တနိုင်းမြို့၌ စစ်ရှောင်စခန်းနေအိမ်ထောင်စု (၂၆)စုအတွက် ပြန်လည်နေရာချထားရေးနေရာသစ် ဖွင့်လှစ်ပေးပြီး ထောက်ပံ့ပစ္စည်းများပေးအပ်
မြစ်ကြီးနား အောက်တိုဘာ ၂၂ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့ RC စစ်ရှောင်စခန်းတွင် ခိုလှုံနေသော နမ်ခမ်း အင်္ဂါဂါးကျေးရွာများမှ စစ်ရှောင်အိမ်ထောင်စု (၂၆)စုတို့အား ပြန်လည်နေရာချထားပေးနိုင်ရေးအ တွက် တနိုင်းမြို့၊ ကင်ဆားရာရပ်ကွက် မြို့ရှောင်လမ်းတွင် ဆောက်လုပ်ပြီးစီးသော နေရာသစ်ဖွင့်ပွဲ နှင့် ထောက်ပံ့ပစ္စည်းများ ပေးအပ်ပွဲကို အောက်တိုဘာ ၂၂ ရက်၊ နံနက် (၁၀)နာရီတွင် ကျင်းပ ပြုလုပ်သည်။ စစ်ရှောင်အိမ်ထောင်စုများ ပြန်လည်ပြောင်းရွေ့နေရာချထားပေးမည့် နေရာသစ်ဖွင့်ပွဲသို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် စိုက်ပျိုးမွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဦးကျော်ကျော်ဝင်း၊ လူဝင် မှုကြီးကြပ်ရေးနှင့်လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးဇော်ဝင်းနှင့် ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများတက်ရောက်ခဲ့ကြပြီး နေရာသစ်ကို ကတ်သလစ်ဂိုဏ်းချုပ်ဆရာတော် ဖရန်စစ်ဒေါ့တန်က မုဒ်ဝအဖွင့်ကောင်းချီးပေးဆုတောင်းပြီး ပြည်နယ်ဝန်ကြီးများနှင့် ဆရာတော်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြကာ ပြည်နယ်ဝန်ကြီးများနှင့် မြစ်ကြီးနားမြို့ဂရုဏာလူမှုစည်းရုံးညီညွတ်ရေး ဒါရိုက်တာ ဖာသာဆန်ဆွန်၊ KHCC ဥက္ကဋ္ဌ၊ […]ဆက်လက်ဖတ်ရှူရန်