ကချင်ပြည်နယ် ဝန်ကြီးချုပ်က မြစ်ကြီးနားမြို့ပေါ်ရှိ ကိုဗစ်-၁၉ အတည်ပြု လူနာများ ပြုစုစောင့်ရှောက်ရေး စခန်းများသို့ ကိုဗစ်ကာကွယ်ရေး သုံးပစ္စည်းများနှင့်
မြစ်ကြီးနား နိုဝင်ဘာ ၅ ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများကို အရပ်ဖက် အဖွဲ့အစည်းများ ဘာသာရေးအဖွဲ့အစည်းများဖြင့် ချိတ်ဆက် ပူးပေါင်းဆောင်ရွက် လျက်ရှိရာ နိုဝင်ဘာလ ၄ ရက်နေ့ မွန်းလွှဲ ၂ နာရီတွင် ပြည်နယ် ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့်အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ပေါ်ရှိ ကတ်သလစ်အသင်းတော်ပိုင် ကိုဗစ်-၁၉ အတည်ပြုလူနာများ ပြုစုစောင့်ရှောက်ရေး စခန်းများသို့ သွားရောက်ပြီး ကိုဗစ်-၁၉ ကာကွယ်ရေးသုံး ပစ္စည်းများနှင့် ထောက်ပံ့ငွေများ ကို ပေးအပ်ခဲ့သည်။ ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာ ဝန်ကြီး ဦးတိန့်ဆောင်၊ လူမှုရေးရာဝန်ကြီး ဦးဝင်းရဲထွန်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ အောင်နန်း ရပ်ကွက်ရှိ စိန်ကိုလန်ဘန်ကဒီဒြယ် ကတ်သလစ် အသင်းတော်ပိုင် ကိုဗစ်-၁၉ အတည်ပြုလူနာများ ပြုစု စောင့်ရှောက်ရေး စခန်း၌ […]Read More