ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်၍ မြစ်ကြီးနားလေဆိပ် သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

မြစ်ကြီးနား     အောက်တိုဘာ ၁၆           ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်၍ မြစ်ကြီးနားလေဆိပ်အဆောက်အဦများ ပတ်ဝန်း ကျင်နှင့် လေဆိပ်ဝင်း အတွင်း/အပြင်တို့တွင် ဌာနဆိုင်ရာများ၊ တပ်ရင်း/တပ်ဖွဲ့များ၊ လူမှုရေးအ သင်းအဖွဲ့များ စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်း ဆောင်ရွက်ခြင်းကို အောက်တိုဘာ ၁၆ ရက် နံနက် ၇ နာရီခွဲတွင် ဆောင်ရွက်ခဲ့ကြသည်။           ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်နယ်ဥပဒေ ချုပ်နှင့် ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ တပ်ရင်း/တပ်ဖွဲ့များ၊ လူမှုရေးအသင်းအဖွဲ့များက လေဆိပ် ဧရိယာပြင်ပ လမ်းဘေးဝဲ/ယာများနှင့် လေဆပ်ဧရိယာအတွင်းရှိ သစ်ပင်ခြုံနွယ်များ ခုတ်ထွင်ရှင်း လင်းခြင်း၊ အမှိုက်များ ကောက်ယူခြင်း၊ မြေယာရှုခင်းအလှပင်များအား ပြုပြင်ခြင်းလုပ်ငန်းများ စုပေါင်းဆောင်ရွက်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က လေဆိပ်ပုရဝဏ်အတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြကာ ပြည်နယ်၏ မြို့တော်လေဆိပ်ဖြစ်သည့်အတွက် အမြဲသန့်ရှင်းသာယာလှပ စေပြီး မြေယာရှုခင်းများ [&Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ်က ဝိုင်းမော်မြို့နယ်အတွင်း ရေဘေးကာကွယ်ရေးအတွက် ကယ်ဆယ်ရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းနှင့် အမျိုးသား(၃)ယောက်တွဲ ပိုက်ကျော်ခြင်းပြိုင်ပွဲသို့ တက်ရောက်အားပေး

မြစ်ကြီးနား     အောက်တိုဘာ ၁၅           လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်နယ်ဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဝိုင်းမော်မြို့နယ်အတွင်း ရေဘေးကြိုတင်ကာကွယ်နိုင်ရေး အတွက် ကယ်ဆယ်ရေးပစ္စည်းများဖြစ်သည့် ဖိုင်ဘာစက်လှေနှင့် ဆက်စပ်ပစ္စည်းများ ထောက်ပံ့ ပေးအပ်ပွဲအခမ်းအနားကို အောက်တိုဘာ ၁၅ ရက် နံနက် ၈ နာရီတွင် ဝိုင်းမော်မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံးဝင်း၌ ကျင်းပပြုလုပ်သည်။           ကယ်ဆယ်ရေးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကချင်ပြည်နယ်၏ မြို့တော်ဖြစ်သည့် မြစ်ကြီးနားမြို့ပြီးလျှင် ဝိုင်းမော်မြို့သည် နယ်စပ်ကုန်သွယ် ရေးလမ်းကြောင်းတွင် အချက်အခြာကျသည့် မြို့တစ်ခုဖြစ်သည့်အတွက် တိုးတက်မှုနှင့် ဖွံ့ဖြိုးမှု မြန်ဆန်လာမည့် မြို့နယ်တစ်ခု ဖြစ်ပါကြောင်း၊ ထို့ကြောင့် မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ် ကြောင့် ထိခိုက်ဆုံးရှုံးမှုကို လျော့ချနိုင်ရေးနှင့် ကြိုတင်ကာကွယ်နိုင်ရေးအတွက် နိုင်ငံတော်မှ ယခုလို ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း ပြောကြားသည်။ [&Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က မြစ်ကြီးနားမြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံပေးနေမှုကို လှည့်လည်ကြည့်ရှုအားပေးပြီး ပူတာအိုခရိုင်အတွင်း ဆန်ဖူလုံရေးနှင့် ကုန်းမြင့်လယ်ယာများ

