
ကချင်ပြည်နယ်ဝန်ကြီးချုပ် ၂၀၂၁-၂၀၂၂ ခုနှစ်၊ (၆)လဘဏ္ဍာရေးနှစ် ပြည်နယ်အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများ သတ်မှတ်ဘဏ္ဍာရေးနှစ်အတွင်း အချိန်မီပြီးစီးနိုင်ရေး ဌာနဆိုင်ရာများ၊ ကုမ္ပဏီလုပ်ငန်းရှင်များနှင့် ညှိနှိုင်းဆွေးနွေး
မြစ်ကြီးနား မတ် ၈ ကချင်ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ၂၀၂၁-၂၀၂၂ခုနှစ်၊(၆)လဘဏ္ဍာရေးနှစ်ပြည်နယ် အစိုးရအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများ သတ်မှတ်ဘဏ္ဍာရေးနှစ် အတွင်း အချိန်မီပြီးစီးနိုင်ရေး ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ကုမ္ပဏီလုပ်ငန်းရှင်များနှင့်လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို မတ် ၈ ရက် မွန်းလွဲ ၁ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက်အမှာစကားပြောကြားသည်။ ညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းများဆောင်ရွက်ရာတွင် သတ်မှတ်ဘဏ္ဍာနှစ်အလိုက် ဥပဒေလုပ်ထုံးလုပ်နည်း၊ အမိန့် ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်နယ်အတွင်း ယခု(၆)လဘဏ္ဍာ ရေးနှစ်၌ လုပ်ငန်းပေါင်း ၄၂ ဆောင်ရွက်လျက်ရှိရာ လုပ်ငန်းများ အချိန်မီပြီးစီးနိုင်ရေးအတွက် ကြပ်မတ်ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့်လည်း မြေပြင်အခြေ အနေအရ ကြုံတွေ့ရသည့် အခက်အခဲများရှိကြမည်ကို နားလည်သော်လည်း ဥပဒေလုပ်ထုံး လုပ်နည်းအရ…