ကချင်ပြည်နယ်လူမှုရေးရာဝန်ကြီး ပြည်နယ်အားကစားကဏ္ဍ စဉ်ဆက်မပြတ်တိုးတက်မြင့်မားရေး အားကစားနည်းအလိုက် ဆပ်ကော်မတီအသီးသီးနှင့် ပေါင်းစပ်ညှိနှိုင်းဆွေးနွေး
မြစ်ကြီးနား သြဂုတ် ၃၀ ကချင်ပြည်နယ်၏ အားကစားကဏ္ဍ စဉ်ဆက်မပြတ်တိုးတက်မြင့်မားရေးအတွက် အားကစား နည်းအလိုက် ဆပ်ကော်မတီအသီးသီးနှင့် ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပွဲကို သြဂုတ် ၃၀ ရက် နံနက် ၁၀ နာရီက ပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြ သည်။ လုပ်ငန်းညှိနှိုင်းဆွေးနွေးရာတွင် ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်းက ပြည်နယ်အားကစားကဏ္ဍ စဉ်ဆက်မပြတ်တိုးတက်မြင့်မားလာစေရေး၊ ဆပ်ကော်မတီအသီးသီးနှင့် အနေဖြင့် လိုအပ်ချက်၊ အခက်အခဲများ ရင်ဆိုင်ရာတွင် အချင်းချင်း ညှိနှိုင်းတိုင်ပင်ပြီး အကောင်းဆုံး ဖြစ်အောင် ပေါင်းစပ်ကြိုးစားကြရေး၊ ထို့အပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲများသို့ ဝင်ရောက်ယှဉ်ပြိုင်ရန် ကျန်ရှိနေသည့် အားကစားနည်းများကိုလည်း ကြိုတင်ပြင်ဆင်လေ့ကျင့်ရာ တွင် လိုအပ်ချက်၊ အခက်အခဲများကို တင်ပြကြရေးနှင့် ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် လိုအပ်သည် များကို ပံ့ပိုးကူညီနိုင်သွားနိုင်ရေး စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း တိုက်တွန်းမှာကြားသည်။…