မြစ်ကြီးနား     အောက်တိုဘာ ၁၄           ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ်အတွင်း ကိုဗစ်-၁၉ ကပ်ရောဂါကာကွယ်ထိန်းချုပ်နိုင် ရေးအတွက် ရပ်ကွက်/ကျေးရွာအုပ်စု (၂၈)ခုမှ ပြည်သူများအား ဦးတည်အုပ်စုအလိုက် စုရပ်များ ပြုလုပ်၍ ကာကွယ်ဆေးထိုးနှံပေးနေမှုကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိရာ အောက်တိုဘာ ၁၄ ရက် နံနက် ၁၀ နာရီတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ကာကွယ်ဆေးထိုးနှံပေးနေ မှုကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။         &Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်အား အကောင်အထည်ဖော်ဆောင်ရွက်မှုဆိုင်ရာ လုပ်ငန်းညှိနှိုင်း‌အစည်းအဝေးနှင့် ကချင်ပြည်နယ်အတွင်း ကိုဗစ်-၁၉ ရောဂါကူးစက်မှု လျော့ချရေးအတွက် လုပ်ငန်းညှိနှိုင်းစည်းဝေး

မြစ်ကြီးနား     အောက်တိုဘာ ၁၃           နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက် များအား အကောင်အထည်ဖော်ဆောင်ရွက်မှုဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကချင်ပြည် နယ်အစိုးရအဖွဲ့နှင့် ဌာနဆိုင်ရာအကြီးအကဲများက အောက်တိုဘာ ၁၃ ရက် မွန်းလွဲ ၁ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။           လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နိုင်ငံတော်တည် ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက်&Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ်က ဝိုင်းမော်မြို့၌ တည်ဆောက်ပြီးစီးသည့် အမှတ် (၂)ဈေးသစ်ဖွင့်လှစ်ပေးပြီး အား/ကာသိပ္ပံကျောင်းမြေနေရာအတွက် တောင်သူများအား သီးနှံနစ်နာကြေး ပေးအပ်

မြစ်ကြီးနား     အောက်တိုဘာ ၁၂           ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် တည် ဆောက်ပြီးစီးသည့် အမှတ်(၂)ဈေးသစ် ဖွင့်ပွဲအခမ်းအနားကို အောက်တိုဘာ ၁၂ ရက် နံနက် ၈ နာရီ တွင် ဝိုင်းမော်မြို့ အမှတ် (၂)ရပ်ကွက်၊ ဝါရှောင်သွားလမ်းမဘေးရှိ အဆိုပါ ဈေးသစ်အဆောက် အအုံနေရာ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ တက်ရောက်ကြသည်။           ဈေးသစ်ဖွင့်ပွဲတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အမှုဆောင်အရာရှိ ဦးတင်မောင်ထွေး က အမှတ် (၂)ဈေးသစ် တည်ဆောက်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး အမှတ် (၂)ဈေး သစ်ကို တာဝန်ယူဆောက်လုပ်ခဲ့သည့် မြစ်ကြီးနားညီအစ်ကိုများစပ်တူကုမ္ပဏီဥက္ကဋ္ဌ ဦးဇခုန်ယိန်း ချမ်းက အမှတ် (၂)ဈေးသစ် တာဝန်ယူတည်ဆောက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းတင်ပြ [&Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ်က ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးခဲ့သော မြစ်ကြီးနားမြို့ပေါ် ရပ်ကွက်နေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများအား လက်ဝယ်အရောက်ပေးအပ်

မြစ်ကြီးနား     အောက်တိုဘာ ၁၁           လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကချင်ပြည်နယ်ဦးစီးမှူးရုံး၏ ကြီး ကြပ်မှုဖြင့် မြစ်ကြီးနားမြို့နယ်ဦးစီးမှူးရုံးမှ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပြီးစီးခဲ့သော မြစ်ကြီး နားမြို့၊ စီတာပူရပ်ကွက် နေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ လက်ဝယ်အရောက် ပေးအပ်ပွဲကို အောက်တိုဘာ ၁၁ ရက် နံနက် ၉ နာရီခွဲတွင် မြစ်ကြီးနားမြို့နယ် OSS ရုံးဝင်အတွင်းရှိ မနောရွှေပြည်ခန်းမ၌ ကျင်းပပြုလုပ်သည်။         &Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်တရားလွှတ်တော်ရုံး ဆောက်လုပ်နိုင်ရေးအတွက် လျာထားမြေနေရာများအား ကွင်းဆင်းစစ်ဆေးဆောင်ရွက်

မြစ်ကြီးနား     အောက်တိုဘာ ၉           ကချင်ပြည်နယ်တရားလွှတ်တော်ရုံး ဆောက်လုပ်နိုင်ရေး မြေနေရာရရှိရေးအတွက် ပြည် နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးတူးဂျာ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ အောက်တိုဘာ ၉ ရက် နံနက် ၁၀ နာရီတွင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။           ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်နှင့် အဖွဲ့ဝင် များသည် မြစ်ကြီးနားမြို့ မန်ခိန်ရပ်ကွက်အတွင်းရှိ ကွင်းအမှတ်Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အဆင့် ပန်းခင်း စီမံချက် အောင်မြင်စွာအကောင် အထည်ဖော်ဆောင်ရွက်နိုင်ရေးနှင့် မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ လျှောက်ထားလာမှုအပေါ်

