ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားတက္ကသိုလ်ဘာသာရပ်ပေါင်းစုံ အမျိုးသား/ အမျိုးသမီး ဘောလုံးပြိုင်ပွဲအား တက်ရောက်ဖွင့်လှစ်အားပေး
မြစ်ကြီးနား ဇူလိုင် ၂၃ ကချင်ပြည်နယ်၊ မြစ်ကြီးနားတက္ကသိုလ်၌ ၂၀၂၂ – ၂၀၂၃ ပညာသင်နှစ်၊ ဘာသာရပ်ပေါင်းစုံ အမျိုးသား/ အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားကို ဇူလိုင် ၂၂ ရက် ညနေ ၃ နာရီခွဲက တက္ကသိုလ်ဘောလုံးကွင်း၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူ များနှင့်အတူ တက်ရောက်ဖွင့်လှစ်အားပေးခဲ့ကြသည်။ ရှေးဦးစွာ ဇူလိုင် ၂၂ ရက်မှ သြဂုတ် ၅ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည့် ဘာသာရပ် ပေါင်းစုံမှ ပြိုင်ပွဲဝင်အမျိုးသားဘောလုံးအသင်း (၁၀)သင်းနှင့် အမျိုးသမီးဘောလုံးအသင်း (၅)သင်း တို့မှ အားကစားသမားများအား ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ တက္ကသိုလ်တွင် ကျင်းပပြုလုပ်မည့် အမျိုးသား/ အမျိုးသမီးဘောလုံးပြိုင်ပွဲသည် အားကစားကဏ္ဍကို မြှင့်တင်နိုင်သည့် အလေ့အကျင့် ကောင်းတစ်ခုဖြစ်သည့်အပြင်…