ဒီဇိုင်းများရက်လုပ်သည့် ရက်ကန်းလုပ်ငန်းများ ပိုမိုတိုးချဲ့လုပ်ကိုင်ဆောင်ရွက်နိုင်ရေးအတွက် ထိရောက်အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရေး ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ပြည်နယ်အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ အဖွဲ့ဝင်များ၊  ပြည်နယ်အတွင်းရှိ  ရက်ကန်းလုပ်ငန်းရှင်များနှင့်  နိုဝင်ဘာ ၁ ရက် မွန်းလွဲ ၁ နာရီက ပြည်နယ် အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ တွေ့ဆုံဆွေးနွေသည်။       တွေ့ဆုံဆွေးနွေးပွဲတွင် ကချင်ပြည်နယ်အတွင်း အသေးစား၊အငယ်စားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီအဖွဲ့နာယက ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ရိုးရာ အထည်ဒီဇိုင်းများဟာ ပြည်တွင်း၌သာမက ပြည်ပနိုင်ငံများထိပါ လူကြိုက်များ ကျော်ကြားလှပသော အဆင်ဒီဇိုင်းများဖြစ်ပါကြောင်း၊ သို့ဖြစ်၍ရိုးရာအထည်အလိပ်ဒီဇိုင်းများအားရက်လုပ်သောရက်ကန်း ပညာရပ် ယဥ်ကျေးမှုအမွေအနှစ်များ တိမ်ကောပပျောက်သွားခြင်းမရှိ‌ရေး၊ ရက်ကန်းလုပ်ငန်းဆိုင်ရာ အတတ်ပညာများ ဖြန့်ဖြူး‌ပေးနိုင်ရန် ရက်ကန်းလုပ်ငန်းရှင်များနှင့် ပြည်နယ်သူ၊…

Read More