မြစ်ကြီးနား     အောက်တိုဘာ ၈           ကချင်ပြည်နယ်အဆင့် ပန်းခင်း စီမံချက် အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက် နိုင်ရေးအတွက် လုပ်ငန်းဆောင်ရွက်ပြီးစီးမှု၊ ဆောင်ရွက်ဆဲ ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ လိုအပ်ချက်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်နိုင်ရေး ပြည်နယ်အဆင့် ပန်းခင်းစီမံချက်အကောင် အထည်ဖော်ရေးဆိုင်ရာ ဦးစီးကော်မတီနှင့် လုပ်ငန်းကော်မတီများအဖွဲ့ဝင်များ၏ ညှိနှိုင်းအစည်း အဝေးကို အောက်တိုဘာ ၈ ရက် နံနက်ပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပ ပြုလုပ်သည်။           အစည်းအဝေးတွင် ပြည်နယ်အဆင့် ပန်းခင်း စီမံချက် အကောင်အထည်ဖော်ရေးဆိုင်ရာ ဦးစီးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ကချင်ပြည်နယ်အတွင်း မြို့နယ် ပေါင်း ၁၈ မြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေါင်း (၁၈၁၁၇)ကတ် ဆောင်ရွက်ပေးနိုင်ခဲ့သည့်အတွက် ဆောင်ရွက်ပေးရမည့်ဦးရေ (၂၀၁၃၆၆)ဦးနှင့် နှိုင်းယှဉ်ပါက ၁၀ ရာခိုင်နှုန်းခန့် ဆောင်ရွက်ပေးနိုင်ခဲ့ပြီ [&Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

မြစ်ကြီးနားနှင့် ဝိုင်းမော်မြို့နယ်များအတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ/ သီလရှင်ကျောင်းများ အတွက် ဆန်၊ ဆီနှင့် စားသောက်ကုန်များ လှူဒါန်းခြင်းနှင့် အခြေခံပညာကျောင်းများဖွင့်လှစ်

မြစ်ကြီးနား     အောက်တိုဘာ ၆           ကချင်ပြည်နယ်အစိုးရအဖွဲ့နှင့် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တို့မှ ကိုဗစ်-၁၉ ကာလအတွင်း ဝါဆိုဆရာတော်များအား ဆွမ်း၊ ကွမ်းအခက်အခဲ မဖြစ်စေရေးအတွက် မြစ်ကြီးနားနှင့် ဝိုင်းမော် မြို့နယ်များအတွင်းရှိ ဘုန်းတော်ကြီးကျောင်းများ/ သီလရှင်ကျောင်းများအတွက် ဆန်၊ ဆီနှင့် အခြေခံစားသောက်ကုန်များ လှူဒါန်းခြင်းကို အောက်တိုဘာ ၆ ရက် နံနက် ၉ နာရီခွဲတွင် မြစ်ကြီးနားမြို့ ဆုတောင်းပြည့်ကျောင်းတိုက်၌ ကျင်းပပြုလုပ်ကြသည်။         &Read More

ကချင်ပြည်နယ် နောက်ဆုံးရသတင်းများ

ကချင်ပြည်နယ်အတွင်း မြန်မာ-တရုတ်နယ် စပ်ကုန်စည်စီးဆင်းမှု ပုံမှန်အတိုင်း ပြန်လည် ဆောင်ရွက်နိုင်ရေး လုပ်ငန်းကော်မတီအဖွဲ့ဝင်များနှင့် ညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား     အောက်တိုဘာ ၅           ကချင်ပြည်နယ်အတွင်းရှိ ကန်ပိုက်တီ၊ လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးစခန်းများတစ်ဆင့် မြန်မာ-တရုတ်ကုန်သွယ်မှုလုပ်ငန်းများကို လုပ်ထုံးလုပ်နည်းနှင့်အညီ လွယ်ကူမြန်ဆန်စွာစနစ်တ ကျဆောင်ရွက်သွားနိုင်ရေး၊ နိုင်ငံတော်မှ ရသင့်ရထိုက်သော အခွန်အခများ အပြည့်အဝရရှိစေရေး လုပ်ငန်းကော်မတီ ညှိနှိုင်းအစည်းအဝေးကို အောာက်တိုဘာ ၅ ရက် နံနက် ၁၀ နာရီတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပသည်။         &Read More